(Unicode)
မွန်ဝန်ကြီးချုပ်ဟောင်းဒေါက်တာအေးဇံရဲ့ဇနီးနဲ့သားဖြစ်သူတို့ ဖမ်းဆီးခံရ

မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်အေးမူနဲ့ သားဖြစ်သူ ကိုနေဖြိုးဇံတို့ ဇန်နဝါရီလ ၃ရက်နေ့ ညပိုင်းက ဖမ်းဆီးခ့လိုက်ရတယ်လို့ နီးစပ်သူတွေထံကနေသိရပါတယ်။
“အင်အားများတယ် လာဖမ်းတာ။သေနတ်သံတွေလည်း ကြားရတယ်လို့ ပြောနေကြတယ်”လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။
မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံရဲ့ ဇနီးဖြစ်သူဟာ ကျိုက်ထိုမြို့နယ်သုံးခွကျေးရွာက နေအိမ်တစ်ခုမှာ နေထိုင်နေစဉ်အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။
ဘာကြောင့် ဖမ်းဆီးသွားလည်း ဆိုတာတော့ ရဲဘက်က သတင်းမထုတ်ပြန်သေးပါဘူး။
ဒေါက်တာအေးဇံဟာ လက်ရှိမှာ ကျိုက်မရောအကျဉ်းထောင်အတွင်း ထိန်းသိမ်း ဖမ်းဆီးခံထားရပြီး ပုဒ်မ၅၀၅(ခ)နဲ့ အလုပ်နဲ့ထောင်၂နှစ်ချမှတ်ခံထားရသူပါ။
နောက်ပြီး အဂတိအမှုတွေအပါအဝင် အခြားအမှုတွေနဲ့လည်း တရားရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
(Zawgyi)
မြန္ဝန္ႀကီးခ်ဳပ္ေဟာင္းေဒါက္တာေအးဇံရဲ့ဇနီးနဲ႔သားျဖစ္သူတို႔ ဖမ္းဆီးခံရ
မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာေအးဇံရဲ့ ဇနီးျဖစ္သူ ေဒၚခင္ေအးမူနဲ႔ သားျဖစ္သူ ကိုေနၿဖိဳးဇံတို႔ ဇန္နဝါရီလ ၃ရက္ေန႔ ညပိုင္းက ဖမ္းဆီးခ့လိုက္ရတယ္လို႔ နီးစပ္သူေတြထံကေနသိရပါတယ္။
“အင္အားမ်ားတယ္ လာဖမ္းတာ။ေသနတ္သံေတြလည္း ၾကားရတယ္လို႔ ေျပာေနၾကတယ္”လို႔ ေဒသခံတစ္ဦးကေျပာျပပါတယ္။
မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာေအးဇံရဲ့ ဇနီးျဖစ္သူဟာ က်ိဳက္ထိုၿမိဳ႕နယ္သုံးခြေက်းရြာက ေနအိမ္တစ္ခုမွာ ေနထိုင္ေနစဥ္အဖမ္းခံခဲ့ရတာျဖစ္ပါတယ္။
ဘာေၾကာင့္ ဖမ္းဆီးသြားလည္း ဆိုတာေတာ့ ရဲဘက္က သတင္းမထုတ္ျပန္ေသးပါဘူး။
ေဒါက္တာေအးဇံဟာ လက္ရွိမွာ က်ိဳက္မေရာအက်ဥ္းေထာင္အတြင္း ထိန္းသိမ္း ဖမ္းဆီးခံထားရၿပီး ပုဒ္မ၅၀၅(ခ)နဲ႔ အလုပ္နဲ႔ေထာင္၂ႏွစ္ခ်မွတ္ခံထားရသူပါ။
ေနာက္ၿပီး အဂတိအမွုေတြအပါအဝင္ အျခားအမွုေတြနဲ႔လည္း တရားရင္ဆိုင္ေနရတယ္လို႔ သိရပါတယ္။