Monday, February 10, 2025

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို...

၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို "သဘင် သည် မြနှင်းဆီ" ဇာတ်ကားဖြင့် သရုပ်ဆောင် မေမီကိုကို ရ ရှိမည်ဟု ထင်ကြေးပေး ခန့်မှန်းထားကြသည်။ "သဘင်သည်...

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့...

ယနေ့ ဖေဖော်ဝါရီလ (၉) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ MICC (1) ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် ၂၀၂၄ ခုနှစ်အတွက်...

“ဘိုးတော်ကင်း” လား ၊ “နို့ထမင်း”...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပတော့မည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီရွေးချယ်ချီးမြှင့်မည့် ဆန်ကာတင်ဇာတ်ကား...

(၅) ဦးမြောက် လူငယ် အဆိုတော်/သရုပ်ဆောင်...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ပွဲအတွက် ရွေးချယ်ထားသည့် ဆန်ကာတင် ဇာတ်ကားများထဲတွင်...
HomeNewsLocal Newsမှတ်ပုံတင်မျိုးစုံ အတုပြုလုပ်ရောင်းချသူများကို ဖမ်းမိ

မှတ်ပုံတင်မျိုးစုံ အတုပြုလုပ်ရောင်းချသူများကို ဖမ်းမိ

နိုင်ငံသား စိစစ်ရေးကတ်အတု၊ အလုပ်သမားမှတ်ပုံတင်ကတ်အတု၊ ရပ်ကွက်၊ ရဲစခန်းထောက်ခံစာအတုပြုလုပ်ရောင်းချသူများအား ဖမ်းမိကြောင်း နစက ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်မှာ နိုင်ငံသားစိစစ်ရေးကတ်အတုပြုလုပ်ရောင်းချသူ အမျိုးသမီးတစ်ယောက်ကို ဖမ်းမိရာမှ ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်ဆေးဖော်ထုတ်ချက်အရ နိုင်ငံသားစိစစ်ရေးကတ်အတုများကို ပို့ဆောင်ပေးသည့် အမျိုးသမီးတစ်ဦးကို ရန်ကုန်တိုင်း‌ဒေသကြီး၊ လှိုင်သာယာ( အရှေ့ပိုင်းမြို့နယ်)၊ ရန်ကုန် – ညောင်တုန်းလမ်း၌ ဇန်နဝါရီ (၈)ရက် ညပိုင်းကဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ဇန်နဝါရီ(၉)ရက် နေ့လယ်ပိုင်းတွင်လည်း ကတ်အတုများလာရောက်ပို့ဆောင်သူ အမျိုးသားတစ်ဦးကိုလည်း လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၁၅)ရပ်ကွက်၌ ထ ပ်မံဖမ်းမိခဲ့ကြောင်း သိရသည်။

ထိုမှတဆင့် စစ်ဆေးချက်အရ နိုင်ငံသားစိစစ်ရေးကတ်အတုများပြုလုပ်ပေးသည့် အမျိုးသားတစ်ဦးကို ဇန်နဝါရီ (၉) ရက်ကပင်လည်းကောင်း၊ ကတ်အတုများနှင့် ထောက်ခံစာအတုများကို တဆင့်ရောင်းချပေးသည့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီးနှစ်ဦးကို ဇန်နဝါရီ (၉)ရက် ညနေပိုင်း၌ လည်းကောင်း ရပ်ကွက်၊ ရဲစခန်းထောက်ခံစာ အတုများကို မိ တ္တူ ကူးပြီးရောင်းချသည့် အမျိုးသမီးတစ်ယောက်ကို လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၉)ရပ်ကွက်၌ ဖမ်း မိခဲ့သည်ဟု ဆိုသည်။

ထို့ပြင် နိုင်ငံသားစိစစ်ရေးကတ်အတုများကို တဆင့်ပြန်လည်ရောင်းချရန် စေခိုင်းသည့် အမျိုးသားကို ထန်းတပင်မြို့နယ်၊ ရိုးလေးကျေးရွာ၌ သွားရောက်ဖမ်းဆီးရာ အမျိုးသားကို မတွေ့ရဘဲ အစ်မဖြစ်သူကိုသာ နိုင်ငံသားစိစစ်ရေးကတ်အတုပြုလုပ်ရာ၌ အသုံးပြုသည့် တံဆိပ်တုံးများနှင့် အတူ ဖမ်းမိခဲ့သည်ဟုလည်း သိရသည်။

