မြို့နယ် ၃ ခုရှိ PDF အဖွဲ့ဝင်များထဲမှ ပြစ်မှုကျူး လွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူ ၇ ဦးအား မိဘများထံပြန်လည်အပ်နှံ
ရှမ်းပြည်နယ်၊မန္တလေးတိုင်းနှင့်မကွေးတိုင်းတို့မှမြို့နယ် ၃ ရှိ PDF အဖွဲ့ဝင်များထဲမှ ပြစ်မှုကျူး လွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၆ ဦး၊အမျိုးသမီး ၁ ဦးတို့အား စက်တင်ဘာ ၁၇ ရက်နံနက်ပိုင်းက မိဘများထံပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့သည်။
သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများ၊ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့်မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။
တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေး ချမ်းရေးနှင့်တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်း လင်းဆွေးနွေးပြောကြားပြီးနောက် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသည့် တောင်ကြီးမြို့နယ်အတွင်းမှ PDF အဖွဲ့ဝင်အမျိုးသမီး ၁ ဦး၊စဥ့်ကူးမြို့နယ်အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား ၄ ဦး၊ဆင်ပေါင်ဝဲမြို့နယ်အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား ၂ ဦး(စုစုပေါင်း ၇ ဦး)တို့အား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီးနောက် မိဘများထံပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြသည်။
PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အား နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူး ပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက် နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု နစက ကအသိပေးထုတ်ပြန်ထားသည်။