Saturday, July 12, 2025

အပူပိုင်းဒေသ (၁၃)ခရိုင်အတွင်း မိုးရာသီသစ်ပင်စိုက်ပွဲတွင် သစ်ပင်...

နိုင်ငံတော်အဆင့် ပထမအကြိမ်အဖြစ်အပူပိုင်းဒေသ(၁၃)ခရိုင်မှ မြို့နယ်(၂၉)မြို့နယ် တွင် ယနေ့ ဇူလိုင် ၁၁ ရက်နံနက်ပိုင်းက တစ်ပြိုင်တည်းပြုလုပ်သည့် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပင်ပေါင်း(၃၄,၉၅ဝ)ပင်ကို...

မိတ္ထီလာတွင် တပ်မတော်နှင့်နိုင်ငံပိုင်စက်ရုံများလည်ပတ်လျက်ရှိ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ)နှင့် အမှတ် (၃)ဘိလပ်မြေစက်ရုံ(တန် ၁၂ဝဝ)တို့လည်း လည် ပတ်လုပ်ကိုင်လျက်ရှိရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ...

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၏ဝါဆိုဦးအလှူ

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ ဘုန်းတော်ကြီးကျောင်းများ၌ ဝါဆိုသင်္ကန်းနှင့် စာသင်တိုက်များအတွက် ဗလာစာအုပ်နှင့်လှူဖွယ်ဝတ္ထုများကို ဇူလိုင် ၁၀ ရက်နှင့် ၁၁ ရက်တို့က လှူဒါန်းခဲ့ကြသည်။ ဇူလိုင် ၁၀ ရက်နံနက်...

မော်လိုက်တွင် မြေနိမ့်ပိုင်း‌ရပ်ကွက်များအတွင်း မြစ်ရေများဝင်ရောက်လျက်ရှိ

ချင်းတွင်းမြစ် အထက်ပိုင်း၌ မိုးများနေသည့်အတွက် မြစ်တလျောက် ရေကြီးရေလျံလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်တွင်လည်း မြေနိမ့်ပိုင်း‌များတွင် မြစ်ရေများစတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် မော်လိုက်မြို့နယ် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများ...
HomeNewsLocal Newsမြန်အောင်မြို့နယ်အတွင်း ပုဂ္ဂိုလ်ရေးအရမကျေနပ်သူများအား သတ်ဖြတ်ရန်သတင်းပေးပို့ကာ...

မြန်အောင်မြို့နယ်အတွင်း ပုဂ္ဂိုလ်ရေးအရမကျေနပ်သူများအား သတ်ဖြတ်ရန်သတင်းပေးပို့ကာ ပူးပေါင်းပါဝင်သူ ၂ ဦးအားဖမ်းဆီးရမိဟု နစက ထုတ်ပြန်

မြန်အောင်မြို့နယ်အတွင်း ပုဂ္ဂိုလ်ရေးအရမကျေနပ်သူများအား သတ်ဖြတ်ရန်သတင်းပေးပို့ကာ ပူးပေါင်းပါဝင်သူ ၂ ဦးအားဖမ်းဆီးရမိဟု နစက ထုတ်ပြန်

ဧရာဝတီတိုင်း၊မြန်အောင်မြို့နယ်အတွင်း ပုဂ္ဂိုလ်ရေးအရမကျေနပ်၍ အရပ်သားများအား “ဒလန်” ဟုစွတ်စွဲပြီး သတ်ဖြတ်ရန်သတင်းပေးပို့ကာ ပူး ပေါင်းပါဝင်သူ ၂ ဦးကို လုံခြုံရေးအဖွဲ့ဝင်များက သြဂုတ် ၁၃ ရက်နေ့လည်ပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ပြစ်မှုကျူးလွန်ရာ၌ ပူးပေါင်းပါဝင်သည့် ကိုဝေပိုင်ဖြိုး(၃၃)နှစ်နှင့်ဇနီးဖြစ်သူ မစံပယ်အောင်အောင်(၃၄)နှစ်တို့အား မြန်အောင်မြို့နယ်၊အင်ပင်မြို့၊ကညင်ငူကျေးရွာရှိ နေအိမ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးချက်အရ ကိုဝေပိုင်ဖြိုးသည် ၂၀၂၁ ခုနှစ်၊ဇွန်လတွင် မြန်အောင်မြို့ပေါ်၌ ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခဲ့သဖြင့် ဟင်္သာတအကျဉ်းထောင် ၌ ထောင်ဒဏ် ၄ လ ပြစ်ဒဏ်ကျခံခဲ့ရပြီး အစိုးရ ၏ ပြစ်ဒဏ်ဖြေလျော့ပေးမှုများဖြင့် နိုဝင်ဘာလတွင် ပြန်လည်လွတ်မြောက်လာသူဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြန်လည်လွတ်မြောက်လာပြီးနောက် ၎င်းဖမ်းဆီးခံရခြင်းသည် တစ်ရွာတည်းနေ USDP ပါတီဝန်းရံသူဒေါ်သန္တာစိုးမှ တိုင်ကြားခဲ့၍ဟု ယူ ဆကာ ပုဂ္ဂိုလ်ရေးရန်ငြှိုးထားခဲ့ပြီး “ရိုးမဧရာ” အဖွဲ့ဝင်များထံသို့ ဒေါ်သန္တာစိုးအပါအဝင် ပုဂ္ဂိုလ်ရေးအရမကျေနပ်သူ ၆ ဦး၏ အမည်စာရင်းပေးကာ “ဒလန်”ဟုစွပ်စွဲပြီး လုပ်ကြံသတ်ဖြတ်ရန် သတင်းပေးခဲ့သည်ဟု ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ပြင် ၎င်း၏ဇနီးဖြစ်သူ မစံပယ်အောင်မှာလည်း မြန်အောင်မြို့ နယ်၊ အ.မ.က(ဗလန်းစိန်)၌ တာဝန်ထမ်းဆောင်လျက်ရှိရာမှ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါ ရီလတွင် CDM ပြုလုပ်ခဲ့သူဖြစ်ပြီး ခင်ပွန်းဖြစ်သူနှင့်အတူ ပုဂ္ဂိုလ်ရေးအရမကျေနပ်သူများအား “ဒလန်”ဟုစွတ်စွဲ၍ “ရိုးမဧရာ”အဖွဲ့ထံ သတင်းပေးပို့မှုများပြုလုပ်ခဲ့သည်ဟု သိရသည်။

