ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွားအာရှလမ်းမကြီး၏ ကွမ်းခြံကုန်းအဆင်းတွင် မေ ၂၅ ရက်(ယနေ့)ညနေပိုင်းက ပြောင်းဆန်များတင်လာသည့် တွဲကားတစ်စီးတိမ်းမှောက်ခဲ့ကြောင်း သင်္ဃန်းညီနောင်မြို့သစ်လူမှုကူညီရေးအသင်းမှ သိရသည်။
အာရှလမ်းမကြီးအတိုင်း ပြောင်းဆန်များတင် ဆောင်မောင်းနှင်လာသည့်တွဲကားသည် ကွမ်းခြံကုန်းအဆင်းအရောက်လမ်းချော်၍ တိမ်းမှောက်သွားခဲ့ပြီးနောက် တွဲကားခေါင်းမှာပြုတ်ထွက်သွားခဲ့ကြောင်း သိရသည်။
“တစ်နေ့လုံးနေပူထားပြီး ရုတ်တရက်မိုးရွာချလိုက်တော့ လမ်းချော်(စလစ်)ဖြစ်ပြီးမှောက်သွားတာပါ တွဲခေါင်းပြုတ်ထွက်သွားတယ် လူထိခိုက်ဒဏ်ရာရတာမရှိပါဘူး”ဟု သင်္ဃန်းညီနောင်မြို့သစ်လူမှုကူညီရေးအသင်းမှ သိရသည်။
အာရှလမ်းမကြီး၏ ကွမ်းခြံကုန်းအဆင်းတွင် မေ ၂၀ ရက်ကလည်း ပြောင်းဆန်များတင်လာသည့်တွဲကားတိမ်းမှောက်ခဲ့ပြီး ကားမောင်းသူသေဆုံးကာ စပယ်ယာဖြစ်သူထိခိုက်ဒဏ်ရာရရှိခဲ့မှုဖြစ်ပွားခဲ့သည်။
Photo-သင်္ဃန်းညီနောင်အသင်း