မြန်မာနိုင်ငံ အနေဖြင့် ရှေးဟောင်း(Classic) မော်တော်ယာဉ်များကို တန်ဖိုးထားထိန်းသိမ်းနိုင်ရေး နှင့် သမိုင်းဝင်ယာဉ်များအဖြစ် တရားဝင် မှတ်တမ်းတင်နိုင်ရေးအတွက် မှတ်ပုံ တင်ဖျက်သိမ်းပြီးသည့် ရှေးဟောင်း(Classic) မော်တော် ယာဉ်များကို ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးမည် ဖြစ် ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ယ နေ့ နိုဝင်ဘာ(၂၉)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန က ယခင်က မှတ်ပုံတင်ထားပြီး သက်တမ်းတိုးဆက်လက်ဆောင်ရွက်ခြင်းမရှိသည့်အတွက် မှတ်ပုံတင်ဖျက်သိမ်းပြီးဖြသ်သည့် ၁၉၈၀ မော်ဒယ် နှင့် ၎င်းမတိုင်မီ ယာဉ်များကို ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးမည်လည်း ဖြစ်သည်။
မှတ်ပုံတင်ဆောင်ရွက်ရာတွင် မူလမှတ်ပုံတင်ထားရှိခဲ့သည့် ယာဉ်များကိုသာ မှတ်ပုံတင်ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယာဉ်အမှတ်ကို ရောက်ရှိ ယာဉ်အမှတ်အသစ်ဖြင့် သတ်မှတ်ပေးမည်ဖြစ်ကြောင်း နှင့် ယခင် မှတ်ပုံတင်ထားခြင်းမရှိသည့် ရှေးဟောင်းယာဉ်များကို မှတ်ပုံတင်ပေးမည်မဟုတ်ကြောင်းလည်း အသိပေးထားသည်။
ထို့ကြောင့် ပြန်လည်မှတ်ပုံတင်ခြင်း ဆောင်ရွက်ခြင်းကို သ က်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် နှင့် ခရိုင် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ရုံးများတွင် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းလည်း သိရသည်။
