Monday, December 8, 2025

အာဆီယံ- ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး...

ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးကို ယနေ့ ဒီဇင်ဘာ(၈)ရက်နေ့၌ ကျင်းပခဲ့ပြီး  မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်း ပါဝင်တက်ရောက်...

ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ...

တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ ၈ ရက်က ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံသား(၅၆)ဦး၊ အီသီယိုးပီးယားနိုင်ငံသား(၇)ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား(၄)ဦး၊...

ရန်ကုန်တိုင်းတွင် နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀) တန်...

ရန်ကုန်တိုင်းဒေသကြီးတွင် ဆီလုံလောက်မှုပမာဏအနေဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းသာဖြစ်ပြီး နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀ )တန် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က...

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြို့တွင်ကျင်းပ

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊...
HomeNewsLocal Newsမြဝတီမြို့နယ်အတွင်းဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ဒဏ်ရာရ၍ မဲဆောက်ဆေးရုံတွင်ဆေးကုသမှုခံယူနေရသူဒေသခံ...

မြဝတီမြို့နယ်အတွင်းဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ဒဏ်ရာရ၍ မဲဆောက်ဆေးရုံတွင်ဆေးကုသမှုခံယူနေရသူဒေသခံ ပြည်သူ ၁၂ ဦးရှိပြီဖြစ်

(Unicode)

မြဝတီမြို့နယ်အတွင်းဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ဒဏ်ရာရ၍ မဲဆောက်ဆေးရုံတွင်ဆေးကုသမှုခံယူနေရသူဒေသခံ ပြည်သူ ၁၂ ဦးရှိပြီဖြစ်

Photo-Screen grab

ကရင်ပြည်နယ်၊မြဝတီမြို့နယ်အတွင်း ဒီဇင်ဘာ ၁၆ ရက်မှစတင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့်ဒေသခံ ထိခိုက်ဒဏ်ရာရသူများ ရှိ သဖြင့် ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရသူ ၁၂ ဦးရှိပြီဟု စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

လေးကေကော်ဒေသ၊ မဲ့ထော်သလေး၊ထီးမယ်ဝါးခီး၊ကော့ကရိတ်မြို့နယ်ရှိ ရန်ကုန်-မြဝတီသွား အာရှလမ်းမကြီးအနီး၊ သေဘောဘိုးနှင့်အခြားတိုက်ပွဲဖြစ်ပွားလျက်ရှိသည့်နေရာများအား ဒီဇင် ဘာ ၂၇ ရက်ကလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးရှိ၍ လူမှုကူညီရေးအဖွဲ့များက သောင်ရင်းမြစ်အားဖြတ်ကာ မဲဆောက်ဆေးရုံသို့ ဒဏ်ရာရသူများအားထပ်မံပို့ ဆောင်ပေးခဲ့ကြသည်။

ထိုကြောင့် ထပ်မံရောက်ရှိလာသည့် ဒဏ်ရာရသူ ၇ ဦးအပါအဝင် မဲဆောက်ဆေးရုံကြီး၌ဆေးကုသမှုခံယူနေရသူ မြန်မာလူမျိုး ၁၂ ဦးအထိရှိပြီဖြစ် သည်ဟု စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

“လက်နက်ကြီးနဲ့ပစ်တာတွေရှိသလို နှစ်ဖက်အ ပြန်အလှန်ပစ်တာတွေလည်းရှိတယ် တိုက်ပွဲက တော့ ဘယ်ဖက်ကမှအားသာချက်မရှိသေးဘူး ပြည်သူတွေပဲဒုက္ခရောက်နေရတာ လက်ရှိမှာဒဏ်ရာရတဲ့သူတွေကို မြဝတီဆေးရုံလည်း ပို့ဖို့အဆင်မပြေတော့ မဲဆောက်ဆေးရုံကိုပဲအရေးပေါ်ကုသမှုတွေပေးပြီးအမြန်ပို့ရတာပေါ့”ဟုစစ်ဘေးရှောင်ကူညီပေးသူတစ်ဦးကပြောသည်။

အလားတူ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာစစ်ဘေးရှောင်များအနက်မှ ကိုဗစ်(၁၉)ရောဂါကူးစက်ခံထားရသူများရှိသဖြင့် ထိုင်းနိုင်ငံမှကျန်းမာ ရေးဝန်ထမ်းများက သီးသန့်ခွဲ၍ဆေးကုသမှုပြုလုပ်ပေးလျက်ရှိသည်။

