(Unicode)
မြောက်ဥက္ကလာပမှအငြိမ်းစားကျောင်းဆရာမတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍သေဆုံး
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်မှာနေထိုင်တဲ့ အငြိမ်းစားကျော င်းဆရာမတစ်ဦး ဒီကနေ့ ဒီဇင်ဘာ၂၀ရက် မနက်ပိုင်းမှာ သေနတ်နဲ့ ပတ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့အတည်ပြု ပြောဆိုပါတယ်။
သေဆုံးသွားတဲ့ အငြိမ်းစားကျောင်းဆရာမဟာ မြောက်ဥက္ကလာပ (စ)ရက်ကွက်မှာနေထိုင်တဲ့ သူဖြစ်ပြီးတော့ နေအိမ်ကနေ ဈေးသို့အသွား မြောက်ဥက္ကလာပမြို့နယ်၊ (စ)ရပ်ကွက်၊ သုနန္ဒာ(၅)လမ်း မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာလို့ သိရပါတယ်။
သေနတ်နဲ့ ၉ချက် ပစ်ခတ်လုပ်ကြံခံခဲ့ရတယ်လို့ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကအတည်ပြုပါတယ်။
“ဆေးရုံအရောက်မှာကွယ်လွန်သွားပါတယ်”လို့ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
(Zawgyi)