Thursday, November 13, 2025

ရန်ကုန်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂...

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ တရုတ်ရင်းနှီးမြှုပ်နှံမှုပမာဏသည် ဒေါ်လာ ၂ ဘီလျံခွဲကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၏ ပြောကြားချက်အရ သိရသည်။ နိုဝင်ဘာ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့်...

မန္တလေးငလျင်ဒ-ဏ်သင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် တရုတ်အစိုးရနှင့် AHA Centre...

မန္တလေးငလျင်ဒ-ဏ်သင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် တရုတ်နိုင်ငံအစိုးရနှင့် AHA Centre ကြား အမေရိကန်ဒေါ်လာ(၁)သန်းကူညီပံ့ပိုးခြင်းဆိုင်ရာသဘောတူစာချုပ်အား နိုဝင်ဘာ ၁၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။ ငလျင်ဒ-ဏ်သင့်ဒေသများမှ စာသင်ကျောင်းများပြန်လည်တည်ဆောက်ရေးအပါအဝင် ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းများကိုထောက်ပံ့ကူညီရန် တရုတ်နိုင်ငံအစိုးရက...

ထိုင်း Lumpinee Super Fight...

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Lumpinee Super Fight ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ ကျော်စွာဝင်း စတင်ပွဲထွက်ခွင့်ရရှိခဲ့ပြီဖြစ်သည်။ ယင်းပွဲစဉ်ကို နိုဝင်ဘာ (၂၂)ညနေ (၅)နာရီအချိန်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊...

IBEC ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများကို ယနေ့ နိုဝင်ဘာ ၁၃ ရက်နံနက်ပိုင်းက စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်း...
HomeNewsLocal Newsမှတ်ပုံတင်နံပတ်ရှိပြီး အချက်အလက်မစုံလင်သည့် မှတ်ပုံတင်ကတ်...

မှတ်ပုံတင်နံပတ်ရှိပြီး အချက်အလက်မစုံလင်သည့် မှတ်ပုံတင်ကတ် ၁ သန်းကျော်ရှိ၍ မှားယွင်း မှုများထပ်မံမဖြစ်ပွားစေရန် အဆင့်ဆင့်ဆောင် ရွက်နေဟု နစက ဒု-ဥက္ကဋ္ဌပြော

ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာအစည်းအဝေးအား နိုဝင်ဘာ ၁၀ ရက်မွန်းလွဲ ၂ နာ ရီက နေပြည်တော်၌ပြုလုပ်ခဲ့ရာ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းတက်ရောက်၍ အမှာစ ကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မဲစာရင်းများမှန်ကန်စေရန် ပထမအဆင့်အနေ ဖြင့် နိုင်_ ၄ နှင့်ပတ်သက်သည့် စာရင်းဇယားများကို အတိအကျဖြစ်စေရန် ဆောင်ရွက်ခဲ့ရာ စတင်ထုတ်ပေးသည်မှနောက်ဆုံးအချိန်အထိ ကောက် ယူရရှိသည့်စာရင်းဇယားများအရ ၅၂ သန်းကျော်ရှိသည်ဟု ပြောသည်။

နိုင်-၄ ကိစ္စစိစစ်ဆောင်ရွက်ရာတွင် တစ်ဦးတည်းမှ မှတ်ပုံတင်ကတ်ကိုင်ဆောင်သူဦးရေ ၅ သိန်းကျော်ရှိကာ မှတ်ပုံတင်နံပတ်ရှိပြီး အချက်အ လက်မစုံလင်သည့် မှတ်ပုံတင်ကတ် ၁ သန်းကျော် တွေ့ရသည်ဟု ပြောသည်။

အဆိုပါ မှားယွင်းမှုများသည် နိုင်ငံအတွက်များစွာအန္တရာယ်ရှိပြီး e-Government လုပ်ငန်းစဉ်အ တွက် အခြေခံအချက်အလက်များမပြည့်စုံသည့် အန္တရာယ်လည်းဖြစ်ကာ “မြေမျို၍လူမျိုးမပျောက်၊ လူမျိုမှသာလူမျိုးပျောက်မည်” ဖြစ်၍ မှားယွင်းမှုများ ထပ်မံမဖြစ်ပွားစေရန် အဆင့်ဆင့်ထိန်းချုပ်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ပြော သည်။

ဒုတိယအဆင့်တွင် မှတ်ပုံတင်များအား ကွန်ပြူတာစနစ်ဖြင့်စိစစ်ပြီးနောက် သန်းခေါင်စာရင်းကို Software နည်းပညာဖြင့် စစ်ဆေးရာတွင် ထုတ် ပေးစာရင်း ၁၃ သန်းကျော်တွေ့ရ၍စိစစ်ရာ သေ ဆုံးသွားသူများ၊အကြောင်းအမျိုးမျိုးကြောင့် နိုင် ငံခြားသို့ရောက်ရှိသွားသူများနှင့်နိုင်ငံခြားသားခံယူထားသူများကိုလည်းတွေ့ရှိရသည်ဟု ပြောသည်။

“အိမ်ထောင်စုစာရင်းမှာ မိသားစုနာမည်သာရှိပြီး မှတ်ပုံတင်မရှိသူ ၂၂ သန်းကျော်တွေ့ရပါတယ် အ သက် ၁၈ နှစ်အထက် ၁၄ သန်းကျော်ဟာ သန်းခေါင်စာရင်းမှာ မှတ်ပုံတင်နံပါတ်မဖြည့်ထားပါဘူး ဒါ့ကြောင့် တတိယအဆင့်ကိုသွားတဲ့အခါအဲဒီမှားယွင်းမှုတွေကို သေချာစီစစ်ဆောင်ရွက်သွားရပါမယ်”ဟု နစက ဒု-ဥက္ကဋ္ဌက မှာကြားခဲ့သည်။

