Saturday, June 21, 2025

အမျိုးသား(၅)ဦးနှင့် တရားမဝင်ဓာတုပစ္စည်း (Glacial Acetic...

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အထောက် အထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၂၅၅၀၀ လီတာစီကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက်ည...

သီတဂူစက္ခုဒါန ဆေးရုံတွင် မျက်စိကုသရန် စာရင်းပေးသွင်းသူ...

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူအတွက် ယနေ့ ဇွန် ၂၀ ရက်(တစ်ရက်တည်း)ဖြင့် စာရင်းပေးသွင်းသူ(၁,၂၀၀)ဦးကျော်ရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘေလီတံတားအဆင်း ပါရမီလမ်း၊...

နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံ

ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန်တို့ ယနေ့ ဇွန် ၂၀...

တောင်ဥက္ကလာဂေါက်ကွင်းရှေ့တွင် ကားနှစ်စီးတို-က် တစ်ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာဂေါက်ကွင်းရှေ့တွင် ယနေ့ ဇွန် ၂၀ ရက်ညနေ ၅ နာရီခွဲခန့်က ကားနှစ်စီးတို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းမကြီးပေါ်ရှိ...
HomeNewsLocal Newsမြရည်နန္ဒနိုင်ငံ့ဝန်ထမ်းအဌားအိမ်ယာတွင် အိမ် ခန်းငှားရမ်းခအဖြစ်...

မြရည်နန္ဒနိုင်ငံ့ဝန်ထမ်းအဌားအိမ်ယာတွင် အိမ် ခန်းငှားရမ်းခအဖြစ် တစ်လလျှင် အရာထမ်းများမှာ ငွေကျပ် ၁၃၈၀၀၊ အမှုထမ်းများမှာ ငွေကျပ် ၅၄၀၀ စီကျသင့်မည်

မြရည်နန္ဒနိုင်ငံ့ဝန်ထမ်းအဌားအိမ်ယာတွင် အိမ် ခန်းငှားရမ်းခအဖြစ် တစ်လလျှင် အရာထမ်းများမှာ ငွေကျပ် ၁၃၈၀၀၊ အမှုထမ်းများမှာ ငွေကျပ် ၅၄၀၀ စီကျသင့်မည်

နိုင်ငံ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်စဥ်နှင့်အ ငြိမ်းစားယူသည့်အခါတွင် နေထိုင်ရေးအဆင်ပြေစေရန် ရည်ရွယ်၍ နေပြည်တော်၊ရန်ကုန်၊မန္တလေး အပါအဝင် တိုင်းနှင့်ပြည်နယ်များ၌ အဌားအိမ်ယာနှင့်ဝန်ထမ်းအိမ်ယာများအား တည်ဆောက်လျက်ရှိသည်။

ထိုသို့ တည်ဆောက်ပြီးနောက် မြရည်နန္ဒာနိုင်ငံ့ဝန် ထမ်းအဌားအိမ်ယာ၌ နေထိုင်ခွင့်ရရှိသူများသည် အိမ်ဌားရမ်းခအဖြစ် တစ်လလျှင် အရာထမ်းများမှာ ငွေကျပ် ၁၃၈၀၀၊ အမှုထမ်းများမှာ ငွေကျပ် ၅၄၀၀ စီကျသင့်မည်ဖြစ်ကြောင်း နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာစီမံကိန်းတည်ဆောက်ရေးဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

မြရည်နန္ဒာနိုင်ငံ့ဝန်ထမ်းအဌားအိမ်ယာအား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊မြနန္ဒာလမ်းရှိ မြေ ၇ ဒသမ ၂၅ ဧကပေါ်တွင် တည်ဆောက်ထားကာ ၈ ခန်းတွဲ ၅ ထပ်အဆောက်အဦး ၁၄ လုံးရှိပြီး အ ခန်းတစ်ခန်းလျှင် ၄၃၆ စတုရန်းပေ အကျယ်အ ဝန်းရှိသည့် အိမ်ခန်းပေါင်း ၄၇၆ ခန်းရှိကြောင်း သိရသည်။

“အခန်းတွေကို ရန်ကုန်တိုင်းအစိုးရအစီအစဥ်နဲ့ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းတွေကို မဲနှိုက်ပြီးနေရာချထားပေးပြီးပါပြီ အိမ်ဌားခတွေကိုလည်း သတ်မှတ်ထားပြီးပါပြီ”ဟု ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးကပြောသည်။

