ပြုံယမ်း၊ဇန်နဝါရီ ၂၅
မြောက်ကိုရီးယား၌ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားနေသဖြင့် မြို့တော်ပြုံယမ်းအား ငါးရက်လော့ခ်ဒေါင်းချထားကြောင်း အာဏာပိုင်များ၏ သတိပေးချက်၌ပြောကြားခဲ့သည်။
အဆိုပါသတိပေးချက်၌ ကိုဗစ်ဟုဖော်ပြထားခြင်းမရှိသော်လည်း မြို့တော်တွင်နေထိုင်သူများသည် တနင်္ဂနွေနေ့ကုန်အထိ ၎င်းတို့၏နေအိမ်များတွင်သာ နေထိုင်ရန်နှင့် အပူချိန်စစ်ဆေးမှုများကို နေ့စဉ်အကြိမ်ကြိမ်ပြုလုပ်ရန်လိုအပ်ကြောင်းလည်း ညွှန်ကြားထားသည်။
ယခုသတ်မှတ်မှုအား ပြုံယမ်း၌သာအဓိကပြုလုပ်ထားပြီး အခြားနေရာများ၌ သတ်မှတ်ထားခြင်းရှိမရှိကိုမူ ရှင်းရှင်းလင်းလင်းမသိရပေ။
မြောက်ကိုရီးယား၌ ၂၀၂၂ ခုနှစ်က ကိုဗစ်စတင်တွေ့ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သော်လည်း ဩဂုတ်လ၌ထိန်းချုပ်လိုက်နိုင်ပြီဟုဆိုခဲ့သည်။ပြုံယမ်းအစိုးရ၏ လျှို့ဝှက်လုပ်ဆောင်ချက်များကြောင့် ကိုဗစ်ကူးစက်ခံရသူမည်မျှရှိသည်ကို တိတိကျကျမသိခဲ့ရပေ။
Source : The Guardian