Friday, November 7, 2025

ပြည်သူများအတွင်း ကာကွယ်ဆေးထိုးဆိုင်ရာ ကျန်းမာရေးအသိပညာများ မြင့်တက်လာစေရန်...

အခြေခံကျန်းမာရေး ဝန်ထမ်းများက လက်တွေ့အသုံးချနိုင်မှု အခြေအနေများနှင့် ကွင်းဆင်းဆန်းစစ်ရာမှ တွေ့ရှိချက်များအပေါ်မူတည်၍ ဆက်လက်လုပ်ဆောင်ရမည့် အစီအစဉ်များအတွက် မဟာဗျူဟာများ ရေးဆွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ယခုရေးဆွဲသော မဟာဗျူဟာသည်...

ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် မိုင်းထောင်ဖျ-က်ဆီးခံရသဖြင့် ရထားခရီးစဥ်ယာယီဖျ-က်သိမ်း

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြား မိုင်တိုင် ၁၂၅/ ၁၈- ၁၉ကြားတွင် ယနေ့ (နိုဝင်ဘာ ၇) ရက်က ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးက...

ကမ္ဘာ့ဗိုဗီနမ်ပြိုင်ပွဲတွင် မြန်မာ့ဗိုဗီနမ်အားကစားမယ်နှစ်ဦး ရွှေတံဆိပ်(၂)ဆုဆွတ်ခူး

အင်ဒိုနီးရှားနိုင်ငံ ၊ ဘာလီမြို့တွင် ကျင်းပနေသည့် ကမ္ဘာ့ဗိုဗီနမ်ပြိုင်ပွဲတွင် မြန်မာ့ဗိုဗီနမ်အားကစားမယ်နှစ်ဦး ရွှေတံဆိပ်(၂)ဆုဆွတ်ခူးခဲ့ကြောင်းမြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်မှ သိရသည်။ မြန်မာ့‌ဗိုဗီနမ်အားကစားမယ် မမေဟန်နီအောင်လွင်က တစ်ကိုယ်တော် (ဓားမြှောင်နှစ်လက်) အပြပွဲစဉ်မှာ ရွှေတံဆိပ်ဆု၊...

ရန်ကုန်နိုင်ငံတကာ ကုန်စည်ပြပွဲကို YCC တွင်...

ရန်ကုန်နိုင်ငံတကာ ကုန်စည်ပြပွဲကို နိုဝင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ YCC တွင် ၃ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ...
HomeNewsLocal Newsမြန်အောင်မြို့ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး...

မြန်အောင်မြို့ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၉)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၉ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၄၂)မိနစ်၊ (၂၈) စက္ကန့်အချိန် တွင် ပြည်မြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၃၃) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မြန်အောင်မြို့၏ မြောက်-အနောက်မြောက်ဘက် (၃) မိုင် ခန့်အကွာ)၊ မြောက်လတ္တီ တွဒ် (၁၈.၃၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၃၁)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ထို့ပြင် ဇူလိုင်လ (၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၄)နာရီ၊ (၁၇)မိနစ်၊ (၂၈)စက္ကန့် အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၇၉) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ပလက်ဝမြို၏ အရှေ့-အရှေ့တောင်ဘက် (၂၅) မိုင်ခန့်အကွာ)၊ မြောက်လတ္တီ တွဒ် (၂၁.၂၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၂၃) ဒီဂရီ၊ အနက် (၆၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလက ထုတ်ပြန်ကြေညာခဲ့သည်။

ဇူလိုင်လ ၄ ရက်၊ နေ့လည် ၁ နာရီ ၅၅ မိနစ် ၄၀ စက္ကန့်ကလည်း ကချင်ပြည်နယ်၊ တနိုင်းမြို့၏ အနောက်-အနောက်မြောက်ဘက်(၃၈) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ်(၂၆ ဒသမ ၅၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၆ ဒသမ ၁၅)ဒီဂရီ၊ အနက်(၇၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး(၄ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်းလည်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူများအတွင်း ကာကွယ်ဆေးထိုးဆိုင်ရာ ကျန်းမာရေးအသိပညာများ မြင့်တက်လာစေရန် ရည်ရွယ်သည့်  မဟာဗျူဟာ‌ရေးဆွဲနေ

