Wednesday, January 22, 2025

ပြည်ထောင်စုနေ့၌ စတင်ဖွင့်လှစ်ရန်စီစဉ်နေသည့် တာချီလိတ်ညဈေး(Tachileik Night...

ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ တာချီလိတ်ညဈေး(Tachileik Night Market)ကိုဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိရာ တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဈေးရောင်းချမည့်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၁...

ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင်အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် အာမခံထားရှိနိုင်

အာမခံအမျိုးအစားသစ်များဖြစ်သည့် ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင် အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် ပြည်သူများအနေဖြင့် အာမခံထားရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၈) ကြိမ်မြောက်အစည်းအဝေးမှ သိရသည်။ အာမခံကုမ္ပဏီများအနေဖြင့် အာမခံအမျိုးအစားများကို...

ကျောက်ဖြူရေနက်ဆိပ်ကမ်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ရန်ညွှန်ကြား

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်သက်တမ်း သတ်မှတ်ရက်မရောက်ခင် လုပ်ငန်းများကိုပြီးစီးအောင်ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန...

အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ်(၃)ခုအတွက် မြန်မာ...

အိန္ဒိယ အစိုးရ၏ အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ် (၃)ခုအတွက် ပံ့ပိုးကူညီမှုဆိုင်ရာနားလည်မှု စာချွန်လွှာကို နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ အစိုးရ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်...
HomeNewsFootballမြဝတီအသင်း၏ အုပ်ချုပ်သူနည်းပြများအပါအ၀င် ကစားသမားများ...

မြဝတီအသင်း၏ အုပ်ချုပ်သူနည်းပြများအပါအ၀င် ကစားသမားများ ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေးချမှတ်ခံရ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပလျက်ရှိသော Myanmar National League I 2023 ပွဲစဥ်(၁၁) အဖြစ် ဇူလိုင်လ ၆ ရက်က သုဝဏ္ဏကွင်း၌ ယှဥ်ပြိုင်ကစားခဲ့သည့် ရတနာပုံအက်ဖ်စီအသင်းနှင့် မြဝတီအက်ဖ်စီအသင်းတို့မှ ဖြစ်ရပ်များနှင့် ပတ်သတ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီမှ အုပ်ချုပ်သူနည်းပြများအပါအ၀င် ကစားသမားများကို ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေးချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါပွဲစဥ် ပွဲကစားချိန် ၈၉ မိနစ်တွင် မြဝတီအသင်းဂိုးသမားလက်မှ လွတ်ကျလာသည့် ဘောလုံးကိုရတနာပုံအသင်းမှ ရရှိသွားပြီး သွင်းယူခဲ့သောဂိုးအား ဒိုင်လူကြီးမှ ဂိုးအဖြစ်သတ်မှတ်ပေးခဲ့ခြင်းအပေါ် မြဝတီအက်ဖ်စီအသင်း တာဝန်ရှိသူများနှင့် ကစားသမားများက ဒိုင်လူကြီးအား လွန်လွန်ကျူးကျူးဝိုင်းဝန်းစောဒကတက်ခဲ့ခြင်းကြောင့် ပြိုင်ပွဲတာဝန်ကျ MC မှ ဝင်ရောက်ထိန်းသိမ်းဖြောင်းဖျခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ ထပ်မံ၍ အုပ်စုလိုက်စောဒကတက်ခဲ့ခြင်းကြောင့် ပြိုင်ပွဲအား ၁၀ မိနစ်ခန့်ရပ်နားခဲ့ရသည်။

ထို့ကြောင့် အဆိုပါပွဲစဥ်မှ ဖြစ်ရပ်များအား ယနေ့ ဇူလိုင် ၈ ရက်နံနက်က အစည်းအဝေးပြုလုပ်၍ တာဝန်ကျပြိုင်ပွဲကြီးကြပ်(MC)အား ခေါ်ယူမေးမြန်းခြင်း၊ ကွင်းလယ်ဒိုင်လူကြီးနှင့် ဒိုင်အဖွဲ့များအား ခေါ်ယူမေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်လူကြီးများ၏ အစီရင်ခံစာများအား ဖတ်ရှုလေ့လာခြင်း၊ မှတ်တမ်းတင် ဗီဒီယိုဖိုင်များကို အသေးစိတ်ကြည့်ရှုခြင်း၊ မြဝတီအက်ဖ်စီအသင်းမှ အသင်းမန်နေဂျာ၊ အသင်းခေါင်းဆောင်နှင့် အနီကတ်ပြသခံရသောကစားသမားတို့အား ခေါ် ယူတွေ့ဆုံမေးမြန်းခြင်းများပြုလုပ်ပြီးနောက် အရေးယူပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

မြဝတီအက်ဖ်စီအသင်းမှ ကျောနံပါတ် (၂၀) သော်ဇင်ထွေးအား အနီးစပ်ဆုံး(၄)ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေးငွေကျပ်(၄)သိန်း၊ ကျောနံပါတ်(၁၁) သက်ပိုင်ကိုနှင့် အသင်းခေါင်းဆောင် ကျောနံပါတ်(၄) ဝေယံဦးတို့နှစ်ဦးအား ဒဏ်ကြေးငွေကျပ်(၁)သိန်းစီ ပေးဆောင်စေရန်နှင့် နောက်နောင်တွင် အလားတူဖြစ်ရပ်မျိုး အပြုအမူမျိုး မပြုလုပ်စေရန် စာဖြင့်နောက်ဆုံးအကြိမ်သတိပေးသည့်ပြစ်ဒဏ်ချမှတ်သတိပေးခဲ့သည်။

