ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ဇင်္ဂမလမ်းမကြီး၏ ထူပါရုံမှတ်တိုင်အနီးတွင် မတ် ၂ ရက်ည ၁၁ နာရီ ၄၅ မိနစ်ခန့်ကအမျိုးသား ၃ ဦးအချင်းချင်းစကားများရန်ဖြစ်ရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ကြကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။
ထိုသို့ ခိုက်ရန်ဖြစ်ပွားပြီးနောက် အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသား ၁ ဦးမှာ ထိုးသွင်းဒဏ်ရာများရရှိကာ လဲကျနေကြောင်းသတင်းအရ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ပြုလုပ်ခဲ့ကြသည်။
“ပတ်ဝန်းကျင်ကတွေ့တဲ့လူတွေပြောတာက သူတို့ ၃ ယောက်စကားများပြီး ထိုးကြိတ်ကြတယ်။ နောက်အခု ထိုးသွင်းဒဏ်ရာရတဲ့လူကထွက်ပြေးတဲ့အချိန် နောက်ကနေလိုက်ထိုးတာလို့ပြောတယ်။ ဘယ်ဘက်လက်ပြင်မှာ ထိုးသွင်းဒဏ်ရာ ၃ ချက်ရသွားပါတယ်”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံကပြောသည်။
ဖြစ်စဥ်တွင် ထိုးသွင်းဒဏ်ရာများရရှိခဲ့သည့်အ မျိုးသားအား သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ပြီးနောက် သင်္ခါရဝိမုတ္တိလူမှုကူညီရေးအသင်းကားဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
