Sunday, January 25, 2026

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး...

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့...
HomeNewsLocal Newsမြန်မာ အပါအဝင် အရှေ့တောင်အာရှနိုင်ငံအားလုံးတွင်...

မြန်မာ အပါအဝင် အရှေ့တောင်အာရှနိုင်ငံအားလုံးတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ၆၇ ရာခိုင်နှုန်းအထိ ကျဆင်း

မြန်မာ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများ အားလုံးတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ၆၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဇူလိုင်လ ဒုတိယပတ်အတွင်း ထုတ်ပြန်သည့် Weekly Epidemiological Update on COVID-19 အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၂) ရက်မှ ဇူလိုင်လ (၉) ရက်အတွင်း တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအသစ် ၇၉၄၀၀၀ ကျော်၊ သေဆုံးသူ ၄၈၀၀ ကျော်ရှိခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံများ အပါအဝင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒေသငါးခုလုံးတွင် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှု အရေအတွက် ကျဆင်းလျက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အာဖရိကဒေသ၌မူ ရောဂါဖြစ်ပွားမှု ကျဆင်းသွားသော်လည်း သေဆုံးမှု အနည်းငယ် တိုးနေသေးကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသေဆုံးနှုန်းအရ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၉)ရက်အထိ တစ်ကမ္ဘာလုံးတွင် အတည်ပြုလူနာပေါင်း ၇၆၇ သန်းကျော်၊ သေဆုံးသူ ၆ ဒသမ ၉ သန်းကျော်ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒေသ ငါးခုလုံးတွင် ရောဂါဖြစ်ပွားမှုအခြေအနေအရ အရှေ့မြေထဲပင်လယ်ဒေသတွင် ၇၇ ရာခိုင်နှုန်း၊ အရှေ့တောင်အာရှဒေသတွင် ၆၇ ရာခိုင်နှုန်း၊ ဥရောပဒေသတွင် ၆၅ ရာခိုင်နှုန်း၊ အမေရိကဒေသတွင် ၄၅ ရာခိုင်နှုန်း၊ အနောက်ပစိဖိတ်ဒေသတွင် ၃၆ ရာခိုင်နှုန်းနှင့် အာဖရိကဒေသတွင် ၃၁ ရာခိုင်နှုန်းရှိပြီး ဒေသအလိုက် ရောဂါဖြစ်နှုန်းများ အသီးသီး ကျဆင်းသွားပြီဖြစ်သည်။

လတ်တလောတွင် မြန်မာနိုင်ငံ၌ တုပ်ကွေးရောဂါအမျိုးမျိုး ဖြစ်ပွားနေခြင်းကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေးထိုးနှံရန် တိုက်တွန်းနှိုးဆော်ထားပြီး ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်မှုနှင့် ပြင်းထန်မှုတို့ကို လျော့နည်းစေနိုင်ခြင်း ( အထူးသဖြင့် နာတာရှည်ရောဂါခံစားနေရသူများနှင့် သက်ကြီးရွယ်အိုများ)၊ ရောဂါ၏ နောက်ဆက်တွဲ ပြဿနာဖြစ်သည့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးမှုမှ အသက်အန္တရာယ်ဆုံးရှုံးမှုဖြစ်သည်အထိ ဖြစ်ပေါ်ခြင်းမှ လျှော့ချနိုင်ကြောင်းလည်း သိရသည်။

ယင်းအတွက်ကြောင့် အသက် ငါးနှစ်နှင့်အထက်ရှိသော ပြည်သူများအားလုံး ကျန်းမာရေးဌာနနှင့်ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး) များကို မဖြစ်မနေ သွားရောက်ထိုးနှံကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီ (၂၅) ရက် ၊ နံနက် (၇)နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်ပေါ်ပါ ခရီးသည် (၂၂)ဦးအနက် အဆိုပါ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ခြင်းဖြစ် သည်။ ဒဏ်ရာရသူ အမျိုးသမီးအား စေတနာမွန်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071