Monday, January 20, 2025

မြန်မာကျောင်းသားများ ပညာရေးလမ်းကြောင်းများ ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန်...

မြန်မာကျောင်းသားများ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များ၊ ပညာရေးလမ်းကြောင်းများနှင့် သင်တန်းများကို ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန် ရန်ကုန်မြို့၌ ၂၀၂၅ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို...

တရုတ်(တိုင်ပေ)နှင့် ဗီယက်နမ်အသင်းတို့၏ အုပ်စုအဆင့်ဗိုလ်လုပွဲ သရေရလဒ်ထွက်ပေါ်

AFC Women's Futsal Asian Cup 2025 ခြေစစ်ပွဲ အုပ်စုအဆင့်ဗိုလ်လုပွဲကို ယနေ့ ဇန်နဝါရီ (၁၉)ရက် မွန်းလွဲ(၂)နာရီ ၌...

အင်းစိန် ကွယ်ကဘောဆေးရုံတည်ထောင်သူ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်...

အင်းစိန်မြို့နယ်ရှိ ကွယ်ကဘောဆေးရုံကို တည်ထောင်ခဲ့သူ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ စောဆိုင်မွန်သာသည် ဇန်နဝါရီလ (၁၈) ရက် ညပိုင်းက...

အီရန်ကမြေအောက်ရေတပ်စခန်းကို ထုတ်ဖော်ပြသ

တေရန်၊ဇန်နဝါရီ ၁၉ အီရန်နိုင်ငံ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ရေတပ်သည် တိုက်ခိုက်ရေးရေယာဉ်များ အများအပြားထားရှိနိုင်သော မြေအောက်‌ေရတပ်အခြေစိုက်စခန်းတစ်ခုကို ထုတ်ဖော်ပြသလိုက်ကြောင်း IRGC ၏ တရားဝင်သတင်းထုတ်ပြန်ချက် Sepah...
HomeNewsLocal Newsယခုဘဏ္ဍာနှစ်အတွင်း ကျေးရွာပေါင်း (၉၇၄)...

ယခုဘဏ္ဍာနှစ်အတွင်း ကျေးရွာပေါင်း (၉၇၄) ရွာ၌ ရေရရှိရေး လုပ်ငန်းပေါင်း (၁,၀၅၅)ခုကို (၂၈)ဘီလီယံကျော်ဖြင့် ဆောင်ရွက်သွားမည်

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေနှင့် တိုင်းဒေသကြီး ရန်ပုံငွေ (၂၈)ဘီလီယံကျော်ဖြင့် ကျေးရွာပေါင်း (၉၇၄) ရွာ၌ ရေရရှိရေး လုပ်ငန်းပေါင်း (၁,၀၅၅)ခုကို ဆောင်ရွက်သွားရန် လျာထားကြောင်း သိရသည်။

အဆိုပါ ကျေးလက်ရေ ရရှိရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွင်းတိမ်တူးခြင်း၊ တွင်းနက်တူးခြင်း၊ မြေသား ရေကန်တူးဖော်ခြင်း၊ စိမ့်စမ်းရေသွယ်ခြင်း လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်လည်း ပြည် ထောင်စု ရန်ပုံငွေနှင့် တိုင်းဒေသကြီး/ ပြည်နယ်ရန်ပုံငွေတို့ဖြင့် ကျေးရွာပေါင်း ၁၈၅၈ ရွာတွင် လုပ်ငန်းပေါင်း ၂၀၅၈ ခုကို ကုန်ကျငွေ ၃၉ ဘီလီယံဖြင့် ဆောင်ရွက်ခဲ့သည်။

ယခုနှစ် ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေဖြင့် ကျေးရွာပေါင်း ၅၅၃ ရွာ၌ တွင်းတိမ် ရေစက်(၂) ခု၊ တွင်းနက် (၂၃၆) ခု၊ လက်တူးတွင်း (၃၉) ခု၊ မြေသား ရေကန်(၇၈)ကန်၊စိမ့်စမ်းရေသွယ်ခြင်း လုပ်ငန်း (၉၀) ခု ၊အခြားဆက်စပ် လုပ်ငန်း (၉၆) ခု၊ စုစုပေါင်း (၅၈၁) ခုကို ကုန်ကျငွေ (၁၄) ဘီလီယံကျော်ဖြင့် ဆောင်ရွက်ရန် လျာထားပြီးဖြစ်ကြောင်း သိရသည်။

ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးလက်ရေ ရရှိရေး စီမံကိန်းများအနေဖြင့် ကျေးရွာပေါင်း (၄၂၁) ရွက်တွင် တွင်းတိမ်တူးခြင်း (၃၀) ခု၊ တွင်းနက်တူးခြင်း (၆၄) ခု၊ လက်တူးတွင်း (၂၂) ခု၊ မြေသားရေကန်တူးဖော်ခြင်း (၈၂) ကန်၊ စိမ့်စမ်းရေးသွယ်တန်းခြင်းလုပ်ငန်း (၈၈) နှင့် အခြားဆက်စပ်လုပ်ငန်း (၁၈၈) ခု ၊ စုစုပေါင်းလုပ်ငန်းပေါင်း (၄၇၄) ခုတို့ကို ကုန်ကျငွေ (၁၃) ဘီလီယံကျော်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိကာလအထိ လုပ်ငန်းဆောင်ရွက်နေမှုတွင် ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းပေါင်း (၅၈၁) ခုအနက် လုပ်ငန်း(၂၁၀) ခုသာ စတင်ဆောင်ရွက်နိုင်သေးပြီး တိုင်းဒေသကြီးပြည်နယ် ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းပေါင်း (၄၇၄) ခုအနက် လုပ်ငန်းပေါင်း (၈၀) ခုကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာကျောင်းသားများ ပညာရေးလမ်းကြောင်းများ ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို (၂)ရက်တာ ကျင်းပ

မြန်မာကျောင်းသားများ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များ၊ ပညာရေးလမ်းကြောင်းများနှင့် သင်တန်းများကို ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန် ရန်ကုန်မြို့၌ ၂၀၂၅ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို (၂)ရက်တာ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ၂ဝ၂၅ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို ယမန်နေ့ ဇန်နဝါရီ (၁၈) ရက် နံနက်ပိုင်းက The Eravati Sule Grand Yangon Hotel ၌ ကျင်းပခဲ့ရာ ဖွင့်ပွဲကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အခမ်းအနားတက်ရောက်လာကြသူများက ခန်းမအတွင်းပြသထားသော...

တရုတ်(တိုင်ပေ)နှင့် ဗီယက်နမ်အသင်းတို့၏ အုပ်စုအဆင့်ဗိုလ်လုပွဲ သရေရလဒ်ထွက်ပေါ်

AFC Women's Futsal Asian Cup 2025 ခြေစစ်ပွဲ အုပ်စုအဆင့်ဗိုလ်လုပွဲကို ယနေ့ ဇန်နဝါရီ (၁၉)ရက် မွန်းလွဲ(၂)နာရီ ၌ တရုတ်(တိုင်ပေ)နှင့် ဗီယက်နမ်အသင်းတို့၏ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်(၂) ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။ ပထမပိုင်းပွဲချိန်အတွင်း (၂)ဂိုး(၁) ဂိုးဖြင့် တရုတ်(တိုင်ပေ) အသင်းက ဦးဆောင်ခဲ့သော်လည်း ဒုတိယပိုင်း ပွဲချိန်အတွင်း ဗီယက်နမ်အသင်းက ချေပဂိုး(၁)ဂိုးသွင်းယူ၍ သရေရလဒ်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ တရုတ်(တိုင်ပေ)အသင်းသည် အုပ်စုအဖွင့်ပွဲစဥ်၌ မကာအိုအသင်းကို (၁၈)ဂိုး ပြန်ဖြင့် သွင်းယူထားနိုင်ပြီး၊ ဗီယက်နမ်အသင်းသည် မြန်မာအသင်းကို (၅)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိထားသည်။ ထို့အတူ...

အင်းစိန် ကွယ်ကဘောဆေးရုံတည်ထောင်သူ ဦးနှောက်နှင့် အာရုံကြောခွဲစိတ် အထူးကုဆရာဝန်ကြီး ဒေါက်တာ စောဆိုင်မွန်သာ ကွယ်လွန်

အင်းစိန်မြို့နယ်ရှိ ကွယ်ကဘောဆေးရုံကို တည်ထောင်ခဲ့သူ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ စောဆိုင်မွန်သာသည် ဇန်နဝါရီလ (၁၈) ရက် ညပိုင်းက အမေရိကန်ပြည်ထောင်စု ၊ မေရီလန်းပြည်နယ်၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။ ဒေါက်တာဆိုင်မွန်သာသည် လွန်ခဲ့သည့် ၂၀၀၂ -၂၀၀၃ ခုနှစ်က ကရင်အမျိုးသား အစည်းအရုံး(KNU) နှင့် တပ်မတော်အစိုးရတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရေး ကြားဝင်ညှိနှိုင်းပေးခဲ့ဖူးသူဖြစ်သလို အမျိုးသားညီလာခံသို့ တက်ရောက်ခွင့်ရခဲ့သူလည်း ဖြစ်သည်။ ဒေါက်တာဆိုင်မွန်သာသည် ကွန်လွန်ချိန်တွင် အသက် (၈၃) နှစ်ရှိပြီဖြစ်ပြီး သင်္သာတမြို့တွင် မွေးဖွားခဲ့သူဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် ရန်ကုန်ဆေးတက္ကသိုလ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071