Monday, August 17, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံ၊ မြန်မာ-ကာဇက်စတန်...

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးနှင့်တွေ့ဆုံ၊...

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး အိန္ဒိယသမ္မတနိုင်ငံ၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့...

မြန်မာ-ရုရှား ဆက်ဆံရေး ပိုမိုခိုင်မာရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ...

ဦးရဲထွန်းဦး ကို လဝက ဒု-ဝန်ကြီးအဖြစ်...

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဒု-ဝန်ကြီးအဖြစ် ဦးရဲထွန်းဦးအား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၆၄/ ၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၇ ရက်တွင်ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ...
HomeInternationalမြောက်ကိုရီးယားက ဒုတိယမြောက် စစ်ဘက်သူလျှိုဂြိုဟ်တု...

မြောက်ကိုရီးယားက ဒုတိယမြောက် စစ်ဘက်သူလျှိုဂြိုဟ်တု လွှတ်တင်ဖို့ပြင်နေဟု တောင်ကိုရီးယား ပြောဆို

မြောက်ကိုရီးယားဟာ ၎င်းတို့ရဲ့ ဒုတိယမြောက် စစ်ဘက်သူလျှိုဂြိုဟ်တုကို အကာသအတွင်း ပစ်လွှတ်ဖို့ ပြင်ဆင်နေပုံရတယ်လို့ တောင်ကိုရီးယားစစ်တပ်က သောကြာနေ့မှာ ပြောဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ လက်နက်စမ်းသပ်မှုတွေ အဆက်အပြတ်လုပ်ဆောင်နေမှုကြောင့် ရန်လိုမှုတွေမြင့်မားနေခဲ့တာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားက အမေရိကန်ဦးဆောင်တဲ့ စစ်ရေးခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ဆိုကာ အကာသအခြေပြု ထောက်လှမ်းရေးကွန်ရက်တစ်ခု တည်ဆောက်ရေးကြိုးပမ်းချက်တွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ၎င်းတို့ရဲ့ ပထမဆုံး စစ်ဘက်ထောက်လှမ်းရေးဂြိုဟ်တုတစ်စင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ကမ္ဘာပတ်လမ်းအတွင်း လွှတ်တင်ထားခဲ့ပြီးဖြစ်ပါတယ်။

ယင်းသို့ လွှတ်တင်ခဲ့ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က သူ့နိုင်ငံအနေနဲ့ ၂၀၂၄ ခုနှစ်အတွင်း နောက်ထပ် စစ်ဘက်ဂြိုဟ်တုသုံးလုံး လွှတ်တင်သွားဦးမှာဖြစ်တယ်လို့ အာဏာရပါတီအဓိက အစည်းအဝေးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ နိုင်ငံအနောက်မြောက်ပိုင်းရှိ ၎င်းရဲ့ Tongchangri အဓိက လွှတ်တင်ရေးအဆောက်အအုံမှာ သူလျှိုဂြိုဟ်တု လွှတ်တင်ရေးအတွက်လို့ ယုံကြည်ရတဲ့ လှုပ်ရှားမှု အရိပ်အယောင်တွေ တွေ့ရှိထားတယ်လို့ တောင်ကိုရီးယားစစ်တပ်က သောကြာနေ့မှာ ဒေသတွင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ယင်းလုပ်ဆောင်ချက်တွေအပေါ် တောင်ကိုရီးယားနဲ့ အမေရိကန်ထောက်လှမ်းရေးအာဏာပိုင်တွေက အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

Tongchangri နယ်မြေမှာ မြောက်ကိုရီးယားက ဘယ်လိုလှုပ်ရှားမှုတွေ လုပ်ဆောင်နေလဲဆိုတာကိုတော့ တောင်ကိုရီးယားစစ်တပ်က လတ်တလောမှာ တိကျစွာ ရှင်းလင်းပြောဆိုခြင်း မပြုခဲ့ဘူးလို့ သိရပါတယ်။

ပထမဆုံး သူလျှိုဂြိုဟ်တုဖြစ်တဲ့ Malligyong-1 ကို နိုဝင်ဘာ ၂၁ ရက်မှာ လွှတ်တင်ခဲ့ပြီးနောက် အိမ်ဖြူတော်နဲ့ ပင်တဂွန်အပါအဝင် အမေရိကန်နဲ့ တောင်ကိုရီးယားရှိ အဓိကနေရာတွေရဲ့ ဓါတ်ပုံတွေကို ပေးပို့ခဲ့ကြောင်း မြောက်ကိုရီးယားက ပြောဆိုခဲ့ပါတယ်။ သို့ပေမယ့် ယင်းဓါတ်ပုံတွေကို ထုတ်ပြခဲ့ခြင်းမျိုးတော့ မရှိခဲ့တာကြောင့် ဂြိုဟ်တုရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ သံသယတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့ပါတယ်။

Ref: abc News

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံ၊ မြန်မာ-ကာဇက်စတန် ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ကာဇက်စတန်သမ္မတနိုင်ငံ အာမတီမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဒါရ်ခန် ဆာတီဘယ်လ်ဒီ (Darkhan Satybaldy) နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူးတို့သည် လေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ လွတ်လပ်၍...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးနှင့်တွေ့ဆုံ၊ မြန်မာ-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ရေးဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့၌ ခေတ္တရပ်နားစဉ် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီး ဂါဂျန်ဒရာဆင်းနှင့် တွေ့ဆုံ၍ မြန်မာ-အိန္ဒိယ ချစ်ကြည်ရင်းနှီးမှု၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်နိုင်ရေးတို့ကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရောက်ရှိခဲ့ရာ ရာဂျာစတန်ပြည်နယ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ

မြန်မာ-ရုရှား ဆက်ဆံရေး ပိုမိုခိုင်မာရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071