Sunday, December 7, 2025

(၁၈)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်စတင်ဖွင့်လှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၏ (၁၈)ကြိမ်မြောက်ပန်းပွဲ တော် "IMMERSIVE FLOWERS FESTIVAL"အား ယနေ့ ဒီဇင်ဘာ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများ၊...

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့...

မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြိုသစ်ရပ် ဗန္ဓုလစျေး အပေါ်ထပ်တွင် ဒီဇင်ဘာလ (၅)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများသည်စျေးကြီး...

ငလျင်ကြောင့် ပျက်ဆီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်...

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  စစ်ကိုင်းမြို့၊ စူဠာမဏီ ကောင်းမှုတော် စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် အကြီးစားပြန်လည်ပြင်ဆင်နေရကြောင်း သိရသည်။ စေတီတော်ကြီး လုံးတော်ပြည့်ပြင်ဆင်နေသလို စေတီတော်ရင်ပြင်ရှိ သာသနိက အဆောက်အဦများကို...
HomeNewsLocal Newsယခုနှစ်အတွင်း စစ်တွေမြို့နယ်က လုပ်ငန်း...

ယခုနှစ်အတွင်း စစ်တွေမြို့နယ်က လုပ်ငန်း (၁၁၀)၌ ကောက်ယူခဲ့သည့် စစ်တမ်းအရ ကလေးလုပ်သား(၁၆)ဦးတွေ့ရှိ

၂၀၂၅-၂၀၂၆ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုပ်ငန်းကဏ္ဍ (၂) ခုနှင့် နမူနာလုပ်ငန်းပေါင်း (၁၁၀) ကို ကောက်ယူခဲ့သည် ကလေးလုပ်သားစစ်တမ်းအစီရင်ခံစာအရ ကလေးလုပ်သား (၁၆)ဦး တွေ့ရှိရပြီး (၃) ဦးသည် စားဝတ်နေရေး အခက်အခဲကြောင့် အန္တရာယ်ရှိသောလုပ်ငန်းခွင်တွင် လုပ်ကိုင်နေရသည်ကို တွေ့ရှိရကြောင်း ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ပြောသည်။

ယနေ့ ပြုလုပ်သည့် ရခိုင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေးလုပ်ငန်းကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ၌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

ယနေ့ကမ္ဘာတွင် ရာသီဉတုပြောင်းလဲမှုအကျိုးဆက်အဖြစ် ပေါ်ပေါက်လာသည့် သဘာဝဘေးအန္တရာယ်နှင့် ပြည်တွင်းပဋိပက္ခများကြောင့် စားရေရိက္ခာရှားပါးလာခြင်း၊ လူမှုစီးပွားဘဝ အကြပ်အတည်းများနှင့် ရင်ဆိုင်လာရခြင်းကြောင့် ကလေးများအတွက် ပညာသင်ကြားရေးကို အဟန့်အတား ဖြစ်စေပြီး ကလေးများကို အရွယ်မတိုင်ခင် လုပ်ငန်းခွင်သို့ ရောက်စေသည်ကိုတွေ့ရှိရမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောကြားခဲ့သည်။

ထိုပြင် ကလေးအလုပ်သမားများ များပြားလာခြင်းသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် ဖြစ်ပေါ်နေသည့် လူမှုရေးပြဿနာဖြစ်ပြီး ကမ္ဘာ့စစ်တမ်းများအရ ဆင်းရဲနွမ်းပါးမှု တစ်ရာခိုင်နှုန်းတိုးလာတိုင်း နိုင်ငံတိုင်းမှာ ကလေးအလုပ်သမားအနည်းဆုံး ၈ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ပေါ်စေကြောင်းလည်း ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ပြောသည်။

မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ပြဌာန်းချက်တစ်ခုဖြစ်သည့် အလုပ်လုပ်နိုင်သည့် အနိမ့်ဆုံးအသက်အရွယ်သတ်မှတ်ချက်နှင့်စပ်လျဉ်း၍ တစ်စိုက်မတ်မတ် လုပ်ဆောင်ရေးကို ၂၀၂၀ ဇွန်လက သဘောတူလက်မှတ်ရေးထိုးထားခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံသည် အဆိုပါပြဋ္ဌာန်းချက်ကို သဘောတူလက်မှတ်ရေးထိုးသည့် ၁၇၈ မြောက်နိုင်ငံဖြစ်လာပြီး ၂၀၂၀ ခုနှစ်က UNICEF စာရင်းများအရ အသက် ၅ နှစ်မှ ၁၇ နှစ်အရွယ် ကလေးအလုပ်သမား ၉.၃ ရာခိုင်နှုန်းနှင့် ဘေးအန္တရာယ်ရှိသော လုပ်ငန်း်ခွင်တွင် လုပ်ကိုင်နေရသော ကလေးအလုပ်သမားပေါင်း (၆) သိန်းကျော်ရှိကြောင်း လည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၁၈)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်စတင်ဖွင့်လှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၏ (၁၈)ကြိမ်မြောက်ပန်းပွဲ တော် "IMMERSIVE FLOWERS FESTIVAL"အား ယနေ့ ဒီဇင်ဘာ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး နိုင်ငံကျော်တေးသံရှင်များဖြစ်သော ဖိုးသောကြာ၊ မေသက်ထားဆွေတို့အပါအဝင် တေးသံရှင်များကသီဆိုဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ညပိုင်းတွင်လည်း နိုင်ငံကျော်တေးသံရှင်များက သီဆိုဖျော်ဖြေလျက်ရှိကာ ပန်းပွဲတော်အား ယနေ့ ဒီဇင် ဘာ ၆ ရက်မှ ဇန်နဝါရီ ၄ ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၆ ရက်မွန်းလွဲပိုင်းက ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ် သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအားတွေ့ဆုံ၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ တောင်လှေကားမြို့၊ ပန်းမြို့တော်၊ ချယ်ရီမြို့တော်ဟု တင်စားခေါ်ဝေါ်သည့် ပြင်ဦးလွင်မြို့အား ခေတ်အ ဆက်ဆက်တာဝန်ရှိများက မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းများကို နည်းလမ်းမျိုးစုံဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပြီး တပ်မတော်အနေဖြင့်လည်းတတ် နိုင်သည့်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်ခဲ့သည်ဟု ပြော သည်။ " ပြင်ဦးလွင်မြို့ကို...

မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆန္ဒရှင် ပြည်သူများနှင့်တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြိုသစ်ရပ် ဗန္ဓုလစျေး အပေါ်ထပ်တွင် ဒီဇင်ဘာလ (၅)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများသည်စျေးကြီး (၈) စျေးမှ စျေးကော်မတီများနှင့် တွေ့ဆုံကာ စျေးအတွင်း လက်ကမ်းစာစောင်များဝေခဲ့ကြောင်း သိရသည်။ ထို့ပြင် နေ့လယ်ပိုင်းတွင် မုံရွာမြို့၊ ထန်းတောရပ်ကွက်တွင် မဲဆန္ဒရှင် ပြည်သူ (၂၀၀) ဦးခန့်နှင့်တွေ့ဆုံကာ ကိုယ်စားလှယ်လောင်း မိတ်ဆက်ခြင်း၊ မဲပေးနည်းရှင်းလင်းခြင်း နှင့် လက်ကမ်းစာစောင်ဝေခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071