အခြေခံကျန်းမာရေး ဝန်ထမ်းများက လက်တွေ့အသုံးချနိုင်မှု အခြေအနေများနှင့် ကွင်းဆင်းဆန်းစစ်ရာမှ တွေ့ရှိချက်များအပေါ်မူတည်၍ ဆက်လက်လုပ်ဆောင်ရမည့် အစီအစဉ်များအတွက် မဟာဗျူဟာများ ရေးဆွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ယခုရေးဆွဲသော မဟာဗျူဟာသည် အခြေခံကျန်းမာရေး ဝန်ထမ်းများ၏ ပြည်သူလူထုနှင့် ဆက်သွယ်ပြောဆိုခြင်းစွမ်းရည် တိုးတက်လာပြီး ပြည်သူများအတွင်း ကာကွယ်ဆေးထိုးဆိုင်ရာ ကျန်းမာရေးအသိပညာများ မြင့်တက်လာစေရန်နှင့် လိုအပ်သောနည်းပညာဆိုင်ရာပံ့ပိုးမှုများပေးနိုင်ရန် ရည်ရွယ်ပြီး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း  ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာသန်းနိုင်စိုးက ပြောသည်။ တိုးချဲ့ကာကွယ်ဆေးထိုးလွှမ်းခြုံမှုမြင့်မားစေရေး လူမှုရေးနှင့် အမူအကျင့်ပြောင်းလဲရေးဆိုင်ရာ Strategic Plan ထွက်ပေါ်ရေး အလုပ်ရုံဆွေးနွေးပွဲ ကို နိုဝင်ဘာ (၆)...

ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် မိုင်းထောင်ဖျ-က်ဆီးခံရသဖြင့် ရထားခရီးစဥ်ယာယီဖျ-က်သိမ်း

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြား မိုင်တိုင် ၁၂၅/ ၁၈- ၁၉ကြားတွင် ယနေ့ (နိုဝင်ဘာ ၇) ရက်က ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားသည်။ ရန်ကုန်-မော်လမြိုင်လမ်းပိုင်း သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြား မိုင်တိုင် ၁၂၅/ ၁၈- ၁၉ ကြားတွင် အမှတ် (၆၈၆) အစုန်ကျောက်ရထားဖြတ်သန်းစဥ် လက်နက်ကိုင်အဖွဲ့အစည်းဘက်မှ မိုင်းထောင်ဖျ-က်ဆီးမှုကြောင့် ရထားသံလမ်း ၂ ဆက်ခန့် ပျ-က်ဆီးသွားပြီး အမှတ် ၆၈၆ အစုန်ကျောက်ရထား စက်ခေါင်းအပါအဝင် တွဲ၄တွဲ လမ်းချော်မှုဖြစ်ပွားခဲ့ပါသည်ဟုလည်း မော်လမြိုင်ဘူတာကြီးက သတင်းထုတ်ပြန်ထားသည်။ နောက်ဆက်တွဲအနေဖြင့် ယနေ့တွင်ပင်...

ကမ္ဘာ့ဗိုဗီနမ်ပြိုင်ပွဲတွင် မြန်မာ့ဗိုဗီနမ်အားကစားမယ်နှစ်ဦး ရွှေတံဆိပ်(၂)ဆုဆွတ်ခူး

အင်ဒိုနီးရှားနိုင်ငံ ၊ ဘာလီမြို့တွင် ကျင်းပနေသည့် ကမ္ဘာ့ဗိုဗီနမ်ပြိုင်ပွဲတွင် မြန်မာ့ဗိုဗီနမ်အားကစားမယ်နှစ်ဦး ရွှေတံဆိပ်(၂)ဆုဆွတ်ခူးခဲ့ကြောင်းမြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်မှ သိရသည်။ မြန်မာ့‌ဗိုဗီနမ်အားကစားမယ် မမေဟန်နီအောင်လွင်က တစ်ကိုယ်တော် (ဓားမြှောင်နှစ်လက်) အပြပွဲစဉ်မှာ ရွှေတံဆိပ်ဆု၊ မနှင်းသက်ဝေက ၄၈-၅၁ ကီလိုတန်းအတိုက်မှာ ရွှေတံဆိပ်ဆုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲတွင် မြန်မာက အားကစားနည်း (၉)မျိုးတွင် ရွှေတံဆိပ်(၂)ဆု၊ ငွေတံဆိပ်(၄)ဆုနှင့် ကြေးတံဆိပ် (၆)ဆုတို့ရရှိထားကြောင်း သိရသည်။ ဗိုဗီနမ်အားကစားနည်းသည် နိုင်ငံပေါင်း (၅၀) ကျော်အထိ ပျံ့နှံလျက်ရှိပြီး ကမ္ဘာ့ပြိုင်ပွဲ၊ အာရှပြိုင်ပွဲများ SEA Games ပြိုင်ပွဲတို့တွင် အားကစားအသွင်ဖြင့် ထည့်သွင်းကျင်းပမှုများပြုလုပ်ခဲ့သည်။ အဆိုပါ ဗိုဗီနမ်အားကစားနည်းအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071