ယခုတစ်ပါတ်တွင်လည်း စားအုန်းဆီရည်ညွှန်းဈေးကို တစ်ပိဿာ (၅၂၂၀) ကျပ်သတ်မှတ်ထားပြီး ယခင်တစ်ပါတ်ရည် ညွှန်းဈေးဖြင့် အပြောင်းအလဲမရှိသတ်မှတ်ထားခြင်းဖြစ်သ ည်။
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေး ကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ် မေလ (၆) ရက် မှ (၁၂) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက် ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် (၅၂၂၀) ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ထို့ပြင် စားအုန်းဆီများကို အပတ်စဉ်သတ်မှတ်ရည်ညွှန်းဈေးအပေါ် အမြတ်ငွေ ၂ ရာခိုင်နှုန်းသာ ထပ်ဆောင်းရော င်းချရန်နှင့် အဆိုပါဈေးနှုန်းအတိုင်း ရောင်းချရာတွင်လည်း အခြားဆီများနှင့် ရောနှောရောင်းချခြင်း မပြုလုပ်ရန် အသိ ပေး ထုတ်ပြန်ထားသည်။
ယခုအခါ ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်န ယ်အသီးသီးရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချသူတချို့သည် အပတ်စဉ် သတ်မှတ်ရည်ညွှန်းဈေးအပေါ် ဖြစ်သင့်ဖြစ်ထို က်သည့် သယ်ယူပို့ဆောင်မှုစရိတ်များအပြင် အမြတ်ရာခို င်နှုန်း မြင့်မားစွာ ထပ်ဆောင်းရောင်းချမှုများရှိကြောင်း သိရှိရသည်။
ပြည်တွင်းဈေးကွက်အတွင်း စားအုန်းဆီများကို ဝိသမလော ဘဖြင့် ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမျိုးရှိနေသည်ကို တွေ့ရှိရသည့်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသ ည်။