ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် တည်ဆဲ နဂါးရုံဘုရားပြိုကျမှု ယနေ့ ဩဂုတ်လ ၂၅ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) (၁၆) ရပ်ကွက်၊ သဲအင်းဂူဘုရားလမ်း၊ တိုးကြောင်ကလေးဘူတာရုံအနီး၊ ကျောင်းတိုက်ဝန်းအတွင်းရှိ တည်ဆဲ နဂါးရုံဘုရားသည် ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ပြိုကျခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ ပြိုကျမှုဖြစ်စဥ်ကြောင့် လူပိမိနေကြောင်းသတင်းရရှိသည့်အတွက် ရှာဖွေကယ်ဆယ်ရေးယာဉ်များ၊ မီးငြှိမ်းသတ်ယာဉ်များဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Photo – MFSD