Monday, August 31, 2026

အာတိတ်ဒေသရှိ နေတိုး၏ စစ်ရေးလှုပ်ရှားမှုများ ရုရှားလုံခြုံရေးကို...

မော်စကို၊ ဩဂုတ် ၃၁ အာတိတ်ဒေသတွင် နေတိုးအဖွဲ့၏ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လာခြင်းသည် ရုရှားနိုင်ငံ၏ လုံခြုံရေးကို တို-က်ရို-က်ခြိမ်းခြောက်နေပြီး လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနိုင်သည့် အန္တရာယ်ကိုပါ မြင့်တက်စေကြောင်း...

နီပေါရေဘေးတွင် အမည်မဖော်ထုတ်နိုင်သေးသည့် သေဆုံးသူများကို စတင်မြှုပ်နှံ

ခတ္တမန္ဒူ နီပေါနိုင်ငံ ဟိမဝန္တာဒေသတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများအနက် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးသူများကို ချစ်ဝမ်ခရိုင်ရှိ သတ်မှတ်နေရာများတွင် အာဏာပိုင်များက စတင်မြှုပ်နှံလျက်ရှိကြောင်း...

လူနေမှုစရိတ်သက်သာရေးနှင့် ပြည်တွင်းစီးပွားရေးပံ့ပိုးမည့် အစီအမံသစ်များ မလေးရှားဝန်ကြီးချုပ်...

ကွာလာလမ်ပူ၊ ဩဂုတ် ၃၁ မလေးရှားနိုင်ငံတွင် လူနေမှုစရိတ်မြင့်တက်မှုကို သက်သာစေရန် လေ-ာင်စာဆီဝယ်ယူခွဲတမ်း တိုးမြှင့်ပေးခြင်း၊ ကျောင်းများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် ရန်ပုံငွေတိုးမြှင့်ခြင်းတို့အပါအဝင် ပြည်တွင်းစီးပွားရေးကို ပံ့ပိုးမည့် အစီအမံသစ်များကို...

ဟိမဝန္တာဒေသ မြေပြိုမှုအပြီး နိုင်ငံ ၂၃...

ပေကျင်း ဟိမဝန္တာဒေသတစ်လျှောက် ဖြစ်ပွားခဲ့သည့် ရေခဲမြစ်ပြိုကျမှုနှင့် မြေပြိုမှုများအပြီး နီပေါ-တရုတ် နယ်စပ်၏ တိဘက်ဘက်ခြမ်းတွင် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ နိုင်ငံခြားသား ၂၆၁ ဦး...
HomeInternationalမြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးအသစ် ခန့်အပ်၊...

မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးအသစ် ခန့်အပ်၊ စစ်ဘက်ခေါင်းဆောင်ပိုင်း အပြောင်းအလဲပြုလုပ်

ပြုံယမ်း၊ ဩဂုတ် ၃၁

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်သည် နိုင်ငံ၏ အကြီးတန်းစစ်ဘက်ခေါင်းဆောင်ပိုင်းကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကင်ဆောင်ဂီ (Kim Song Gi) ကို ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။

ယခင်က စစ်တပ်၏ နိုင်ငံရေးဗျူရိုညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကင်ဆောင်ဂီသည် လက်နက်ခဲယမ်းလုပ်ငန်းဌာန၌ အကြီးတန်းရာထူးတစ်ခုသို့ ပြောင်းရွှေ့တာဝန်ပေးခံရသည့် ယခင်ကာကွယ်ရေးဝန်ကြီး နိုကွမ်ချိုလ် (No Kwang Chol) ၏ နေရာတွင် အစားထိုးတာဝန်ယူခြင်းဖြစ်သည်။

ထို့ပြင် အတွေ့အကြုံရင့် စစ်ဘက်မဟာဗျူဟာပညာရှင် ပတ်ဂျုံချွန် (Pak Jong Chon) ကိုလည်း အာဏာရ အလုပ်သမားပါတီ ဗဟိုစစ်ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဆင့်မြင့်စစ်ဘက်ရာထူး အပြောင်းအလဲများသည် ရုရှား-ယူကရိန်းစစ်ပွဲကာလအတွင်း ပြုံယမ်းနှင့် မော်စကိုတို့အကြား စစ်ရေးနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေး ပိုမိုနီးကပ်လာနေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ယင်းရာထူးအပြောင်းအလဲသည် မြောက်ကိုရီးယား၏ တိုက်ခိုက်ရေးလက်နက်စနစ်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ခဲ့သည့် ကာကွယ်ရေးသိပ္ပံပညာရှင်များနှင့် နည်းပညာရှင်များကို ကင်မ်ဂျုံအန်က ဂုဏ်ပြုခဲ့သည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