ယင်းတို့ကို ကတ်အတုများ ပြုလုပ်ရာ၌ အသုံးပြုသည့် စက်များ၊ ပစ္စည်းများ၊ ကတ်အတုများနှင့်အတူ ဖမ်းမိခဲ့ကာ ထွ က်ဆိုချက်များအရ နိုင်ငံသားစိစစ်ရေးကတ်အတု၊ အလုပ် သမားမှတ်ပုံတင်ကတ်အတု၊ ရပ်ကွက်/ရဲစခန်းထောက်ခံစာအတုများကို ဖမ်းဆီးရန် ကျန်သည့် အမျိုးသားနှစ်ဦးက ပြု လုပ်ပေးပြီး နောက်ထပ်ဖမ်းဆီးရန် ကျန်သည့် ပွဲစားဖြစ်သူအမျိုးသားတစ်ဦးဖြင့် ချိတ်ဆက်ကာ ကတ်အတုများကို တ စ်ကတ် ကျပ် (၃၀၀၀)ဖြင့်တဆင့်ပြန်လည်ရောင်းချပေးခဲ့ခြ င်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ပါဝင်သူများကို ဥပဒေနှင့် အညီအရေးယူရန် ဆောင်ရွက်နေပြီး ဖမ်းဆီးရန် ကျန်နေသူများကိုလည်း ဖမ်းမိနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထား သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို အမျိုးသမီးဇာတ်ဆောင်ဆု ရမည်ဟု ခန့်မှန်းနေကြ

၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို "သဘင် သည် မြနှင်းဆီ" ဇာတ်ကားဖြင့် သရုပ်ဆောင် မေမီကိုကို ရ ရှိမည်ဟု ထင်ကြေးပေး ခန့်မှန်းထားကြသည်။ "သဘင်သည် မြနှင်းဆီ" ဇာတ်ကားသည် နှစ်ပေါင်းများစွာ မကျွတ်မလွတ်ဘဲရှိနေသည့် အငြိမ့်မင်းသမီး ဝိဉာဉ်အကြောင်းကို ရိုက်ကူးပုံဖော်ထားခြင်းဖြစ်သည်။ ယင်းရုပ်ရှင်ဇာတ်ကား၏ အဓိကသရုပ်ဆောင်ဖြစ်သည့်မေမီကိုကိုသည် ကိုလိုနီခေတ် ဘိလိပ်ပြန်ပညာတတ်သူဌေးသမီး မြစမ်းကြည် ကာရိုက်တာဖြင့် သရုပ်ဆောင်ထားခြင်းဖြစ်သည်။ "သဘင်သည် မြနှင်းဆီ" ဇာတ်ကားကြီးကို စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ယခင်ဇာတ်လမ်းတွဲကို ဇာတ်လမ်း ကိုဆက်၊ ဇာတ်ညွှန်း အင်ကြင်းဟန်၊ ဒါရိုက်တာ မင်းဆက်က ၁၉၉၀ ဝန်းကျင်ရှိ မြန်မာနိုင်ငံ၌...

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ် ၊ နစက ဥက္ကဋ္ဌ ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်

ယနေ့ ဖေဖော်ဝါရီလ (၉) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ MICC (1) ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ် ၊ နစက ဥက္ကဋ္ဌ ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ချီးမြှင့်သည်ကို တွေ့ရသည်။ မကြာမီ အချိန်အတွင်း ၂၀၂၄ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားများအနက်မှ ဆန်ကာတင် ဇာတ်ကား (၁၈) ကားထဲမှ ထူးချွန်ဆု...

“ဘိုးတော်ကင်း” လား ၊ “နို့ထမင်း” လား

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပတော့မည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီရွေးချယ်ချီးမြှင့်မည့် ဆန်ကာတင်ဇာတ်ကား (၁၈) ကားထဲတွင် အကယ်ဒမီ မြင့်မြတ် ပါဝင်သရုပ်ဆောင်ထားသည့် ရုပ်ရှင်ဇာတ်ကား (၂) ကားပါဝင်နေသည်။ "ဘိုးတော်ကင်း" နှင့် " နို့ထမင်း" ရုပ်ရှင်းဇာတ်ကား (၂) ကားတွင် အဓိက ဇာတ်ကောင်နေရာမှ ပါဝင်ထားသည့် မြင့်မြတ် ၏ သရုပ်ဆောင်ပီပြင်မှုများကြောင့် ၂၀၂၄ ခုနှစ်အတွက်အကောင်းဆုံး ဇာတ်ကောင် အကယ်ဒမီဆု ရရှိမည်ဟု ထင်ကြေးပေးခံရသူများထဲတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071