မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဆန်ဟွေသည် ရုရှား နှင့် ဘီလာရုစ်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက တနင်္ဂနွေနေ့တွင် သတင်းဖော်ပြခဲ့သော်လည်း ခရီးစဉ်၏ ရက်အတိအကျကို ဖော်ပြခဲ့ခြင်းမရှိပေ။
ချိုသည် “ရုရှားနှင့် ဘီလာရုစ်နိုင်ငံခြားရေးဝန်ကြီးများ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနှင့် ဘီလာရုစ်သမ္မတနိုင်ငံများကို သွားရောက်မှာဖြစ်သည်” ဟု ကေစီအင်န်အေသတင်းဌာနက ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့(အေပက်) ဖိုရမ်ကို တက်ရောက်ရန် ဗုဒ္ဓဟူးနေ့တွင် တောင်ကိုရီးယားကို သွားရောက်ရန်စီစဉ်ထားချိန်တွင် ယခုသတင်းထွက်လာခြင်းဖြစ်သည်။
ထရမ့်ပ်အစိုးရအဖွဲ့မှ အရာရှိများသည် ထရမ့်ပ်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ တွေ့ဆုံနိုင်ရေးအတွက် သီးသန့်ဆွေးနွေးမှုများလုပ်ခဲ့သည်ဟု အမေရိကန်မီဒီယာများသည် ယခင်က ဖော်ပြခဲ့ကြသည်။ ထရမ့်ပ်နှင့် ကင်မ်တို့သည် ၂၀၁၉ ခုနှစ်က နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးထားခဲ့သည်။
ထရမ့်ပ်က ကင်မ်နှင့် ပြန်လည်တွေ့ဆုံရန် မျှော်လင့်ကြောင်း ပြောကြားထားပြီး ယခုနှစ်တွင် ဖြစ်နိုင်ခြေရှိသည်ဟုလည်း ဆိုထားခဲ့သည်။
မကြာခင်က ပေကျင်းတွင် ကျင်းပခဲ့သော စစ်ရေးပြပွဲ၏ ပြင်ပတွေ့ဆုံမှုအဖြစ် ကင်မ်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် လည်းကောင်း၊ ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုနှင့် လည်းကောင်း တွေ့ဆုံခဲ့သည်။
Ref: ဘာရွန်းစ်
