မြို့သစ်မြို့နယ်တွင် ဆရာတော်တစ်ပါး သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် ပျံလွန်တော်မူခဲ့
မကွေးတိုင်း၊မြို့သစ်မြို့နယ်၊အိုင်မကျေးရွာ၊ရှားပင်ရေခဲတိုက်နှင့်ရိုးနဂါးပေါက်တဲတိုက်သွားလမ်းဆုံ၌ ဇူလိုင် ၃၀ ရက်မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနေ့မွန်းလွဲ ၁ နာရီခွဲက ဖက်ရေတောကျေးရွာ ရှိ ဘုန်းတော်ကြီးကျောင်းတွင် တစ်ပါးတည်းသီတင်းသုံးနေသည့် ဆရာတော်ဘဒ္ဒန္တကုသလ သက်တော်(၅၁)နှစ်အား လက်နက်ကိုင်အဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။
ထိုသို့ ဖမ်းဆီးသွားပြီးနောက် ရှားပင်ရေခဲတိုက်နှင့်ရိုးနဂါးပေါက်တဲတိုက်သွားလမ်းဆုံ၌ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြသဖြင့် ဆရာတော်ဘဒ္ဒန္တကုသလ သည်ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သံဃာတော် ၅၃ ပါးနှင့်သီလရှင်ဆရာကြီး ၁ ပါးပျံလွန်တော်မူခဲ့ပြီးဖြစ်သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။