(Unicode)
မြိတ်-ရန်ကုန် အဝေးပြေးခရီးသည်တင်ကားတွေ စတင်ပြေးဆွဲ
ကိုဗစ်(၁၉)ရောဂါဖြစ်ပွားတဲ့နှုန်းလျော့ကျလာတာကြောင့် ယာယီပိတ်ထားတဲ့ မြိတ်-ရန်ကုန် အဝေးပြေးခရီးသည်တင်ကားတွေကို ကိုဗစ်(၁၉)ရောဂါစည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ အရင်ခရီး သည်လိုက်ပါတဲ့အရေအတွက်ရဲ့ ထက်ဝက်နဲ့ပြန်ပြီးပြေးဆွဲခွင့်ပြုလိုက်ပြီးဖြစ်ပါတယ်။
“နိုဝင်ဘာ ၁၅ ရက်ကစပြီး ကားတွေထွက်လို့ရတာ ခရီးသည်ကတော့ တစ်ဝက်ပဲတင်ခွင့်ပြုထားသေးတယ် ကုန်ပစ္စည်းတွေကတော့အထိုက်အလျှောက်တင်ရမှာပေါ့ ဆီစျေးတွေကလည်းတက်နေတာ”လို့ မြိတ်-ရန်ကုန် ခရီးသည်တင်ယာဥ်လိုင်းတစ်ခုက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
အခုလို အဝေးပြေးခရီးသည်တင်ကားတွေ ပြန်ပြီးပြေးဆွဲဖို့အတွက် ကားတွေမှာလိုက်နာရမဲ့စည်း ကမ်းချက်တွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပေးခဲ့ပါတယ်။
မြိတ်-ရန်ကုန် ကိုပြေးဆွဲပေးနေတဲ့ ယာဥ်ငယ်လိုင်း ၃၅ လိုင်းနဲ့ယာဥ်ကြီးလိုင်း ၁၅ လိုင်းရှိပါတယ်။
(Zawgyi)
ၿမိတ္-ရန္ကုန္ အေဝးေျပးခရီးသည္တင္ကားေတြ စတင္ေျပးဆြဲ
ကိုဗစ္(၁၉)ေရာဂါျဖစ္ပြားတဲ့ႏႈန္းေလ်ာ့က်လာတာေၾကာင့္ ယာယီပိတ္ထားတဲ့ ၿမိတ္-ရန္ကုန္ အေဝးေျပးခရီးသည္တင္ကားေတြကို ကိုဗစ္(၁၉)ေရာဂါစည္းကမ္းသတ္မွတ္ခ်က္ေတြနဲ႔အညီ အရင္ခရီး သည္လိုက္ပါတဲ့အေရအတြက္ရဲ႕ ထက္ဝက္နဲ႔ျပန္ၿပီးေျပးဆြဲခြင့္ျပဳလိုက္ၿပီးျဖစ္ပါတယ္။
“ႏိုဝင္ဘာ ၁၅ ရက္ကစၿပီး ကားေတြထြက္လို႔ရတာ ခရီးသည္ကေတာ့ တစ္ဝက္ပဲတင္ခြင့္ျပဳထားေသးတယ္ ကုန္ပစၥည္းေတြကေတာ့အထိုက္အေလွ်ာက္တင္ရမွာေပါ့ ဆီေစ်းေတြကလည္းတက္ေနတာ”လို႔ ၿမိတ္-ရန္ကုန္ ခရီးသည္တင္ယာဥ္လိုင္းတစ္ခုက တာဝန္ရွိသူတစ္ေယာက္ကေျပာပါတယ္။
အခုလို အေဝးေျပးခရီးသည္တင္ကားေတြ ျပန္ၿပီးေျပးဆြဲဖို႔အတြက္ ကားေတြမွာလိုက္နာရမဲ့စည္း ကမ္းခ်က္ေတြကိုလည္း က်န္းမာေရးဝန္ႀကီးဌာနကထုတ္ေပးခဲ့ပါတယ္။
ၿမိတ္-ရန္ကုန္ ကိုေျပးဆြဲေပးေနတဲ့ ယာဥ္ငယ္လိုင္း ၃၅ လိုင္းနဲ႔ယာဥ္ႀကီးလိုင္း ၁၅ လိုင္းရွိပါတယ္။