လန်ဒန်၊ဇွန် ၁
မြောက်ကိုရီးယား၏ဒုံးကျည်စမ်းသပ်မှုများသည် အသုံးပြုမှုများပြားသည့် အာရှအရှေ့မြောက်ပိုင်း၏ ပင်လယ်ရေကြောင်းသွားလာရေးကို အနှောင့်အယှက်ဖြစ်စေပြီး အချိန်မီအကြောင်းမကြားသည့်အတွက် သင်္ဘောများဘေးမကင်းနိုင်ဟု နိုင်ငံအများစုက ကုလအေဂျင်စီသို့ပြောကြားခဲ့ကြသည်။
နျူကိုင်ဆောင်ထားသည့်မြောက်ကိုရီးယား၏ ခြောက်ကြိမ်မြောက်ဂြိုလ်တုလွှတ်တင်မှုသည် မအောင်မြင်ခဲ့သော်လည်း တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံရှိ အချို့သောနေရာများတွင် အရေးပေါ်သတိပေးချက်များနှင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် သတိပေးမှုများပြုလုပ်နေဆဲဖြစ်ကြောင်းသိရသည်။
အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့အစည်းလုံခြုံရေး ကော်မတီအစည်းအဝေး၌ နိုင်ငံပေါင်း ၁၀၀ က မြောက်ကိုရီးယား၏လုပ်ရပ်များသည် နိုင်ငံတကာရေကြောင်းကုန်သွယ်ရေးနှင့် သင်္ဘောသားများ၏လုံခြုံရေးကိုအကြီးအကျယ်ခြိမ်းခြောက်နေသည်ဟုဆိုကာ ရှုံ့ချခဲ့သည်။
အမေရိက၊တောင်ကိုရီးယားနှင့်ဂျပန်အပါအဝင် အဆိုပါနိုင်ငံများကတင်သွင်းသည့် ဆုံးဖြတ်ချက်နှင့်စာတမ်းအား မြောက်ကိုရီးယားကပယ်ချခဲ့သည်။ဒုံးကျည်စမ်းသပ်မှုများသည် နိုင်ငံတော် လုံခြုံရေးကိုကာကွယ်ရန်အတွက်အချုပ်အခြာအာဏာပိုင်နိုင်ငံက ဆောင်ရွက်သည့် မိမိကိုယ်ကို မိမိကာကွယ်ရေး အစီအမံများသာဖြစ်သည်ဟုတုံ့ပြန်ပြောဆိုခဲ့သည်။
ယခုကန့်ကွက်လွှာစာတမ်းကို သြစတြေးလျ၊ကနေဒါ၊ပြင်သစ်၊ဂျာမနီ၊အီတလီ၊နော်ဝေး၊စပိန်၊ယူကရိန်း၊ဗြိတိန်နှင့်ဗာနူအာတူနိုင်ငံတို့က တင်သွင်းခဲ့ခြင်းဖြစ်သည်။
Source : Reuters