Sunday, March 23, 2025

မြန်မာ-အိန္ဒိယ IT ကဏ္ဍပူးပေါင်းမြှင့်တင်ရေးဆိုင်ရာ MoU...

၂၀၀၇ ခုနှစ်ကစတင်ရေးထိုးခဲ့သည့် မြန်မာ-အိန္ဒိယ IT ကဏ္ဍပူးပေါင်းမြှင့်တင်ရေးဆိုင်ရာ MoU သက်တမ်းတိုးမြှင့်စာလဲလှယ်ခြင်းကို မတ် ၂၁ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအောင်ဇေယျတက်ရောက်ခဲ့သည်။ ထိုသို့...

၂၀၂၅ ခုနှစ်သည် အပူဆုံးနှစ်များထဲမှ တစ်နှစ်ဖြစ်လာနိုင်

၂၀၂၅ ခုနှစ်သည် အပူဆုံးနှစ်များထဲမှ တစ်နှစ်ဖြစ်လာနိုင်ခြေရှိ‌ကြောင်း ရုရှားနိုင်ငံ ရာသီဥတုနှင့် ဇလဗေဒဆိုင်ရာ စင်တာ (Hydrometeorological Center) ၏ သုတေသနညွှန်ကြားရေးမှူး Roman...

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် မြန်မာဘောက်ဆင်ကစားသမားများ...

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း) အတွက် မြန်မာဘောက်ဆင်သမားများ စတင်လေ့ကျင့်ပြင်နေပြီဖြစ်ကြောင်း မြန်မာဘောက်ဆင်အဖွဲ့ချုပ်ထံက သိရသည်။ လက်ရှိ လက်ရွေးစင်ကစားသမားများအနေဖြင့်...

ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် သတ်မှတ်ရှာဖွေထားသည့်နေရာများတွင် အနိမ့်တမံများကိုအမြန်ဆောင်ရွက်ရန် နစက...

ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် သတ်မှတ်ရှာဖွေထားသည့်နေရာများတွင် အနိမ့်တမံများကိုအမြန်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မတ် ၂၂ ရက်နံနက်ပိုင်းက နေပြည်တော်၌ ကျင်းပသည့်...
HomeNewsLocal Newsမန္တလေးနှင့် နေပြည်တော် အိမ်ခြံမြေ...

မန္တလေးနှင့် နေပြည်တော် အိမ်ခြံမြေ ဈေးကွက် အနည်းငယ် ပြန်လည် လှုပ်ခတ်လာ

မန္တလေး အိမ်ခြံမြေ ဈေးကွက် တွင် အရောင်းထက် အငှားက ပိုမိုဖြစ်ပေါ်နေပြီး မြို့တွင်း အချက် အချာကျ နေရာများတွင် လုပ်ငန်း လုပ်ကိုင်ရန် နေရာ ငှားရမ်းမှုများ ပိုမိုဖြစ်နေကြောင်း မန္တလေး အိမ်ခြံ မြေ အကျိုးဆောင် များထံမှ သိရ သည်။ မန္တလေး အိမ်ခြံမြေဈေး ကွက်သည် အထူး သဖြင့် နိုင်ငံခြား စီးပွားရေး လုပ်ငန်းများ အတွက် အဆင်ပြေသော၊ အချက်အချာကျ သော နေရာများတွင် ကုမ္ပဏီနှင့် ရုံးခန်းများ အတွက် သင့်တော်သည့် နေရာများ နှင့် လုံလောက်သော အကျယ်အဝန်း ရှိသည့် မြေကွက် များသည် စီးပွားရေး လုပ်ငန်းသုံး များအဖြစ် အငှားပိုင်းတွင် ပိုမို အလုပ်ဖြစ်ကြောင်း ၄င်းတို့က ဆိုသည်။