ယင်းသို့ သတင်းပေးပို့မှုကြောင့် သြဂုတ် ၆ ရက်တွင် “ရိုးမဧရာ”အဖွဲ့ဝင်များဖြစ်သည့် ဇင်မျိုးအောင်(ခ)ဇော်မျိုးအောင်(ခ)သားပေါက်နှင့်ငြိမ်းခန့်လင်း(ခ)တရုတ်ကြီးတို့က USDP ပါတီဝန်းရံသူ ဒေါ်သန္တာစိုးအား သေနတ်ဖြင့်ပစ်သတ်ခဲ့သည်နှင့်အခြားဖောက်ခွဲပစ်ခတ်မှုဖြစ်စဥ်များအား ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူး လွန်ရာတွင် ပါဝင်ခဲ့ကြသူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အပူပိုင်းဒေသ (၁၃)ခရိုင်အတွင်း မိုးရာသီသစ်ပင်စိုက်ပွဲတွင် သစ်ပင် ၃သာင်းခွဲခန့် စိုက်ပျိုး

နိုင်ငံတော်အဆင့် ပထမအကြိမ်အဖြစ်အပူပိုင်းဒေသ(၁၃)ခရိုင်မှ မြို့နယ်(၂၉)မြို့နယ် တွင် ယနေ့ ဇူလိုင် ၁၁ ရက်နံနက်ပိုင်းက တစ်ပြိုင်တည်းပြုလုပ်သည့် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပင်ပေါင်း(၃၄,၉၅ဝ)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့၌ကျင်းပရာ နစက ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ လိန်တောကြိုးပြင်ကာကွယ်တောတွင်ပါဝင် စိုက်ပျိုးပေးခဲ့သည်။ နစက ဥက္ကဋ္ဌမှ မိတ္ထီလာဒေသအပါအဝင် အညာဒေ သ(၁၃)ခရိုင်သည် နှစ်စဉ်နှစ်တိုင်းရာသီဥတုပူပြင်းသည့်ဒဏ်ကိုခံစားကြရကာ ၂၀၂၄ ခုနှစ်တွင် ပုဂံ၊ ချောက်၊ ရေနံချောင်း၊ မင်းဘူးဒေသများမှာ ကမ္ဘာတွင်အပူဆုံးဒေသများအဖြစ်...

မိတ္ထီလာတွင် တပ်မတော်နှင့်နိုင်ငံပိုင်စက်ရုံများလည်ပတ်လျက်ရှိ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ)နှင့် အမှတ် (၃)ဘိလပ်မြေစက်ရုံ(တန် ၁၂ဝဝ)တို့လည်း လည် ပတ်လုပ်ကိုင်လျက်ရှိရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယ နေ့ ဇူလိုင် ၁၁ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ) စက်ရုံတွင် ချည်အမျိုးမျိုး၊ အထည်နှင့် ချုပ်ထည်အမျိုးမျိုး၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက်လိုအပ်သည့်ဝတ်စုံများ၊ ကျောင်းဝတ်စုံများ၊ နေ့စဉ်သုံးချည်ထည်ပစ္စည်းများကိုထုတ်လုပ် ပေးလျက်ရှိသည်။ နစက ဥက္ကဋ္ဌမှ ချည်ထည်များထုတ်လုပ်ရာတွင် အရေအတွက်ထက် အရည်အသွေးကို ပိုမိုဦးစားပေးရန်၊ ပြည်တွင်းရှိ အထည်အလိပ်နှင့် ပတ်သက်သည့် SMEလုပ်ငန်းများ၌လိုအပ်သော ချည်မျှင်နှင့်...

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၏ဝါဆိုဦးအလှူ

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ ဘုန်းတော်ကြီးကျောင်းများ၌ ဝါဆိုသင်္ကန်းနှင့် စာသင်တိုက်များအတွက် ဗလာစာအုပ်နှင့်လှူဖွယ်ဝတ္ထုများကို ဇူလိုင် ၁၀ ရက်နှင့် ၁၁ ရက်တို့က လှူဒါန်းခဲ့ကြသည်။ ဇူလိုင် ၁၀ ရက်နံနက် ၉ နာရီက မြန်မာ-တရုတ်ချစ် ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အလှူ ရှင်များမှ သံလျင်မြို့၊ ဆုထူးပန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်းနှင့် ဝါဆိုဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပညာရေးပ ဒေသာပင်အတွက် အလှူငွေများ၊ ကျောင်းသား၊ ကျောင်းသူ(၅၂၅)ဦးအတွက် ဗလာစာအုပ်(၅၂၅) ဒါဇင်တို့ကိုလည်း လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ထို့အတူ ဇူလိုင် ၁၀ ရက်နေ့လည်ပိုင်းတွင်လည်း ရန် ကုန်တိုင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071