ထို့အပြင် မြဝတီအက်ဖ်စီအသင်းမှ အုပ်ချုပ်/နည်းပြ အဖွဲ့ဝင်အချို့မှာ ဒိုင်လူကြီးအား ပြင်းထန်စွာဝိုင်းဝန်းစောဒကတက်ခဲ့ခြင်းကြောင့် မြဝတီအက်ဖ်စီအသင်းအား ဒဏ်ကြေးငွေကျပ်(၁၀)သိန်း ပေးဆောင်စေရန်နှင့် အလားတူ ဖြစ်ရပ်မျိုး မဖြစ်ပွားစေရန် ပိုမိုထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ရန်ပြစ်ဒဏ်ချမှတ် သတိပေးခဲ့သည်။

အဆိုပါ ပွဲစဥ်အား တာဝန်ယူကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင်လူကြီးဦးဖြိုးထက်အောင်အနေဖြင့်လည်း ပြိုင်ပွဲအားတာဝန်ယူကိုင်တွယ်ခဲ့မှုအချို့တွင် ရုပ်သံမှတ်တမ်းများအရလည်းကောင်း၊ ဒိုင်ကြီးကြပ်နှင့် ဒိုင်အဖွဲ့များအားလုံးအား မေးမြန်းဆွေးနွေးခဲ့မှုအရလည်းကောင်း အားနည်းချက်များရှိခဲ့သည်ကို သုံးသပ်တွေ့ရှိခဲ့ရသဖြင့် ကွင်းလယ်ဒိုင်လူကြီးအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဒိုင်ကော်မတီနှင့် ဒိုင်ဌာနအနေဖြင့် သင့်တော်သလိုအရေးယူအပြစ်ပေးမှုများပြုလုပ်စေပြီး အရေးယူမှုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ထောင်စုနေ့၌ စတင်ဖွင့်လှစ်ရန်စီစဉ်နေသည့် တာချီလိတ်ညဈေး(Tachileik Night Market)

ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ တာချီလိတ်ညဈေး(Tachileik Night Market)ကိုဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိရာ တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဈေးရောင်းချမည့်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၁ ရက်မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြန်မာ-ထိုင်း နယ်စပ်မြို့တစ်မြို့၏အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ်စေရေး၊ ခရီးသွားလုပ်ငန်းအထောက်အကူပြု တာချီလိတ်ညဈေးကြီးဖြစ်ပေါ်လာစေရေး၊ တာချီလိတ်မြို့လမ်းမကြီးများပေါ်တွင် နေရာအနှံ့ပြန့်ကျဲရောင်းချနေသော လမ်းဘေးပျံကျဈေးရောင်းချသူများအား နေရာအတည်တကျဖြင့် စည်းကမ်းတကျရောင်းချနိုင်စေရေးတို့အတွက် တာချီလိတ်ညဈေး(Night Market)ကို ဂေါက် ကွင်းလမ်း၌ဖွင့်လှစ်နိုင်ရန်စီစဉ်ဆောင်ရွက်ထားသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် တာချီလိတ်မြို့နယ်စည်ပင်မှတာဝန်ရှိသူက ညဈေးတွင် ဆိုင်ခန်းများအား မဲစနစ်နှင့်နေရာချထားရေး၊အမှိုက်နှင့်သန့်စင်ခန်းများ ဆောင်ရွက်ရေး၊ တာချီလိတ်ညဈေးကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူမှ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊...

ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင်အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် အာမခံထားရှိနိုင်

အာမခံအမျိုးအစားသစ်များဖြစ်သည့် ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင် အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် ပြည်သူများအနေဖြင့် အာမခံထားရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၈) ကြိမ်မြောက်အစည်းအဝေးမှ သိရသည်။ အာမခံကုမ္ပဏီများအနေဖြင့် အာမခံအမျိုးအစားများကို ဝင်ငွေနည်းပြည်သူများ အာမခံဝန်ဆောင်ပေးနိုင်ရေး ဆောင်ရွက်ရန်နှင့် အာမခံဝန်ဆောင်မှုပေးရာတွင် သတ်မှတ်ထားသည့် ဥပဒေစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ပြောသည်။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အနေဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၂၇) ရက်တွင် မြန်မာနိုင်ငံအာမခံ ဈေးကွက်အတွင်းရှိ အာမခံလုပ်ငန်းလုပ်ကိုင်သူများ၏ ဘဏ္ဍာရေးခိုင်မာမှုရှိစေရန် လိုက်နာရမည့်ညွှန်ကြားချက်သုံးခုကိုထုတ်ပြန်ခဲ့ပြီး အများပြည်သူကျန်းမာရေးစောင့်ရှောက်မှု အကာအကွယ်ပေးနိုင်ရန်အတွက်...

ကျောက်ဖြူရေနက်ဆိပ်ကမ်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ရန်ညွှန်ကြား

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်သက်တမ်း သတ်မှတ်ရက်မရောက်ခင် လုပ်ငန်းများကိုပြီးစီးအောင်ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ပြောသည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent) နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၁) ၌ ကျင်းပခဲ့သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071