“မန္တလေး အိမ်ခြံမြေဈေးကွက် က လောလောဆယ် မှာတော့ တစ်မြို့လုံး အနေအထားနဲ့ ခြုံကြည့် ရင် နည်းနည်းအေးတယ် လို့ပဲ ပြောရမယ်။ အငှား ဈေးကွက်က တော့ ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ အငှား ဈေးကွက် အနေအထား တစ်ခုကတော့ ဆိုင်ကြီးတွေ ဖွင့်မယ့် သူတွေ ငှားကြတာ များပါတယ်။ နိုင်ငံခြားလုပ်ငန်း ရုံးခန်းတွေ ဖွင့်ဖို့ အတွက် မြန်မာမန္တလေး ကွန်ဒိုတို့လို Ocean ဘက်လို အချက် အချာ နေရာ တွေမှာ အငှားအဖြစ် များပါတယ်။ ဒါ့အပြင် မန္တလေး အိမ်ခြံမြေ ဈေး ကွက်အတွင်းရှိ အချက်အချာ ကျတဲ့ နေ ရာတွေက မြေကွက်ကျယ် တွေက တော့ အရောင်းအဝယ် ဖြစ်နေဦး မှာဖြစ်ပြီး ၂ဝ၁၇ ခုနှစ် သင်္ကြန် မတိုင် မီ အထိကတော့ လက်ရှိ အနေ အထား တိုင်း ဖြစ်ပေါ်နေဦးမှာပါ။၊ သင်္ကြန် နောက်ပိုင်းမှာ အိမ်ခြံမြေ ဈေးကွက် ပိုမို ကောင်းမွန်လာမယ် လို့ မျှော်လင့် တယ်” ဟု ရွှေမန္တလေး အိမ်ခြံမြေအ ကျိုးဆောင် လုပ်ငန်းမှ မန်နေးဂျင်း ဒါရိုက်တာ ဦးနေလင်း အောင် က ပြောသည်။

လက်ရှိ မန္တလေး အိမ်ခြံ မြေ ဈေးကွက် အခြေ အနေသည် ရန်ကုန် နှင့် နေပြည်တော် ကဲ့သို့ပင် ရောင်းဝယ် ငှားရမ်းမှုများ ဖြစ်ပေါ်နေ ပြီး ၂ဝ၁၇ ခုနှစ် အတွင်း ပိုမို ကောင်းမွန်လာ ဖွယ် ရှိနေကြောင်းနှင့် ကာလ တစ်ခု ကြာ ထိုင်းနေသော နေပြည် တော်၏ အိမ်ခြံမြေ ဈေး ကွက် အခြေအနေ သည်လည်း ရန်ကုန်၊ မန္တလေး မြို့များကဲ့သို့ ပြန်လည် လှုပ် ရှားလာ နေပြီဖြစ်ကြောင်း အိမ်ခြံမြေ လုပ်ငန်း လုပ်ကိုင် သူများထံမှ သိရသည်။

“နေပြည်တော် အနေနဲ့ ပုပ္ဗသီရိ နဲ့၊ ဇမ္ဗူသီရိထဲက ရွှေကြာ ပင်ဘက် ကတော့ တခြားနေရာတွေ ထက် အရောင်းအဝယ် ပိုသွက်နေပါတယ်။ အခြားတန်ဖိုးကြီး အကွက်များတည် ရှိတဲ့ ဥတ္တရသီရိနဲ့ ဒက္ခိဏသီရိဘက် တွေမှာတော့ အရောင်းအဝယ် ဆက် တိုက်လိုက် လာလိုက်၊ နောက် (၂) ပတ်လောက် ငြိမ်သွား လိုက်ဖြစ်နေ တယ်။ ပုပ္ဗသီရိ ဘက်မှာတော့ပေ  ၆ဝ၊ ၈ဝ အ ကျယ် မြေကွက်တွေ ဆို သိန်း ၂ဝဝ နဲ့ ၃ဝဝ ကြားရှိပြီး သင့် တော်တဲ့ အဆောက်အအုံ ပါတဲ့အ ကွက်တွေ သွက်တယ်။ R.C ကောင်း ကောင်းပါတဲ့ ၆ဝ၊ ၈ဝ အကျယ်အ ကွက်တွေမှာပဲ R.C  တိုက် ကောင်း ကောင်းပါတဲ့ အိမ်တွေ ဆို သိန်း ၃၅ဝ နဲ့ သိန်း ၈ဝဝ ကြား အကွက်တွေ အဝယ်သွက်တယ်။ နောက် ပေ ၄ဝ၊ ၆ဝ အကျယ်မြေကွက် တွေဆိုရင် လတ်တလော ဈေးအရ သိန်း ၈ဝ ကနေ သိန်း ၁၅ဝ ပတ်ဝန်းကျင် အိမ်ပါတာရော၊ မပါတဲ့ အကွက်တွေရော အရောင်း အဝယ် သွက်ပါတယ်။ တည်နေရာ ပေါ် မူတည် ပြီး ဈေး ပြောင်းသွားတာ ရှိပါတယ်။ ရွှေကြာ ပင်အနေ နဲ့က တော့ ကျောက်မျက်ဇုန် မျက်နှာချင်း ဆိုင် အကွက်တွေက ပေ ၁ဝဝ ပတ် လည် မြေကွက်တွေက သိန်း ၁ဝဝဝ နဲ့ ၁၆ဝဝ ကြားရှိတဲ့ မြေကွက်တွေ တော်တော် အဝယ်လိုက် ပါတယ်။ သပြေကုန်း မိန်းလမ်းမကြီး တစ်ဝိုက်မှာတော့ အငှား များပါတယ်။ အဲဒီဘက်က ၂ ထပ်တိုက်၊ ၃ ထပ် တိုက်၊ ၄ ထပ်တိုက် အားလုံး နီးပါး ငှားပြီးဖြစ်ပါတယ်။ များသောအား ဖြင့်တော့ နိုင်ငံခြား ကုမ္ပဏီတွေ ငှား တာများပါတယ်” ဟု Thitsar Oo Royal  အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းပိုင်ရှင် ဦးသန်းထွန်း က ရှင်းပြသည်။

