၂၀၂၆ အာရှယူ – ၁၇ အမျိုးသားခြေစစ်ပွဲအုပ်စု အဖွင့်ပွဲစဉ်မှာ မြန်မာအသင်းဟာ အာဖဂန်နစ္စတန် အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရလဒ်ထွက်ပေါ်ခဲ့ပြီဖြစ်ပါတယ်။
ဒီကနေ့ ပွဲစဉ် ဒုတိယပိုင်းအချိန်မှာ နှစ်ဘက်အသင်း ပွတ်တို-က်မှုအနည်းငယ်ရှိခဲ့ပြီး အဝါကတ်ပြရတဲ့အခြေအနေတွေလည်း ရှိခဲ့တာကိုတွေ့ရပါတယ်။
မြန်မာအသင်းဟာ ဦးဆောင်ဂိုးကို ပထမပိုင်း (၃၃) မိနစ်အချိန်မှာ ကစားသမား မျိုးခန့်ကျော်က သွင်းယူခဲ့တာဖြစ်ပြီး၊ ပွဲချိန်မှာ (၄၇)မိနစ်မှာ ရန်နိုင်အောင်၊ ပွဲချိန် (၅၉) မိနစ်မှာ စ်ုင်းမြတ်မင်းတို့က အန်ုသ်ဂိုးကိုသွင်းယူခဲ့ပြီး၊ ပွဲချိန် (၇၄) မိနစ်မှာတော့ အာဖဂန်နစ္စတန်အသင်းရဲ့ ကစားသမား Yasin Noorzahi က ချေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ်။
ဒုတိယပိုင်းနာကျင်အချိန်ပို ၆ မိနစ်ကစားချိန်မှာလည်း နှစ်ဘက်အသင်းအနည်းငယ် ပွတ်တို-က်မှုရှိခဲ့တာကိုလည်း ထပ်မံ တွေ့မြင်ရပါတယ်။
မြန်မာအသင်းအနေဖြင့် အိုမန်၊ နီပေါ၊ တရုတ်နဲ့ ဆီးရီးယားအသင်းတွေကိုအိမ်ရှင်အနေနဲ့ လက်ခံယှဉ်ပြိုင်ကစားသွားကြရဦးမှာ ဖြစ်ပါတယ်။
