Tuesday, December 3, 2024

နိုဝင်ဘာလအတွင်း ဂေါ်ရင်ဂျီကျွန်းသို့ ပြည်တွင်း ခရီးသွားဧည့်သည်(၁,၂၀၀)ကျော်...

ဧရာဝတီတိုင်း ဒေသကြီးရှိ ဂေါ်ရင်ဂျီကျွန်းသို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ပြည်တွင်း ခရီးသွားဧည့်သည် (၁,၂၀၀) ကျော် ဝင်ရောက်ခဲ့ကြောင်း ဒေသခံများထံမှ ပြောကြားချက်အရ...

ထရမ့်ပ်က ခမည်းခမက်ကို အကြီးတန်းအကြံပေးခန့်

ဝါရှင်တန်၊ဒီဇင်ဘာ ၂ ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ပ်သည် အာရပ်နှင့် အရှေ့အလယ်ပိုင်းရေးရာအကြီးတန်းအကြံပေးအဖြစ် ၎င်း၏သမီး တစ်ဖ်နီ၏ယောက္ခမဖြစ်သော လက်ဘနွန်အမေရိကန်စီးပွားရေးသမား မာဆက်ဒ်ဘူလို ကိုခန့်အပ်ခဲ့ကြောင်းသိရသည်။ ၎င်းသည် ဂါဇာနှင့်လက်ဘနွန်၌ အစ္စရေး၏ထိုးစစ်အတွက် ပံ့ပိုးကူညီပေးနေသည့် ဒီမိုကရက်တစ်သမ္မတဘိုင်ဒင်ကို...

ထိုင်းငါးဖမ်းစက်လှေများသည် မြန်မာ့ရေပိုင်နက်အတွင်းဝင်ရောက်ငါးဖမ်းမှုကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ဖြစ်စဉ်ကို...

ထိုင်းငါးဖမ်းစက်လှေများအား မြန်မာ့တပ်မတော်(ရေ)မှ ထိုင်းရေပိုင်နက်အတွင်းဝင်ရောက်ဖမ်းဆီးခဲ့ခြင်းမဟုတ်ဘဲ မြန်မာ့ရေပိုင်နက်အတွင်းဝင်ရောက်၍ ငါးဖမ်းနေသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ထိခိုက်‌ေ-သဆုံးမှုမရှိခဲ့ကြောင်း၊ ဖမ်းဆီးရမိထားသူများမှာလည်း ကောင်းမွန်စွာရှိနေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဒီဇင်ဘာ...

ဒီဇင်ဘာလအတွက် ရန်ကုန်အထိုင် မြေဩဇာဈေးများသတ်မှတ်ထုတ်ပြန်

ယခု ဒီဇင်ဘာလအတွက် တောင်သူများ အဓိကသုံးစွဲနေသည့် မြေသြဇာ (၃) မျိုး၏ ရန်ကုန်အထိုင်ဈေးများကို သတ်မှတ်ထုတ်ပြန် မြန်မာနိုင်ငံမြေဩဇာ၊မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ သတ်မှတ်ထုတ်ပြန်ထားသည်။ ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး...
HomeNewsLocal Newsမြေနီကုန်း တံတားအောက်ပေါက်ကွဲမှုတွင် ဒဏ်ရာရခဲ့သည့်...

မြေနီကုန်း တံတားအောက်ပေါက်ကွဲမှုတွင် ဒဏ်ရာရခဲ့သည့် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး

မြေနီကုန်း တံတားအောက်ပေါက်ကွဲမှုတွင် ဒဏ်ရာရခဲ့သည့် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး

ယမန်နေ့ ဇူလိုင်လ (၁၂) ရက် ညနေပိုင်းက စမ်းချောင်းမြို့နယ် ၊ မြေနီကုန်း ဂုံးတံတားအောက်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတွင် ထိခိုက် ဒဏ်ရာရရှိခဲ့သူများထဲမှ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူများကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးနှင့် တပ်မတော် စစ်ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ရာ လှိုင်သာယာမြို့နယ်နေ မအေးပြည့်ပြည့်ဇော်မှာ ရင်ဘတ် ဗုံးစထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်ပြီးမကြာမီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာပြင်းထန်သူများကို တပ်မတော် စစ်ဆေးရုံသို့ ပို့ ဆောင် ကုသပေးနေစဉ်အတွင်း ဗုံးစထိမှန်သူ အမျိုးသ မီးတစ်ဦး စစ်ဆေးရုံ၌ ထပ်မံ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု လိုက်ပါကူညီခဲ့သည့် ပရဟိတသမား တစ်ဦးက ပြောသည်။