Ref: Yonhap News

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာတိတ်ဒေသရှိ နေတိုး၏ စစ်ရေးလှုပ်ရှားမှုများ ရုရှားလုံခြုံရေးကို တို-က်ရို-က်ခြိမ်းခြောက်နေဟု လက်ဗရော့ဗ် ပြော

မော်စကို၊ ဩဂုတ် ၃၁ အာတိတ်ဒေသတွင် နေတိုးအဖွဲ့၏ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လာခြင်းသည် ရုရှားနိုင်ငံ၏ လုံခြုံရေးကို တို-က်ရို-က်ခြိမ်းခြောက်နေပြီး လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနိုင်သည့် အန္တရာယ်ကိုပါ မြင့်တက်စေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လက်ဗရော့ဗ်က ပြောကြားသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၃၁ ရက်တွင် ထုတ်ဝေသည့် ဆောင်းပါးတစ်ပုဒ်၌ လက်ဗရော့ဗ်က ယင်းသို့ ရေးသားခဲ့ခြင်းဖြစ်ပြီး အာတိတ်ဒေသ၌ နေတိုး၏ စစ်ရေးတည်ရှိမှုနှင့် လေ့ကျင့်မှုများ တိုးမြှင့်လာခြင်းအပေါ် မော်စကို၏ စိုးရိမ်မှုကို ထပ်မံဖော်ပြခဲ့သည်။ နေတိုးသည် မြောက်ဘက်အစွန်ဆုံးဒေသတွင် စစ်ရေးတည်ရှိမှု အားကောင်းစေရန် Arctic Sentry အမည်ရှိ...

နီပေါရေဘေးတွင် အမည်မဖော်ထုတ်နိုင်သေးသည့် သေဆုံးသူများကို စတင်မြှုပ်နှံ

ခတ္တမန္ဒူ နီပေါနိုင်ငံ ဟိမဝန္တာဒေသတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများအနက် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးသူများကို ချစ်ဝမ်ခရိုင်ရှိ သတ်မှတ်နေရာများတွင် အာဏာပိုင်များက စတင်မြှုပ်နှံလျက်ရှိကြောင်း သိရသည်။ ဗုဒ္ဓဟူးနေ့က ဘေးအန္တရာယ်အပြင်းအထန် ကြုံတွေ့ခဲ့ရသည့် ရာဆူဝါချိုင့်ဝှမ်းဒေသမှ ကီလိုမီတာ ၂၀၀ နီးပါးအကွာ ချစ်ဝမ်ခရိုင်၊ ဒက်ဗ်ဂတ်သစ်တောအတွင်း သေဆုံးသူများကို မြှုပ်နှံနိုင်ရန် မြေကျင်းရာပေါင်းများစွာ တူးဖော်ပြင်ဆင်ထားသည်။ အဆိုပါ သစ်တောလမ်းကြောင်းများသည် ယခင်က နံနက်ခင်းလမ်းလျှောက်သူများအကြား ရေပန်းစားသည့် နေရာတစ်ခုဖြစ်သော်လည်း လက်ရှိတွင် ရေစီးနှင့်အတူ မျောပါလာပြီး မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားအတည်ပြုရန် ခက်ခဲနေသည့်...

လူနေမှုစရိတ်သက်သာရေးနှင့် ပြည်တွင်းစီးပွားရေးပံ့ပိုးမည့် အစီအမံသစ်များ မလေးရှားဝန်ကြီးချုပ် ကြေညာ

ကွာလာလမ်ပူ၊ ဩဂုတ် ၃၁ မလေးရှားနိုင်ငံတွင် လူနေမှုစရိတ်မြင့်တက်မှုကို သက်သာစေရန် လေ-ာင်စာဆီဝယ်ယူခွဲတမ်း တိုးမြှင့်ပေးခြင်း၊ ကျောင်းများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် ရန်ပုံငွေတိုးမြှင့်ခြင်းတို့အပါအဝင် ပြည်တွင်းစီးပွားရေးကို ပံ့ပိုးမည့် အစီအမံသစ်များကို ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က ဩဂုတ် ၃၁ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။ အဆိုပါအစီအမံများကို စက်တင်ဘာ ၁ ရက်မှ စတင်အကောင်အထည်ဖော်ရန် မျှော်မှန်းထားကြောင်း အန်ဝါက ရုပ်မြင်သံကြားမိန့်ခွန်းတွင် ပြောကြားခဲ့ပြီး နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအကျိုးအမြတ်များကို ပြည်သူများထံ ပြန်လည်ရောက်ရှိစေရမည်ဟု ဆိုသည်။ မလေးရှားစီးပွားရေးသည် ဒေသတွင်းနိုင်ငံအများစုထက် တိုးတက်မှုကောင်းမွန်နေပြီး ယခုနှစ် ဒုတိယသုံးလပတ်တွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071