မြ၀တီမြို့မြို့၊ အမှတ် (၄) ရပ်ကွက်၊ သစ္စာလမ်းနှင့် သုခမိန်လမ်းထောင့်တွင်ရှိ ဘုရင့်နောင်ဈေးအနီးတွင် ယနေ့ မွန်းလွဲ (၃)နာရီခွဲ အချိန်ခန့်က မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များနှင့် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကို မိနစ်(၄၀)ခန့် ငြိှမ်းသတ်ခဲ့ရပြီး လမ်းဘေးဆိုင်ခန်းအချို့နှင့် ဂိုဒေါင်တစ်လုံး ဆုံးရှုံးခဲ့ရကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ် ပြောသည်။
“ဝါယာရှော့မီးလိုပြောရအောင် မီးမှမလာဘဲ။ ပေါ့ဆမီးပါ။ ဘုရင့်နောင်ဈေးရဲ့ အနောက်ဘက်ကလမ်းရဲ့ တစ်ဘက်ခြ မ်းမှာလောင်တာပါ။ ဈေးနဲ့တော့ နီးတာပေါ့။ဆိုင်ခန်းတွေက စပြီးလောင်တာမဟုတ်ဘူး ဂိုဒေါင်ကနေစလောင်တာလို့ သိရတယ်။ မီးအမြန်ထိန်းလိုက်နိုင်ပါတယ်။”ဟု ၎င်းက ပြော သည်။
အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ နေရာသို့ မြဝတီခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ မြဝတီမြို့ အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ စည်ပင်ရေသယ်ယာဉ်(၁)စီး၊ ရပ်ကွက်ရေသယ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသ တ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ညနေ (၄) နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှု့ကြောင့် ဆုံးရှုံးမှုတန်ဖိုး မည်မျှရှိသည်ကို ပေါ်ပြူလာနယူးစ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဓာတ်ပုံ-CJ


