Wednesday, July 9, 2025

ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ ပတ္တမြားမျက်ရှင်ဘုရားနှင့် အာရုံခံတန်ဆောင်းမုခ်(၄)မုခ်ရှိ ဘုရားများအား...

ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ ပတ္တမြားမျက်ရှင်ဘုရားနှင့် အာရုံခံတန်ဆောင်းမုခ်(၄)မုခ်ရှိ ဘုရားများအား ယနေ့ ဇူလိုင် ၉ ရက်(ဝါဆိုလပြည့်-ဓမ္မစကြာအခါတော်နေ့)နံနက်ပိုင်းက ဝါဆိုရွှေကြာသင်္ကန်းတော်များကပ်လှူပူဇော်ပူဇော်ခဲ့ကြသည်။ ဝါဆိုရွှေကြာသင်္ကန်းတော်များအား ကပ်လှူပူဇော်ခြင်းမပြုမီ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှစတင်၍ ရွှေကြာသင်္ကန်းများကို...

မြန်မာ-ရုရှား မိခင်နှင့် ကလေးေ-သဆုံးမှုလျော့ နည်းစေရေးနည်းလမ်းများဆိုင်ရာ...

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ မိခင်နှင့် ကလေးေ-သဆုံးမှုလျော့နည်းစေရေးနည်းလမ်းများဆိုင်ရာ သိပ္ပံနှင့် လက်တွေ့ပညာနှီးနှောဖလှယ်ပွဲအား ဇူလိုင် ၈ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၌စတင်ကျင်းပလျက်ရှိသည်။ နှီးနှောဖလှယ်ပွဲတွင် ရုရှားနိုင်ငံ၊...

ဂူဂျာရတ်တွင် တံတားကျိုးကျ၍ လူ ၁၀...

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် ဗုဒ္ဓဟူးနေ့က တံတားတစ်စင်း ကျိုးကျခဲ့မှုကြောင့် လူ ၁၀ ဦးထက်မနည်း ေ-သဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာအင်န်ဒီတီဗီက ဖော်ပြခဲ့သည်။ အခင်းဖြစ်ပွားခဲ့ရာ...

ထိုင်းနိုင်ငံ၏ အကြီးဆုံး ငွေလိ-မ်ဂိုဏ်းသားများကို ထောင်ဒဏ်ချမှတ်

ထိုင်းနိုင်ငံ၏ အကြီးမားဆုံး အွန်လိုင်း အလိမ်အညာဂိုဏ်းကို ဖြိုခွင်းခဲ့မှုတွင် ကြံရာပါ ရာဇဝတ်သား ၇၀ ဦးကို ထောင်ဒဏ် ၂၄ နှစ် အထိ...
HomeNewsLocal Newsမြေယာမှုခင်းအရှုပ်အရှင်းများအား သတ်မှတ်လုပ်ထုံးလုပ်နည်းများအတိုင်းဆောင်ရွက်ခြင်းမရှိ၍ အရှုပ်အထွေးများဖြစ်ပေါ်လာရခြင်းဖြစ်

မြေယာမှုခင်းအရှုပ်အရှင်းများအား သတ်မှတ်လုပ်ထုံးလုပ်နည်းများအတိုင်းဆောင်ရွက်ခြင်းမရှိ၍ အရှုပ်အထွေးများဖြစ်ပေါ်လာရခြင်းဖြစ်

မြေယာမှုခင်းများစိစစ်ရာတွင် ဘက်မလိုက်ဘဲ ဘက်ပေါင်းစုံမှစဉ်စားသုံးသပ်ကာ မှန်မှန်ကန်ကန် ဆောင်ရွက်ရန်လိုအပ်မှုနှင့်ပတ်သက်၍  ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးကပြောကြားလိုက်ခြင်းဖြစ်သည်။

ကရင်ပြည်နယ်ရှိ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီး ဌာနဝန်ထမ်းများအား တွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်နယ်ဦးစီးမှူးရုံး ဖားစည်မြေခန်းမ၌ တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ ဆောင်ရွက် ချက်များကို တွေ့ဆုံဆွေးနွေးရာ၌ “မြေယာမှုခင်းအရှုပ်အရှင်းတွေကို သတ်မှတ်လုပ်ထုံးလုပ်နည်းတွေအတိုင်းဆောင်ရွက်ခြင်းမရှိလို့ အရှုပ်အထွေးတွေဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်”ဟု ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးကပြောသည်။

ထို့ကြောင့် မြေယာမှုခင်းများစိစစ်ရာတွင် ဘက်မလိုက်ဘဲဘက်ပေါင်းစုံမှစဉ်စားသုံးသပ်၍ မှန်မှန် ကန်ကန်ဆောင်ရွက်ရမည်ဖြစ်ကာ အဓိကအား ဖြင့် မြေယာဥပဒေများကိုကြေညက်ရန်လိုသည်ဟု တိုက်တွန်းမှာကြားခဲ့သည်။ 

အခါအားလျှော်စွာထုတ်ပြန်သည့် အမိန့်နှင့်ညွှန် ကြားချက်များကို လေးစားလိုက်နာရန်လိုကာ တိတိကျကျစီမံခန့်ခွဲပြီး စာရင်းအင်းပြုစုပေးရသည့်ဌာနဖြစ်၍ ဒေတာအချက်အလက်များ မှန် ကန်ဖို့လိုသည်ဟု ပြောသည်။

