Wednesday, May 21, 2025

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများသို့ အနောက်တောင်မုတ်...

မြန်မာနိုင်ငံအနှံ ဖြတ်သန်းဝင်ရောက်ကာ နိုင်ငံအနှံ မိုးရွာသွန်းစေသည့် အနောက်တောင်မုတ်သုန်လေသည် ယနေ့ မေလ (၂၁) ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ စတင်ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ...

ယူကရိန်းနှင့်ထပ်မံဆက်သွယ်ဆောင်ရွက်ဖို့အဆင်သင့်ရှိ–မော်စကို

မော်စကို၊မေ ၂၀ မော်စကိုအနေဖြင့် ကိဗ်နှင့်ဆက်လက်ဆက်သွယ်ဆောင်ရွက်သွားရန်အဆင်သင့်ရှိနေပြီး ဖြစ်နိုင်ခြေရှိသည့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ်ကိုလည်း အဆိုပြုတင်ပြသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။ ရုရှားအနေဖြင့် နှစ်ဖက်ပဋိပက္ခအကျပ်အတည်းအတွက် မျှတပြီးနောက်ဆုံးဖြစ်မည့် ဖြေရှင်းရေးနည်းလမ်းအား ဖော်ဆောင်လိုသည့် ၎င်း၏ဆန္ဒကိုထပ်‌လေ-ာင်းအတည်ပြုပြောကြားခဲ့ကာ ပဋိပက္ခဖြေရှင်းနိုင်ရန်အတွက်...

ကျောင်းအပ်နှံရေး သီတင်းပတ်ကာလ သတ်မှတ်

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်ကာလကို မေလ (၂၂) ရက်မှ ဇွန်လ (၁) ရက်အထိသတ်မှတ်ထားကြောင်း သိရသည်။ ကျောင်းအပ်နှံရာတွင်လည်း...

မတူကွဲပြားမှုများကို ဆွေးနွေးခြင်းဖြင့် ဖြေရှင်းမည့်အိန္ဒိယနှင့်ပါကစ္စတန်ကို တရုတ်ကကြိုဆိုထောက်ခံ

ပေကျင်း၊မေ ၂၀ ပါကစ္စတန်နှင့်အိန္ဒိယတို့သည် ၎င်းတို့အကြားရှိမတူကွဲပြားမှုများကို ဆွေးနွေးခြင်းနည်းလမ်းဖြင့် ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့် ပြီးပြည့်စုံသော ရေရှည်တည်တံ့မည့် အပစ်အခတ်ရပ်စဲရေးကို ရရှိရန် ကြိုးပမ်းမည့်အပေါ် ကြိုဆိုထောက်ခံသည်ဟုတရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့်...
HomeNewsLocal Newsယခုနှစ်ကြံရာသီတွင် ကြံတစ်တန်ကို ၉၅၀၀၀...

ယခုနှစ်ကြံရာသီတွင် ကြံတစ်တန်ကို ၉၅၀၀၀ ကျပ်ဈေးဖြင့် ဝယ်ယူမည်

၂၀၂၂-၂၀၂၃ ကြံရာသီတွင် ကြံတစ်တန်လျှင် (၉၀၀၀၀) ကျပ်ဈေးဝယ်ယူခဲ့ရာမှ ယခုကြံတစ်တန်လျှင် (၉၅၀၀၀) ကျပ်ဈေးဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း ငွေရည်ပုလဲသကြားကုမ္ပဏီမှ အသိပေးကြေညာထားသည်။

အဆိုပါ တိုးမြှင့်ငွေ (၅၀၀၀) ကျပ်ကို ကြံရာသီပြီးမှသာထုတ်ပေးမည်ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင်လည်း မြန်မာနိုင်ငံကထွက်ရှိသည့်သကြားတွေကို ပြည်ပနိုင်ငံအချို့က ဝယ်ယူရန်ကမ်းလှမ်းမှုတွေရှိနေကြောင်းလည်းသိရသည်။

လက်ရှိတွင် ဗီယက်နမ်နိုင်ငံ တစ်ခုတည်းကိုသာ မြန်မာ့သကြား တန်ချိန် (၄) သောင်းခွဲ တင်ပို့ရောင်းချရန် စာချုပ်ချုပ်ဆိုထားပြီး တန်ချိန် (၅၀၀၀) ခန့်သာ တင်ပို့ရသေးကြောင်း၊ ပြည်တွင်း၌ သကြားစားသုံးမှုမြင့်တက်လာသည့်အပြင် ပြည်ပကနေလည်း တင်သွင်းမှုလျော့နည်းလာခြင်းကြောင့် ယခုနှစ်တွင် ပြည်ပသို့ သကြားတင်ပို့မှု လျော့နည်းသွားခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ကြံရာသီတွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်း ကသာမြို့တွင် တန် ၁၂၀၀၀ နှင့် တန် ၅၀၀၀ သကြားစက်များ လည်ပတ်နေတာကြောင့် လာမည့်နှစ်တွေကစပြီး ပြည်တွင်းသကြားထုတ်လုပ်မှု မြင့်တက်လာနိုင်ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် သကြားထုတ်လုပ်မှု တန်ချိန် ၄ သိန်းခွဲခန့်ရှိပြီး အစောပိုင်းကာလများတွင် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းတွေကနေတစ်ဆင့် တရုတ်နိုင်ငံကို တင်ပို့ရောင်းချခဲ့သော်လည်း လက်ရှိတွင် ဗီယက်နမ်နိုင်ငံတစ်ခုတည်းကိုသာ ပင်လယ်ရေကြောင်းကနေ တင်ပို့ရောင်းချနေပြီး တရုတ်ကိုတော့ ကြံအချောင်းလိုက်တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများသို့ အနောက်တောင်မုတ် သုံလေ စတင်ဝင်ရောက်