Photo-Screen grab

(Zawgyi)

ျမဝတီၿမိဳ႕နယ္အတြင္းျဖစ္ပြားေနသည့္တိုက္ပြဲမ်ားေၾကာင့္ ဒဏ္ရာရ၍ မဲေဆာက္ေဆး႐ုံတြင္ေဆးကုသမႈခံယူေနရသူေဒသခံ ျပည္သူ ၁၂ ဦးရွိၿပီျဖစ္

ကရင္ျပည္နယ္၊ျမဝတီၿမိဳ႕နယ္အတြင္း ဒီဇင္ဘာ ၁၆ ရက္မွစတင္ျဖစ္ပြားခဲ့သည့္တိုက္ပြဲမ်ားေၾကာင့္ေဒသခံ ထိခိုက္ဒဏ္ရာရသူမ်ား ရွိ သျဖင့္ ထိုင္းႏိုင္ငံ မဲေဆာက္ေဆး႐ုံႀကီး၌ ေဆးကုသမႈခံယူေနရသူ ၁၂ ဦးရွိၿပီဟု စစ္ေဘးေရွာင္ကူညီသူမ်ားထံမွ သိရသည္။

ေလးေကေကာ္ေဒသ၊ မဲ့ေထာ္သေလး၊ထီးမယ္ဝါးခီး၊ေကာ့ကရိတ္ၿမိဳ႕နယ္ရွိ ရန္ကုန္-ျမဝတီသြား အာရွလမ္းမႀကီးအနီး၊ ေသေဘာဘိုးႏွင့္အျခားတိုက္ပြဲျဖစ္ပြားလ်က္ရွိသည့္ေနရာမ်ားအား ဒီဇင္ ဘာ ၂၇ ရက္ကလက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္ခဲ့သျဖင့္ ထိခိုက္ဒဏ္ရာရရွိသူ ၇ ဦးရွိ၍ လူမႈကူညီေရးအဖြဲ႕မ်ားက ေသာင္ရင္းျမစ္အားျဖတ္ကာ မဲေဆာက္ေဆး႐ုံသို႔ ဒဏ္ရာရသူမ်ားအားထပ္မံပို႔ ေဆာင္ေပးခဲ့ၾကသည္။

ထိုေၾကာင့္ ထပ္မံေရာက္ရွိလာသည့္ ဒဏ္ရာရသူ ၇ ဦးအပါအဝင္ မဲေဆာက္ေဆး႐ုံႀကီး၌ေဆးကုသမႈခံယူေနရသူ ျမန္မာလူမ်ိဳး ၁၂ ဦးအထိရွိၿပီျဖစ္ သည္ဟု စစ္ေဘးေရွာင္ကူညီသူမ်ားထံမွ သိရသည္။

“လက္နက္ႀကီးနဲ႔ပစ္တာေတြရွိသလို ႏွစ္ဖက္အ ျပန္အလွန္ပစ္တာေတြလည္းရွိတယ္ တိုက္ပြဲက ေတာ့ ဘယ္ဖက္ကမွအားသာခ်က္မရွိေသးဘူး ျပည္သူေတြပဲဒုကၡေရာက္ေနရတာ လက္ရွိမွာဒဏ္ရာရတဲ့သူေတြကို ျမဝတီေဆး႐ုံလည္း ပို႔ဖို႔အဆင္မေျပေတာ့ မဲေဆာက္ေဆး႐ုံကိုပဲအေရးေပၚကုသမႈေတြေပးၿပီးအျမန္ပို႔ရတာေပါ့”ဟုစစ္ေဘးေရွာင္ကူညီေပးသူတစ္ဦးကေျပာသည္။

အလားတူ ထိုင္းႏိုင္ငံသို႔ ေရာက္ရွိေနသည့္ ျမန္မာစစ္ေဘးေရွာင္မ်ားအနက္မွ ကိုဗစ္(၁၉)ေရာဂါကူးစက္ခံထားရသူမ်ားရွိသျဖင့္ ထိုင္းႏိုင္ငံမွက်န္းမာ ေရးဝန္ထမ္းမ်ားက သီးသန္႔ခြဲ၍ေဆးကုသမႈျပဳလုပ္ေပးလ်က္ရွိသည္။

Photo-Screen grab

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071