Saturday, August 15, 2026

MCCT အစီအစဉ်အမည်ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများရှိနေသဖြင့်...

နေပြည်တော်၊ သြဂုတ်-၁၅ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးသည့် MCCT အစီအစဉ်၏ နာမည်ကို အလွဲသုံးစားပြု၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ...

ရန်ကုန်နှင့် ကျိုက္ခမီတို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ၍...

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်မြို့နှင့် ကျိုက္ခမီမြို့တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ရှိနေသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကြရန်နှင့် ရောဂါလက္ခဏာများဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံများတွင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း...

နိုင်ငံ့စီးပွားရေးကိုအထောက်အကူဖြစ်စေမည့် ဝါး၊ ရာဘာတို့ကိုစိုက်ပျိုးကြရန် နိုင်ငံတော်သမ္မတ...

စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ် ဝန်းကျင်ကိုထိန်းသိမ်းပေးရုံသာမက နိုင်ငံ့စီးပွားရေးကို အထောက်အကူဖြစ်စေမည့် ဝါး၊ ရာဘာစသည့် နှစ်ရှည်စက်မှုကုန်ကြမ်းသစ်ပင်မျိုးများကို အ ခြေအနေပေးသည့်၊ ရနိုင်သည့်နေရာများတွင်စိုက်ပျိုးကြရန် နိုင်ငံတော်သ မ္မတ...
HomeNewsLocal Newsမြဝတီ မြို့စောင့်တပ် ခလရ...

မြဝတီ မြို့စောင့်တပ် ခလရ (၂၇၅) ကို တပ်မတော် ပြန်လည်ထိန်းချုပ်

KNLA၊ PDF ပူးပေါင်းအဖွဲ့များ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ယာယီလက်လွှတ်ခဲ့ရသည့် မြဝတီမြို့စောင့်တပ် ခလရ (၂၇၅) ကိုတပ်မတော်မှ ပြန်လည်ထိန်းချုပ်ရာတွင် KNA တို့က ပူးပေါင်းရပ်တည်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ (၁၁) ရက်က စတင်ကာ (၁၀) ရက်ကျော် လက်လွှတ်ခဲ့ရသည့် ခလရ (၂၇၅) ကို ယနေ့ ဧပြီလ (၂၃) ရက် နေ့လယ်ပိုင်းက ပြန်လည်ထိန်းချုပ်လိုက်နိုင်ခြင်း ဖြစ်ကြောင်း KNA နှင့် နီးစပ်သည့် သတင်းရင်းများထံမှ သိရသည်။

ခလရ (၂၇၅) တိုက်ခိုက်ခံရချိန်က ခွာစစ်ဆင်ခဲ့ပြီး ထိုင်း – မြန်မာ အမှတ်(၂) ချစ်ကြည်ရေးတံတားသို့ ပြောင်းရွေ့နေခဲ့ရသည့် တပ်ဖွဲ့ဝင် (၂၀၀) ဝန်းကျင်သည် ယနေ့ နေ့လယ်ပိုင်းတွင် ခလရ (၂၇၅) စခန်းအတွင်းပြန်လည်ဝင်ရောက်နိုင်ခဲ့ပြီဖြစ်ကြောင်း မြဝတီဒေသခံသ တင်းရင်းမြစ်များကလည်း အတည်ပြု ပြောကြားသည်။

အဆိုပါ တပ်ဖွဲ့ဝင် (၂၀၀) ကျော် ရှိနေသည့် အမှတ်(၂) ချစ်ကြည်ရေးတံတားရှိ အဆောက်အဦများကို ဧပြီ (၂၀) ရက် နံနက်အစောပိုင်းက KNLA နှင့် PDF ပူးပေါင်းအဖွဲ့များ ထပ်မံတိုက်ခိုက်ခဲ့သည့်အတွက် တပ်မတော်မှ လေကြောင်းပစ်ကူဖြင့် တန်ပြန်တိုက်ခဲ့ရာ ဧပြီ (၂၁) ရက်တွင် KNLA နှင့်ပူးပေါင်းအဖွဲ့များ ဆုတ်ခွာသွားခဲ့ရသည်။