“ဒါမှသာ နိုင်ငံတော်က စီမံကိန်းတွေချမှတ်ဆောင် ရွက်ရာမှာ မှန်ကန်ထိရောက်နိုင်မှာဖြစ်ပါတယ်”ဟု ပြည်နယ်ဝန်ကြီးချုပ်ကပြောသည်။

ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးဇော်မိုးအောင်က ဦးစီးဌာန၏ ခရိုင်၊ မြို့နယ်အလိုက် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ်ကို ရှင်းလင်းတင်ပြခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ ပတ္တမြားမျက်ရှင်ဘုရားနှင့် အာရုံခံတန်ဆောင်းမုခ်(၄)မုခ်ရှိ ဘုရားများအား ဝါဆိုရွှေကြာသင်္ကန်းတော်များကပ်လှူပူဇော်

ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ ပတ္တမြားမျက်ရှင်ဘုရားနှင့် အာရုံခံတန်ဆောင်းမုခ်(၄)မုခ်ရှိ ဘုရားများအား ယနေ့ ဇူလိုင် ၉ ရက်(ဝါဆိုလပြည့်-ဓမ္မစကြာအခါတော်နေ့)နံနက်ပိုင်းက ဝါဆိုရွှေကြာသင်္ကန်းတော်များကပ်လှူပူဇော်ပူဇော်ခဲ့ကြသည်။ ဝါဆိုရွှေကြာသင်္ကန်းတော်များအား ကပ်လှူပူဇော်ခြင်းမပြုမီ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှစတင်၍ ရွှေကြာသင်္ကန်းများကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအကျိုးဆောင်အသင်းအဖွဲ့များနှင့် အလှူရှင်များက ရင်ပြင်တော်တစ်ပတ်လက်ယာ ရစ် လှည့်လည်ပူဇော်ခဲ့ကြသည်။ ထို့နောက် တိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စေတီတော်ရင်ပြင်အထက်ပစ္စယာရှိ ပတ္တမြားမျက်ရှင်ဘုရား၊ ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းအဖွဲ့များနှင့် အလှူရှင်များက အာရုံခံတန် ဆောင်းမုခ်(၄)မုခ်ရှိ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမမြတ်စွာဘုရားများအား ဝါဆိုရွှေကြာသင်္ကန်းတော်များကို ကပ်လှူပူဇော်ခဲ့ကြသည်။ ထို့အတူ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့်(ဓမ္မစကြာအခါတော်နေ့)ရေစက်ချမင်္ဂလာအခမ်းအနားကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌...

မြန်မာ-ရုရှား မိခင်နှင့် ကလေးေ-သဆုံးမှုလျော့ နည်းစေရေးနည်းလမ်းများဆိုင်ရာ သိပ္ပံနှင့် လက်တွေ့ပညာပေးနှီးနှောဖလှယ်

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ မိခင်နှင့် ကလေးေ-သဆုံးမှုလျော့နည်းစေရေးနည်းလမ်းများဆိုင်ရာ သိပ္ပံနှင့် လက်တွေ့ပညာနှီးနှောဖလှယ်ပွဲအား ဇူလိုင် ၈ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၌စတင်ကျင်းပလျက်ရှိသည်။ နှီးနှောဖလှယ်ပွဲတွင် ရုရှားနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန Department to Educational Simulation Technologies in Medicine, National Medical Research Center for Obstetrics, Gynecology and Perinatology named after V.I.Kulakov မှ ဌာနမှူး Dr. Khamatkhanove Elizaveta က...

ဂူဂျာရတ်တွင် တံတားကျိုးကျ၍ လူ ၁၀ ဦးထက်မနည်း ေ-သဆုံး

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် ဗုဒ္ဓဟူးနေ့က တံတားတစ်စင်း ကျိုးကျခဲ့မှုကြောင့် လူ ၁၀ ဦးထက်မနည်း ေ-သဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာအင်န်ဒီတီဗီက ဖော်ပြခဲ့သည်။ အခင်းဖြစ်ပွားခဲ့ရာ ဂူဂျာရတ်ပြည်နယ် ဗာဒိုဒါရာမြို့တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ကိုလုပ်ဆောင်နေဆဲဖြစ်ပြီး တံတားကျိုးကျခဲ့စဉ်တွင် တံတားပေါ်ရှိ ယာဉ်ငါးစီးသည် အောက်ဘက်မြစ်ထဲသို့ ထိုးကျခဲ့ကြောင်း ပြောကြားခဲ့သည်။ တံတားပြိုကျခဲ့သည့် အပိုင်းနှင့် မီတာအနည်းငယ်အဝေးတွင်ရှိသည့် ရေနံတင်သင်္ဘောတစ်စီး ရပ်တန့်ထားခဲ့ရကာ ကယ်ဆယ်ရေးသမားများသည် ရေအောက်မှ ရုပ်အလေ-ာင်းများကို ပြန်လည်ဆယ်ယူနေခဲ့သည်။ ယခုဖြစ်ရပ်အပေါ် လွန်စွာဝမ်းနည်းရကြောင်းနှင့် အသက်ဆုံးရှုံးခဲ့ရသူများအတွက် ကြေကွဲရပါကြောင်း ဝန်ကြီးချုပ် နာရင်ဒြာမိုဒီက ပြောကြားခဲ့သည်။ Ref: အက်စ်အေဘီစီနူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071