၂ဝ၁၆ ခုနှစ် အတွင်း နေပြည် တော် အိမ်ခြံမြေ ဈေးနှုန်း များသည် အတက်အကျ မရှိဘဲ ပုံမှန် အတိုင်းပဲ ရောင်းဝယ် ငှားရမ်းမှု များ ဖြစ်ပေါ် နေခဲ့ပြီး နေထိုင်ရန်နှင့် စီးပွားရေး လုပ်ငန်းများ အတွက် ဝယ်ယူမှုများ ရှိနေသော်လည်း ရောင်းလိုအားနှင့် ယှဉ်ပါက ဝယ်လို အား နည်းနေ သေးလျက်ရှိ ကြောင်းနှင့် ၂ဝ၁၇ ခုနှစ် အစော ပိုင်းတွင် အရောင်း အဝယ်များ ဆက်လက် ဖြစ်ပေါ် နေနိုင်သော် လည်း ဈေးနှုန်းများ ပုံမှန် အတိုင်း ဆက်လက်ဖြစ်ပေါ် နေနိုင်မည်ဖြစ် ကြောင်း သုံးသပ်ချက် များလည်း ရှိနေသည်။ အွန်လိုင်း အိမ်ခြံမြေ ရောင်း ဝယ်ရေး ဝက်ဘ်ဆိုက် ဖြစ်သည့် House.com.mm မှ Managing Director  ဖြစ်သူ Mr. Nitesh Khriwal  ကလည်း ..

“၂ဝ၁၆ ခုနှစ်ရဲ့ နောက်ဆုံး (၃) လအတွင်း ရန်ကုန် အပါအဝင် မန္တလေးနဲ့ နေပြည်တော် တို့မှာပါ  အိမ်ခြံမြေ ဈေးကွက် ပြန်လည်လှုပ် ရှားလာတာကို တွေ့ရှိရပါတယ်။ မကြာသေးမီ ကမှ ရရှိခဲ့တဲ့ US Sanction ဖြေလျှော့မှုများနဲ့ ရင်းနှီး မြှုပ်နှံမှု ဥပဒေသစ်တို့က နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုများ အတွက် အပေါင်း လက္ခဏာဖြစ်ပြီး ပြည်တွင်း ပြည်ပ စီးပွားရေး လုပ်ငန်းများ နေရာ ယူလုပ်ကိုင်ဖို့ အတွက် မန္တလေးနဲ့ နေပြည်တော် တို့မှာရှိတဲ့ အိမ်ခြံမြေ ဈေးကွက် များပါ လိုက်ပါ လှုပ်ရှား လာစေပါတယ်” ဟု သုံးသပ် ပြောဆို ထားသည်။

HEZ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071