မြန်မာနိုင်ငံအနှံ ဖြတ်သန်းဝင်ရောက်ကာ နိုင်ငံအနှံ မိုးရွာသွန်းစေသည့် အနောက်တောင်မုတ်သုန်လေသည် ယနေ့ မေလ (၂၁) ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ စတင်ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။ အနောက်တောင်မုတ်သုန်လေသည် ပြီးခဲ့သည့် မေလ (၁၃) ရက်က မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ စတင်ဝင်ရောက်ခဲ့ပြီး မေလ (၁၇) ရက်တွင် မြစ်ဝကျွန်းပေါ်ဒေသများသို့ ဖြတ်သန်းဝင်ရောက်ခဲ့ပြီးဖြစ်သည်။ အဆိုပါ မုတ်သုန်လေဝင်ရောက်မှုအရှိန်နှင့် လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ယနေ့မွန်းတည့် (၁၂) နာရီမှ မွန်းလွဲ (၁) နာရီအတွင်း မိုးကုတ်၊ မိုးမိတ်၊ မိုင်းလုံး၊ မိုင်းငေါ့၊ လားရှိူး၊...

ယူကရိန်းနှင့်ထပ်မံဆက်သွယ်ဆောင်ရွက်ဖို့အဆင်သင့်ရှိ–မော်စကို

မော်စကို၊မေ ၂၀ မော်စကိုအနေဖြင့် ကိဗ်နှင့်ဆက်လက်ဆက်သွယ်ဆောင်ရွက်သွားရန်အဆင်သင့်ရှိနေပြီး ဖြစ်နိုင်ခြေရှိသည့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ်ကိုလည်း အဆိုပြုတင်ပြသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။ ရုရှားအနေဖြင့် နှစ်ဖက်ပဋိပက္ခအကျပ်အတည်းအတွက် မျှတပြီးနောက်ဆုံးဖြစ်မည့် ဖြေရှင်းရေးနည်းလမ်းအား ဖော်ဆောင်လိုသည့် ၎င်း၏ဆန္ဒကိုထပ်‌လေ-ာင်းအတည်ပြုပြောကြားခဲ့ကာ ပဋိပက္ခဖြေရှင်းနိုင်ရန်အတွက် ပြဿနာဖြစ်ရသည့်အရင်းခံအကြောင်းများကို မဖြေရှင်းဘဲပဲ ပဋိပက္ခကိုမ‌ဖြေရှင်း နိုင်ကြောင်း ၎င်းက ‌ပြောကြားခဲ့သည်။ ခရမ္မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ငြိမ်းချမ်းရေးစာချုပ်နှင့်အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်နိုင်ရန်အတွက် နှစ်ဖက်အဆက်အသွယ်များပြုလုပ်ဖို့ ရုရှားရောကိဗ်ပါအဆင်သင့်ပြင်ဆင်ထားရန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။ ရုရှားနှင့်ယူကရိန်းကြားရှိ ထိတွေ့ဆက်သွယ်မှု အသစ်များကို လက်ခံကြိုဆိုကြောင်း ၎င်းကပြောကြားခဲ့သော်လည်း နားလည်မှုစာချွန်လွှာကို အပြည့်အဝအကောင်အထည်ဖော်နိုင်ရေးအတွက် ရက်သတ်မှတ်ထားခြင်းမျိုးမရှိကြောင်း ပြောကြားခဲ့သည်။ ပြီးခဲ့သည့်တနင်္လာနေ့ကလည်း ရုရှားသမ္မတနှင့်အမေရိကန်သမ္မတတို့သည် မကြာသေးမီကအစ္စတန်ဘူလ်၌ပြုလုပ်ခဲ့သည့် ရုရှား-ယူကရိန်းတွေ့ဆုံဆွေးနွေးမှုနှင့်နှစ်ဖက်ကြားပဋိပက္ခအရေးများနှင့်ပတ်သက်၍ တယ်လီဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြသေးသည်။ Source : ရှင်းဟွာ

ကျောင်းအပ်နှံရေး သီတင်းပတ်ကာလ သတ်မှတ်

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်ကာလကို မေလ (၂၂) ရက်မှ ဇွန်လ (၁) ရက်အထိသတ်မှတ်ထားကြောင်း သိရသည်။ ကျောင်းအပ်နှံရာတွင်လည်း မည်သည့်အခကြေးငွေမျှ ပေးစရာမလိုကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးဖြစ်သည်။ ကျောင်းအုပ်ဆရာ၊ ဆရာမများ အားလုံးအပါအဝင် အရာထမ်း၊ အမှုထမ်းအားလုံးအနေဖြင့် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/လက်ခံခြင်းမပြုရန်၊ ငွေကြေး/လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံခြင်းမပြုရန်၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းကို မပြုလုပ်ရန် အသိပေးထားသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းအပ်နှံသည့်ကျောင်း သား၊ ကျောင်းသူများကို ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများကိုလည်းအခမဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071