ယခုနှစ်သရက်သီးများအားပြည်ပသို့တင်ပို့ရန် ခရီးစရိတ်မြင့်မားမှုများရှိသကဲ့သို့ နယ်စပ်မှ တင်ပို့မည်ဆိုပါက လမ်းခရီးကြန့်ကြာမှုကြောင့် ဈေး ကွက်ထဲသို့ ရောက်ရှိချိန်တွင် အသီးမလှတော့ဘဲ နာသွားနိုင်သည့် အခြေအနေဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ဖြစ်ခဲ့ပါက ဈေးကောင်းမရရှိနိုင်ခြင်းတို့ကြောင့် ပြည်တွင်းဈေးကွက်ကို ပိုမိုအားထားရဖွယ် ရှိနေပြီး အခြေ အနေကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း သိရသည်။
” ဒီနှစ်ကတော့ ပြည်တွင်းဈေးကွက်ကိုပဲ အားထားရမယ့်သဘောရှိတယ်။ အရင်နှစ်တွေကတော့ ပြည်တွင်းရော ပြ ည် ပရောသွားတယ်။ တရုတ်ဈေးကွက်ကတော့ သွားတာအများဆုံးပေါ့။ အခုတရုတ်ကိုတောင် သိပ်မသွားနိုင်ဘူးဆိုရင် သွားရင်လည်းစရိတ်ကကြီးလွန်းလို့ တောင်သူတွေ တောင်သူတွေ သိပ်အဆင်မပြေဘူး”ဟု မြန်မာနိုင်ငံသရက်သီးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
လက်ရှိပြည်တွင်း သရက်ဈေးကွက်၌ ၁၅၀ ဂရမ်အရွယ်ရှိစိန်တစ်လုံးသရက်သီး တစ်တန်ကို ကျပ် (၁၂) သိန်း၊ (၁၃) သိန်းခန့်ရှိကာ ဂရမ်အလိုက်ကွာခြားပြီး သရက်သီးတစ် တန်လျှင် ဈေးနှုန်းကျပ် (၁၇) သိန်း၊ (၁၈) သိန်းခန့်အထိ ရှိနေကြောင်း သိရသည်။
ယင်းအပြင် ယခုနှစ်အတွင်း တောင်သူများအနေဖြင့် မြေ ဩဇာဈေးနှုန်း၊ အလုပ်သမားငှားရမ်းရမှု အစရှိသဖြင့် ကုန် ကျစရိတ်မှာလည်း ယခင်ကထက် ပိုမိုမြင့်မားနေကြောင်း ဆိုကြသည်။