ဆိုးလ်၊ဇူလိုင် ၁၆
အမေရိက၊တောင်ကိုရီးယားနှင့် ဂျပန်တို့သည် ပြုံယမ်းက နျူကလီးယားနှင့်ဒုံးကျည်ခြိမ်းခြောက်မှုများကို ပိုမိုတုံ့ပြန်ရန်ရည်ရွယ်၍ ပူးတွဲဒုံးကျည်ကာကွယ်ရေးလေ့ကျင့်မှုတစ်ခုကိုတနင်္ဂနွေနေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်မှုအား မြောက်ကိုရီးယားက ၎င်း၏ အားအပြင်းဆုံး ဟွာဆောင် – 18 တိုက်ချင်းပစ်ဒုံးကျည်ကို ဗုဒ္ဓဟူးနေ့ကပစ်လွှတ်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားသည် ၎င်း၏အထူးစီးပွားရေးဇုန် (EEZ) အတွင်း အမေရိက၏ထောက်လှမ်းရေးလေယာဉ်များ ပျံသန်းနေသည်ဟုစွပ်စွဲကာ ယခုတိုက်ချင်းပစ်ဒုံးအား ပစ်လွှတ်ခဲ့ခြင်းလည်းဖြစ်သည်။
အမေရိက၊တောင်ကိုရီးယားနှင့်ဂျပန်တို့၏ ဒုံးကျည်ကာကွယ်ရေးပူးတွဲလေ့ကျင့်မှုသည် မြောက်ကိုရီးယားက တစ်စုံတစ်ခုပြုလုပ်ခဲ့သည်ရှိသော် နိုင်ငံများအချင်းချင်း လျင်လျင်မြန်မြန်ထိထိရောက်ရောက်ဆက်သွယ်ဆောင်ရွက်တုံ့ပြန်နိုင်ရန်အဓိကရည်ရွယ်သည်ဟုလည်းသိရသည်။
Source : WION