(Unicode)
မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှ ၂၀၂၀ USDPအမတ်လောင်း သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံး
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာတွင် နေထိုင်သည့် ၂၀၂၀ USDPအမတ်လောင်းဖြစ်ခဲ့သူ ဦးဆန်းထွန်းဦး နိုဝင်ဘာလ ၉ ရက်နေ့ညက သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု မွန်ပြည်နယ်USDPက ပြောသည်။
ည ၇ နာရီအချိန်ခန့်က ဇုတ်သုတ်ကျေးရွာရှိ တိုက်နယ်ဆေးရုံရှေ့မှာ ဦးဆန်းထွန်းဦးအပါအဝင် လူအချို့ စကားထိုင်ပြောနေစဉ် အမည်မသိ အမျိုးသား ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
မွန်ပြည်နယ် USDPက ဦးဆန်းထွန်းဦးသည် ထိုနေ့ညက ဇုတ်သုတ်ကျေးရွာ တိုက်နယ်ဆေးရုံရှေ့တွင် လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုများကူညီဆောင်ရွက်ပေးရန်နှင့် အုပ်စုအလိုက် ကိုဗစ် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းအတွက် တိုက်နယ် ဆရာဝန်နှင့် ဆွေးနွေးနေစဉ် သေနတ်ပစ်ခတ်ခံရပြီးသေဆုံးခဲ့သည်ဟု ပြောဆိုထားသည်။
USDPဗဟို၏ စက်တင်ဘာလ ၃ရက်နေ့ ထုတ်ပြန်ချက်ထဲ ဖေဖော်ဝါရီ ၁ရက်နေ့နောက်ပိုင်း သတ်ဖြတ်ခံရမှုကြောင့် အသက်ဆုံးခဲ့သည့် ပါတီဝင်၊ပါတီမိသားစုဝင်နှင့် အားပေးထောက်ခံသူ ၂၅၃ဦး ရှိသည်ဟု ဖော်ပြထားသည်။
(Zawgyi)
မြန္ျပည္နယ္ ဘီးလင္းၿမိဳ႕နယ္မွ ၂၀၂၀ USDPအမတ္ေလာင္း ေသနတ္ျဖင့္ ပစ္ခံရ၍ ေသဆုံး
မြန္ျပည္နယ္ ဘီးလင္းၿမိဳ႕နယ္၊ ဇုတ္သုတ္ေက်း႐ြာတြင္ ေနထိုင္သည့္ ၂၀၂၀ USDPအမတ္ေလာင္းျဖစ္ခဲ့သူ ဦးဆန္းထြန္းဦး ႏိုဝင္ဘာလ ၉ ရက္ေန႔ညက ေသနတ္ျဖင့္ ပစ္ခတ္ခံရ၍ ေသဆုံးသြားသည္ဟု မြန္ျပည္နယ္USDPက ေျပာသည္။
ည ၇ နာရီအခ်ိန္ခန႔္က ဇုတ္သုတ္ေက်း႐ြာရွိ တိုက္နယ္ေဆး႐ုံေရွ႕မွာ ဦးဆန္းထြန္းဦးအပါအဝင္ လူအခ်ိဳ႕ စကားထိုင္ေျပာေနစဥ္ အမည္မသိ အမ်ိဳးသား ၂ ဦးက ဆိုင္ကယ္ျဖင့္ လာေရာက္ၿပီး ပစ္ခတ္ခဲ့ျခင္းျဖစ္သည္။
မြန္ျပည္နယ္ USDPက ဦးဆန္းထြန္းဦးသည္ ထိုေန႔ညက ဇုတ္သုတ္ေက်း႐ြာ တိုက္နယ္ေဆး႐ုံေရွ႕တြင္ လူနာမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈမ်ားကူညီေဆာင္႐ြက္ေပးရန္ႏွင့္ အုပ္စုအလိုက္ ကိုဗစ္ ကာကြယ္ေဆးထိုးႏွံမႈလုပ္ငန္းအတြက္ တိုက္နယ္ ဆရာဝန္ႏွင့္ ေဆြးေႏြးေနစဥ္ ေသနတ္ပစ္ခတ္ခံရၿပီးေသဆုံးခဲ့သည္ဟု ေျပာဆိုထားသည္။
USDPဗဟို၏ စက္တင္ဘာလ ၃ရက္ေန႔ ထုတ္ျပန္ခ်က္ထဲ ေဖေဖာ္ဝါရီ ၁ရက္ေန႔ေနာက္ပိုင္း သတ္ျဖတ္ခံရမႈေၾကာင့္ အသက္ဆုံးခဲ့သည့္ ပါတီဝင္၊ပါတီမိသားစုဝင္ႏွင့္ အားေပးေထာက္ခံသူ ၂၅၃ဦး ရွိသည္ဟု ေဖာ္ျပထားသည္။