မြောက်ကိုးရီးယားကလပ် နာဂိုရမ်းအသင်းကို အနိုင်ရရှိခဲ့ပါက အုပ်စုတက်ရေး မျှော်လင့်ချက်ရှိခဲ့သည့် ISPE အမျိုးသမီးအသင်းသည် ပွဲအပြီး၌ သုံးဂိုးပြတ်ဖြင့် ရှုံးနှိမ့်ခဲ့သည်။
ထိုပွဲစဉ်ကို ယနေ့ ည ၇နာရီက ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်သည်။
ယနေ့ပွဲစဥ် ISPE အသင်း၏ ပွဲထွက်လူစာရင်းတွင် ကွင်းလယ်၌ အသင်းခေါင်းဆောင် ခင်မာလာထွန်းနှင့် နော်ထက်ထက်ဝေ အတူပွဲထွက်ကစားခဲ့သည်။
ISPE အသင်းသည် မြောက်ကိုးရီးယားကလပ် နာဂိုရမ်းအသင်းကို သုံးဂိုး ဂိုးမရှိ၊ ဂျပန်ကလပ် တိုကျိုဗာဒီ အသင်းကို တစ်ဂိုး ဂိုးမရှိ၊ တောင်ကိုးရီးယားကလပ် ဆူဝန်အသင်းကို ငါးဂိုး ဂိုးမရှိဖြင့် ရှုံးနှိမ့်ကာ အုပ်စုအဆင့်ဖြင့် ကျေနပ်ခဲ့ရသည်။
