တိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် မွန်ညီညွှတ်ရေးပါတီအနေဖြင့် မော်လမြိုင်မြို့နယ်နှင့် ချောင်းဆုံးမြို့နယ်တို့တွင်
အောင်နိုင်ရေး ဆိုင်းဘုတ်များတင်ခဲ့ကြကြောင်း သိရသည်။
ပါတီအောင်ရေး ဆိုင်းဘုတ်တင်ခြင်းကို ချောင်းဆုံမြို့နယ် ကတောင်စိန်ကျေးရွာ၊ သက္ကောကျေးရွာ၊ ဘိုးနက်ကျေးရွာ၊ ချောင်းဆုံမြို့၊ မုရစ်ကလေးကျေးရွာ၊ ခရိုက်ဒူးကျေးရွာ၊ ကမာကေးကျေးရွာ၊ ကလော့ကျေးရွာ၊ ရွာလွတ်ကျေးရွာ၊ ကမာမိုကျေးရွာ၊ ကွမ်ရိုက်ကျေးရွာ၊ ဒေါင်းဥကျေးရွာ၊ မုဒူးကျေးရွာ၊ တောင်စွန်းကျေးရွာတို့တွင် ကိုယ်စားလှယ်လောင်းများ၏ အောင်နိုင်ရေးဆိုင်းဘုတ်များစိုက်ထူခဲ့ခြင်းဖြစ်သည်။
အလားတူ မော်လမြိုင်မြို့နယ် ကတိုး၊ ကော့နှပ်ရွာ၊ ဖဲထော်ရွာတို့တွင်လည်း ကိုယ်စားလှယ်လောင်းများ၏ အောင်နိုင်ရေးဆိုင်းဘုတ်များ စိုက်ထူခဲ့ကြကြောင်း သိရသည်။
မွန်ညီညွှတ်ရေးပါတီပြည်နယ်အဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းရင်းသားပါတီတစ်ခုဖြစ်ပြီး ၊ ပါတီမှပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်အသီးသီးအတွက် နိုင်သူအကုန်ယူစနစ် (FPTP) နှင့်အချိုးကျကိုယ်စားပြုစနစ် (PR) နှစ်မျိုးလုံးအတွက် ကိုယ်စားလှယ်လောင်း (၃၈) ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ဓာတ်ပုံ – MUP