နိုင်ငံ့ဝန်ထမ်းအငှားအိမ်ယာများအား ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အထိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန်ယူဆောက်လုပ်ခဲ့ပြီး ဝန်ထမ်းအိမ်ရာအခန်းပေါင်း ၁၉၈၂၅ ခန်း၊တိုင်းနှင့်ပြည် နယ်များရှိဌာနများမှ ဆောက်လုပ်ပြီးဝန်ထမ်းအိမ်ရာအခန်းပေါင်း ၁၂၄၁၈၁ ခန်း (စုစုပေါင်း ၁၄၄၀၀၆ ခန်း)ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောက်လုပ်ပြီးစီးထားသော်လည်း နိုင်ငံ့တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းဦးရေအရ အိမ် ခန်းပေါင်း ၃ သိန်းကျော်အား ထပ်မံနေရာချထားပေးရန်လိုအပ်လျက်ရှိကြောင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

ထို့ကြောင့် တိုင်းနှင့်ပြည်နယ်များရှိ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ယာတည်ဆောက်ရေးလုပ်ငန်းကော်မ တီများမှ အငှားအိမ်ရာများဆောက်လုပ်ရန်အ တွက် မြေနေရာရရှိရန်ဆောင်ရွက်ခြင်း၊ဦးစီးကော် မတီခွင့်ပြုချက်အရ အိမ်ယာများဆောက်လုပ်ခြင်း၊အချိန်မီပြီးစီးရေးနှင့်အရည်အသွေးစံချိန်စံ ညွှန်းပြည့်မီရေး ကြပ်မတ်စစ်ဆေးခြင်း၊ဝန်ထမ်းများအား စီစစ်ခွင့်ပြုခြင်းနှင့်သက်သာသည့် နှုန်း ထားဖြင့် ငှားရမ်းနေထိုင်နိုင်ရန်ဆောင်ရွက်ပေးခြင်း၊လိုအပ်သည့် Infrastructure များအဆင်ပြေစေရန် ဆက်စပ်ဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းခြင်းတို့အား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမျိုးသား(၅)ဦးနှင့် တရားမဝင်ဓာတုပစ္စည်း (Glacial Acetic Acid) ၂၅၅၀၀ လီတာကိုဖမ်းမိ

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အထောက် အထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၂၅၅၀၀ လီတာစီကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက်ည ၆ နာရီခွဲခန့်က ပျော်ဘွယ်မြို့နယ်၊ သပြေရိုးကျေးရွာ၌ စိုးသက်ပိုင်အား အထောက်ထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၃၀ လီတာစီပါ ပလတ်စတစ်ပုံး(၈၅ဝ)ပုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ယင်း ဓာတုပစ္စည်းများကို သိမ်းဆည်းရန် အခကြေးငွေပေး၍စေခိုင်းသူ ဇော်လင်းဦးအား ဇွန် ၁၀ ရက်၊ ဓာတုပစ္စည်းများအား ရန်ကုန်မြို့မှပျော်ဘွယ်မြို့သို့ တာဝန်ခံသယ်ဆောင်သူကျော်မြင့်ဦး(ခ)ဖိုးကျော်(ခ)ဖြိုးကျော်အား ဇွန်...

သီတဂူစက္ခုဒါန ဆေးရုံတွင် မျက်စိကုသရန် စာရင်းပေးသွင်းသူ (၁,၂၀၀)ဦးကျော်ရှိခဲ့

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူအတွက် ယနေ့ ဇွန် ၂၀ ရက်(တစ်ရက်တည်း)ဖြင့် စာရင်းပေးသွင်းသူ(၁,၂၀၀)ဦးကျော်ရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘေလီတံတားအဆင်း ပါရမီလမ်း၊ ပင်လုံလမ်းနှင့် ဦးဝိစာရလမ်းဆုံမီးပွိုင့်နှင့် နာရီစင်မှတ်တိုင်အနီးရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ပြုလုပ်မည့် သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူ၌ လာရောက်ကုသမှုခံယူလိုသူ များအား ဇွန် ၂၀ ရက်နံနက် ၇ နာရီမှစတင်၍ စာရင်းပေးသွင်းရန် ကြေညာထားခဲ့သည်။ ထိုသို့ ကြေညာထားသော်လည်း နံနက် ၄ နာရီမှစတင်ကာ တန်းစီစောင့်ဆိုင်းနေကြသူများရှိခဲ့ပြီး ကုသမှုခံယူလိုသူများပြားသဖြင့် တစ်ရက်တည်း၌ပင် လူဦးရေ(၁,၂၀၀)ကျော်သွားခဲ့၍ စာရင်းပိတ်ခဲ့ကြောင်း...

နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံ

ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန်တို့ ယနေ့ ဇွန် ၂၀ ရက်နံနက် ၁၀ နာရီခွဲက နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးဦးကိုကိုကျော်သည်လည်း ယနေ့ ဇွန် ၂၀ ရက်မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနနှင့် ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန် ကြီးဌာန၊ အာရှနှင့် ပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေးဌာနတို့ကြား တွေ့ဆုံဆွေးနွေးပွဲတက်ရောက်ရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071