” ညတည်းက ဆုံးတာ ဖြစ်ဖို့များတယ်။ ကျွန်တော်တို့ဆီ သတင်းကတော့ ဒီမနက်မှ ဝင်တာ။ စစ်ဆေးရုံက တစ်ယောက်လည်း ဆုံးတယ်ဆိုပြီးတော့။ ဘယ်သူဘယ်ဝါဖြစ်တယ်တော့ မမေးလိုက်ရဘူး။ကျန်တဲ့သူတွေရဲ့အခြေ အနေကလည်း စောင့်ကြည့်ဆဲပါ” ဟု ၎င်းက ပြောသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ ဗုံးပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရသူ (၈) ဦးရှိခဲ့သည့်အနက် အမျိုးသမီး (၂) ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လ (၁၂) ရက်သည် ဗုဒ္ဓဘာသာတို့အထွဋ်အမြတ်ထားရာ ဝါဆိုလပြည့်နေ ဖြစ်ပြီး ယင်းနေ့တွင် ဖြစ်ပွားသည့် အဆိုပါဖြစ်စဉ်အပေါ် ပြစ်တင် ဝေဖန်မှုများလည်း မြင့်တက်နေသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုဝင်ဘာလအတွင်း ဂေါ်ရင်ဂျီကျွန်းသို့ ပြည်တွင်း ခရီးသွားဧည့်သည်(၁,၂၀၀)ကျော် ဝင်ရောက်ခဲ့

ဧရာဝတီတိုင်း ဒေသကြီးရှိ ဂေါ်ရင်ဂျီကျွန်းသို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ပြည်တွင်း ခရီးသွားဧည့်သည် (၁,၂၀၀) ကျော် ဝင်ရောက်ခဲ့ကြောင်း ဒေသခံများထံမှ ပြောကြားချက်အရ သိရသည်။ အဆိုပါ ကျွန်းသို့ ရန်ကုန်၊ နေပြည်တော်ရှိ ခရီးသွားများမှ လာရောက်လည်ပတ်ကြသလို အနီးအနားရှိ မြို့နယ်များမှလည်း လာရောက်လည်ပတ်ကြကြောင်း သိရသည်။ ခရီးသွားများ ညအိပ်တည်းခိုနိုင်ရန်အတွက် တည်းခိုခန်း (၆) လုံး၊ ဘန်ဂလို (၅) လုံး၊ ဟိုတယ် (၁) လုံးဖွင့်လှစ်ပေးထားကြောင်း သိရသည်။ ငရုတ်ကောင်းဒေသရှိ ဂေါ်ရန်ဂျီကျွန်း၊ ကြွေချိုင်ကမ်းခြေ၊ နံသာပုကမ်းခြေ၊ စပါးထား ကမ်းခြေသို့...

