မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့်ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေး ဆွေးနွေးရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အဆင်သင့်ဖြစ်နေပြီဟု အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ မဟာဗျူဟာဆက်သွယ်ရေး ညှိနှိုင်းရေးမှူး ဂျွန်ကာဘီက ကျိုဒိုသတင်းအေဂျင်စီကို ပြောကြားသည်။
“ကြိုတင်သတ်မှတ်ချက်မရှိဘဲ တွေ့ဆုံ ညှိနှိုင်းဖို့ ဆန္ဒရှိပါတယ်” ဟု အမေရိကန် အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ကျိုဒိုသတင်းအေဂျင်စီက ယနေ့ သောကြာနေ့တွင် ရေးသားဖော်ပြထားသည်။
သို့ရာတွင် မြောက်ကိုရီးယားဖက်ကမူ အဆိုပါကမ်းလှမ်းချက်ကို အပြုသဘောဆောင်သည့် တုံ့ပြန်ခြင်းမရှိကြောင်းကိုလည်း သူကထပ်လောင်းပြောကြားသည်။