ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် တနင်္ဂနွေနေ့က ခရမ္မလင်တွင် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေကို လက်ခံတွေ့ဆုံခဲ့ပြီး မော်စကို၏ အထူးစစ်ဆင်ရေးတွင် မြောက်ကိုရီးယားက အကူအညီပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်တွင် အနောက်ပိုင်းကာ့စ်ဒေသသို့ ယူကရိန်း၏ ကျူးကျော်ဝင်ရောက်မှုကို တွန်းလှန်ရာတွင် မြောက်ကိုရီးယားတပ်များက ရုရှားဘက်မှ ကူညီပေးခဲ့သည်။
နှစ်နိုင်ငံအကြား အပြန်အလှန်ကာကွယ်ရေး သဘောတူညီချက်အရ မြောက်ကိုရီးယားသည် ရုရှားနှင့်အတူ တိုက်ခိုက်ရန်အတွက် ကာ့စ်ဒေသသို့ စစ်သည် ၁၄,၀၀၀ ခန့် စေလွှတ်ပေးခဲ့သည်။
ယူကရိန်းတပ်များသည် ၂၀၂၄ ခုနှစ် သြဂုတ်လအတွင်းက နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ကာ နယ်မြေအများအပြားကို လပေါင်းများစွာ ထိန်းချုပ်ထားခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဆက်ဆံရေး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာရှနိုင်ငံ၏ ကတိကဝတ်ကို မကြာသေးမီက ထပ်လောင်းအတည်ပြုခဲ့ပါကြောင်း အစည်းအဝေးတွင် ချိုက ပြောကြားခဲ့ကြောင်း ခရမ္မလင်က ဖော်ပြခဲ့သည်။
Ref: အန်တာနာဇီယွန်နားလ်