ထရမ့်ပ်က ခမည်းခမက်ကို အကြီးတန်းအကြံပေးခန့်

ဝါရှင်တန်၊ဒီဇင်ဘာ ၂ ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ပ်သည် အာရပ်နှင့် အရှေ့အလယ်ပိုင်းရေးရာအကြီးတန်းအကြံပေးအဖြစ် ၎င်း၏သမီး တစ်ဖ်နီ၏ယောက္ခမဖြစ်သော လက်ဘနွန်အမေရိကန်စီးပွားရေးသမား မာဆက်ဒ်ဘူလို ကိုခန့်အပ်ခဲ့ကြောင်းသိရသည်။ ၎င်းသည် ဂါဇာနှင့်လက်ဘနွန်၌ အစ္စရေး၏ထိုးစစ်အတွက် ပံ့ပိုးကူညီပေးနေသည့် ဒီမိုကရက်တစ်သမ္မတဘိုင်ဒင်ကို မလိုလားကြသော အာရပ်အမေရိကန်အများစုကြိ မဲဆွယ်ကာလအတွင်းစုစည်းပေးကာ ထရမ့်ပ်အတွက်အထောက်အကူဖြစ်စေရန်ဆောင်ရွက်ပေးခဲ့သူ လည်းဖြစ်သည်။ ၎င်းစည်းရုံးသည့်အတိုင်းပင် ထရမ့်ပ်သည် အာရပ်အ‌မေရိကန်များ အများဆုံးရှိရာဒေသများတွင် မဲအရေအတွက်အလေးသာဏခဲ့ခြင်းလည်းဖြစ်သည်။ "သူဟာ ရီပတ်ဘလစ်ကန်နဲ့ ကွန်ဆာဗေးတစ်ကို ကာလရှည်ထောက်ခံအားပေးခဲ့သူတစ်ဦးဖြစ်သလို ကျွန်တော့်ရဲ့မဲဆွယ်ကာလမှာလည်း အများကြီးအထောက်အကူပြုခဲ့သူတစ်ဦးပါ၊ဒါ့အပြင် အာရပ်အမေရိကန်လူမျိုးတွေနဲ့ဆက်ဆံရေးအတွက် အထောက်အကူပြုနိုင်မဲ့သူတစ်ဦးလည်းဖြစ်ပါတယ်" ဟု ၎င်းကပြောကြားခဲ့သည်။ ထရမ့်ပ်နှင့်ဘူလိုတို့က ရွေးကောက်ခံ ရီပတ်ဘလစ်ကန်သမ္မတသည် အရှေ့အလယ်ပိုင်းသို့ ငြိမ်းချမ်းရေးယူဆောင်လာလိမ့်မည်ဟု ပြောကြားခဲ့သော်လည်း ဒေသတွင်းအတွက်ထရမ့်ပ်၏အစီအစဉ်များနှင့် ပတ်သက်၍ တိကျသောအသေးစိတ်အချက်အလက်များကိုမူထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။ Source...

ထိုင်းငါးဖမ်းစက်လှေများသည် မြန်မာ့ရေပိုင်နက်အတွင်းဝင်ရောက်ငါးဖမ်းမှုကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ဖြစ်စဉ်ကို ထိုင်းတာဝန်ရှိသူများထံ တရားဝင်အကြောင်းကြားခဲ့ဟု နစက ပြောရေးဆိုခွင့်ရှိသူဆို

ထိုင်းငါးဖမ်းစက်လှေများအား မြန်မာ့တပ်မတော်(ရေ)မှ ထိုင်းရေပိုင်နက်အတွင်းဝင်ရောက်ဖမ်းဆီးခဲ့ခြင်းမဟုတ်ဘဲ မြန်မာ့ရေပိုင်နက်အတွင်းဝင်ရောက်၍ ငါးဖမ်းနေသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ထိခိုက်‌ေ-သဆုံးမှုမရှိခဲ့ကြောင်း၊ ဖမ်းဆီးရမိထားသူများမှာလည်း ကောင်းမွန်စွာရှိနေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဒီဇင်ဘာ ၂ ရက်က ရှင်းလင်းပြောကြားခဲ့ပြောသည်။ ဖြစ်စဥ်မှာ နိုဝင်ဘာ ၃၀ ရက်နံနက် ၂ နာရီ ၄၀ မိနစ်ခန့်က ကော့သောင်းမြို့နယ်ရှိ မြန်မာ့ရေပိုင်နက်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် မြန်မာ့စစ်ရေယာဥ်တစ်စီးသည် လှုပ်ရှားနေသော မသင်္ကာဖွယ်လှုပ်ရှားမှု(၅)ခုအား ရေဒါမှတစ်ဆင့်တွေ့ရှိခဲ့သဖြင့် ယင်းနေရာအားသွားရောက်စစ်ဆေးရာ ငါးဖမ်းစက်လှေများဖြစ်ကြောင်းတွေ့ရှိရ၍စစ်ဆေးရန် မီးအချက်ပြရာ ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့ကြသည်ဟု ဆိုသည်။ ထို့ကြောင့် နံနက် ၃ နာရီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071