တတိယအဆင့်တွင် စာရင်းသွင်းခြင်း၊စစ်ဆေးပြင်ဆင်ခြင်းတို့အား သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊တိုင်းနှင့်ပြည်နယ်များတွင် ဝန်ကြီးချုပ်များဦးစီး၍ ရွေးကောက်ပွဲကော်မရှင်၊လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ကွန်ပျူတာပညာရှင်များ၊လူမှုရေးအသင်းအဖွဲ့များအပြင် လုံခြုံရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အမြန်ဆုံးမြေပြင်စာ ရင်းကောက်ယူနိုင်ရေးဆောင်ရွက်ရမည်ဟု မှာ ကြားသည်။

“အဲဒီလို တိကျမှန်ကန်တဲ့ စာရင်းကောက်ယူနိုင်မှသာ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ဖို့အတွက် မဲစာရင်းတွေကိုအမှန်တ ကယ်ပြုစုနိုင်မှာဖြစ်ပါတယ် ဆက်ပြီးဆောင်ရွက်မယ့် e-ID စနစ်မှာ မှန်ကန်တဲ့အချက်အလက်တွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

မှတ်ပုံတင်၊သန်းခေါင်စာရင်းများနှင့်ပတ်သက်၍ မြေပြင်စာရင်းကောက်ယူရာတွင် မသန်စွမ်း အ မျိုးအစား(၄)မျိုးကိုလည်းသေချာစွာရေးသား ဖော်ပြနိုင်ရမည်ဟု မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဘီလျံခွဲကျော်ရှိဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ တရုတ်ရင်းနှီးမြှုပ်နှံမှုပမာဏသည် ဒေါ်လာ ၂ ဘီလျံခွဲကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၏ ပြောကြားချက်အရ သိရသည်။ နိုဝင်ဘာ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၌ တရုတ်စီးပွားရေးအသင်းနှင့် တွေ့ဆုံဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ၁၉၈၈- ၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စက်တင်ဘာလအထိ ရန်ကုန်တွင် တရုတ်နိုင်ငံက ဝင်‌ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၄၅၁ ခုရှိပြီး အမေရိကန် ဒေါ်လာ ၂ ဘီလျံခွဲကျော်ရှိကြောင်း သိရသည်။ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် အများဆုံးရင်းနှီးမြှုပ်နှံထားပြီး စက်မှုကဏ္ဍနှင့် အိမ်ရာအဆောက်အအုံ ကဏ္ဍများတွင် ဒုတိယနှင့် တတိယအများဆုံးဝင်ရောက်...

မန္တလေးငလျင်ဒ-ဏ်သင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် တရုတ်အစိုးရနှင့် AHA Centre ကြား ကန်ဒေါ်လာ(၁)သန်းကူညီပံ့ပိုးခြင်းဆိုင်ရာလက်မှတ်ထိုး

မန္တလေးငလျင်ဒ-ဏ်သင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် တရုတ်နိုင်ငံအစိုးရနှင့် AHA Centre ကြား အမေရိကန်ဒေါ်လာ(၁)သန်းကူညီပံ့ပိုးခြင်းဆိုင်ရာသဘောတူစာချုပ်အား နိုဝင်ဘာ ၁၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။ ငလျင်ဒ-ဏ်သင့်ဒေသများမှ စာသင်ကျောင်းများပြန်လည်တည်ဆောက်ရေးအပါအဝင် ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းများကိုထောက်ပံ့ကူညီရန် တရုတ်နိုင်ငံအစိုးရက AHA Centre သို့ အမေရိကန်ဒေါ်လာ(၁)သန်းအား ပေးအပ်လှူဒါန်းခြင်း သဘောတူစာချုပ်အား အာဆီယံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Hou Yangqi နှင့် AHA Centre ၏ အမှုဆောင်ဒါရို-က်တာ Mr. Lee Yam Ming တို့ကလက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးအောင်မျိုးမြင့်နှင့် အာဆီယံအတွင်းရေးမှူးချုပ် Dr....

ထိုင်း Lumpinee Super Fight မှာ ပွဲထွက်လာတဲ့ ရိုးရာဖိုက်တာကျော်စွာဝင်း

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Lumpinee Super Fight ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ ကျော်စွာဝင်း စတင်ပွဲထွက်ခွင့်ရရှိခဲ့ပြီဖြစ်သည်။ ယင်းပွဲစဉ်ကို နိုဝင်ဘာ (၂၂)ညနေ (၅)နာရီအချိန်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ ရိုးရာဖိုက်တာ ကျော်စွာဝင်းမှာ မွေထိုင်းဖိုက်တာအဖြစ် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။ ယင်းပွဲစဉ်အတွင်း နောက်ထပ်ရိုးရာဖိုက်တာနှစ်ဦးလည်း ဝင်ရောက်ထိုးသတ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ လက်ရှိအချိန်၌ ရိုးရာဖိုက်တာ ကျော်စွာဝင်းသည် ထိုင်းနိုင်ငံက နာမည်ကြီး ကလပ်တစ်ခုတွင် လေ့ကျင့်ပြင်ဆင်နေပြီး၊မြန်မာပြည် အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းနှင့်လည်း ယှဉ်ပြိုင်ထိုးသတ်ဖူးသူတစ်ဦးဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071