ဧပြီ (၂၅) ရက်၊ ည (၉)နာရီ (၃၄)မိနစ်အချိန်ခန့်က ဒဂုံမြို့သ စ်မြောက်ပိုင်းမြို့နယ်၊ (၃၃)ရပ်ကွက်၊ ဘေလီတံတားအဆင်းတွင် ယာဉ်မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည (၉)နာရီ (၃၉)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတဝန်း ၂၀၂၄ ခုနှစ်၊ ဧပြီ (၂၆)ရက်အထိ ကားမီးလောင်မှု အကြိမ်ရေ (၃၀)နီးပါးခန့် ဖြစ်ပွားခဲ့ပြီးဖြစ်ကြောင်း မီးသတ်တပ်ဖွဲနှင့် ဒေသတွင်း သတင်းများအရ သိရသည်။