ယင်းသို့ဆုတ်ခွာသွားသည့်အတွက် မြဝတီမြို့နှင့်အနီးတဝိုက်တွင် တိုက်ပွဲများ ပြန်လည်ငြိမ်သက်သွားခဲ့ပြီး ယနေ့နေ့လယ်ပိုင်းတွင် တပ်မတော်က ခလရ(၂၇၅) ကို ပြန်လည်ထိန်းချုပ်လိုက်နိုင်ခြင်းလည်း ဖြစ်သည်။

မြဝတီမြို့အနီး တိုက်ပွဲအတွင်း အရပ်သား (၅) ဦး ‌ေ-သဆုံးခဲ့ပြီး (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လူနေအိမ်နှင့် အဆောက်အဦအချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ခလရ (၂၇၅) စတင်တိုက်ခိုက်ခံရချိန်မှ စတင်ကာ မြဝတီမြို့ လုံခြုံရေးကို BGF အသွင်ပြောင်း KNA က တာဝန်ယူပေးထားပြီး မြို့ပေါ်၌ ကင်းလှည့်ခြင်းကို ဆောင်ရွက်လျက်ရှိနေခြင်းလည်း ဖြစ်သည်။

ခလရ (၂၇၅) ကို တပ်မတော်က ပြန်လည် ထိန်းချုပ်နိုင်ရန် KNA က အကူညီပေးခဲ့သည် ဆိုသည့်သတင်းနှင့် ပတ်သက်၍ KNA ၏ တာဝန်ရှိသူများဖြစ်သည့် ဗိုလ်မှူးကြီး စောချစ် သူ၊ ဗိုလ်မှူးကြီး စောတင်ဝင်းနှင့် ဗိုလ်မှူးနိုင်မောင်ဇော်တို့ထံ ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း ဖုန်းအဆက်အသွယ်မရသဖြင့် အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MCCT အစီအစဉ်အမည်ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများရှိနေသဖြင့် သတိပြုကြရန် လူမှုဝန်ထမ်းဦးစီးဌာန အသိပေး

နေပြည်တော်၊ သြဂုတ်-၁၅ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးသည့် MCCT အစီအစဉ်၏ နာမည်ကို အလွဲသုံးစားပြု၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ပေါ်ပေါက်လျက်ရှိသဖြင့် မိဘပြည်သူများအနေဖြင့် အထူးသတိပြုကြရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် MCCT အစီအစဉ်တွင် အကျုံးဝင်သူများ၏ စာရင်းကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် လူပြင်၌သာ စာရင်းကောက်ယူခြင်းကို ဆောင်ရွက်လျက်ရှိပြီး အွန်လိုင်း (Online) မှတစ်ဆင့် စာရင်းကောက်ယူခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြောင်း...

ရန်ကုန်နှင့် ကျိုက္ခမီတို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ၍ အထူးသတိပြုရန် ကျန်းမာရေးဝန်ကြီးဌာန အသိပေး

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်မြို့နှင့် ကျိုက္ခမီမြို့တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ရှိနေသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကြရန်နှင့် ရောဂါလက္ခဏာများဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံများတွင် အချိန်မီ ကုသမှုခံယူကြရန် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရောဂါပိုးပါဝင်သည့် မသန့်ရှင်းသော ရေနှင့် အစားအစာများကို စားသုံးမိခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားခြင်းဖြစ်ပြီး မိုးဦးကျကာလနှင့် မိုးကုန်ဆောင်းအကူး ကာလများတွင် ရောဂါဖြစ်ပွားမှု ပိုမိုများပြားနိုင်ကြောင်း သိရသည်။ ရောဂါပိုးများသည် အညစ်အကြေးများမှတစ်ဆင့် ယင်ကောင်များ၊ မသန့်ရှင်းသော လက်များနှင့် အစားအသောက်များအတွင်းသို့ ရောက်ရှိကာ တစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည်။ အဆိုပါ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် ရုရှားနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာ-ရုရှား နှစ်နိုင်ငံကြားရှိ ရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကိုပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071