မြို့ပတ်ရထားလမ်းပေါ်ရှိ ဘူတာ(၅)ခုအဆင့်မြှင့်တင်ဖို့ တင်ဒါခေါ်ယူ
ရန်ကုန် ဒီဇင်ဘာ ၁၃
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွေဆောင်ရွက်ရာမှာတစိတ်တပိုင်းအဖြစ်ပါဝင်နေတဲ့ ဘူတာ(၅)ခုကို ပလက်ဖောင်းနဲ့ လူကူးကုန်းကျော်တံတားတွေ တည်ဆောက်ဖို့ တင်ဒါခေါ်ယူလိုက်ပါတယ်။
တာမွေ၊ကျောက်ရေတွင်း၊ဟံသာဝတီ၊ပါရမီနဲ့ဥက္ကလာ ဘူတာတွေမှာ ပလက်ဖောင်နဲ့လူကူးကုန်းကျော်တံတားတွေ တည်ဆောက် မှာဖြစ်ပါတယ်။
အခုခေါ်ယူတဲ့တင်ဒါအတွက် ဒီဇင်ဘာလ(၈)ရက်နေ့က စတင်လက်ခံထားတာဖြစ်ပြီး လာမယ့် (၂၀၂၂)ခုနှစ်ဇန်နဝါရီလ(၇)ရက်နေ့အထိ လက်ခံသွားမယ်လို့သိရပါတယ်။
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်တဲ့လုပ်ငန်းကို NLD အစိုးရလက်ထက်ထဲက ဂျပန်ချေးငွေ အကူအညီနဲ့ဆောင်ရွက်နေတာဖြစ်ပြီး လုပ်ငန်းအားလုံး ပြီးစီးသွားရင် မြို့ပတ်ရထား သွားလာချိန်တွေ ပိုမို တိုတောင်းသွားမှာဖြစ်ပြီး အချိန်တိုနဲ့ စီးနင်းသွားလာနိုင်မယ်လို့သိရပါတယ်။
Zaw Gyi
ၿမိဳ႕ပတ္ရထားလမ္းေပၚရွိ ဘူတာ(၅)ခုအဆင့္ျမႇင့္တင္ဖို႔ တင္ဒါေခၚယူ
ရန္ကုန္ ဒီဇင္ဘာ ၁၃
ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း အဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းေတြေဆာင္ရြက္ရာမွာတစိတ္တပိုင္းအျဖစ္ပါဝင္ေနတဲ့ ဘူတာ(၅)ခုကို ပလက္ေဖာင္းနဲ႔ လူကူးကုန္းေက်ာ္တံတားေတြ တည္ေဆာက္ဖို႔ တင္ဒါေခၚယူလိုက္ပါတယ္။
တာေမြ၊ေက်ာက္ေရတြင္း၊ဟံသာဝတီ၊ပါရမီနဲ႔ဥကၠလာ ဘူတာေတြမွာ ပလက္ေဖာင္နဲ႔လူကူးကုန္းေက်ာ္တံတားေတြ တည္ေဆာက္ မွာျဖစ္ပါတယ္။
အခုေခၚယူတဲ့တင္ဒါအတြက္ ဒီဇင္ဘာလ(၈)ရက္ေန႔က စတင္လက္ခံထားတာျဖစ္ၿပီး လာမယ့္ (၂၀၂၂)ခုႏွစ္ဇန္နဝါရီလ(၇)ရက္ေန႔အထိ လက္ခံသြားမယ္လို႔သိရပါတယ္။
ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း အဆင့္ျမႇင့္တင္တဲ့လုပ္ငန္းကို NLD အစိုးရလက္ထက္ထဲက ဂ်ပန္ေခ်းေငြ အကူအညီနဲ႔ေဆာင္ရြက္ေနတာျဖစ္ၿပီး လုပ္ငန္းအားလုံး ၿပီးစီးသြားရင္ ၿမိဳ႕ပတ္ရထား သြားလာခ်ိန္ေတြ ပိုမို တိုေတာင္းသြားမွာျဖစ္ၿပီး အခ်ိန္တိုနဲ႔ စီးနင္းသြားလာနိုင္မယ္လို႔သိရပါတယ္။