Friday, January 17, 2025

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်များဖြင့် မအူပင်မဒေသခံ (၄၅၅)ဦးကို...

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဒေသခံ ပြည်သူ...

မြိတ်တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ်...

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းများကို ယနေ့ ဇန်နဝါ ရီ(၁၆)ရက်၌ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းအရင်းမြစ်များထံက...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင်...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် အာဆီယံ-တရုတ်စင်တာ(ACC) အထွေထွေအတွင်းရေးမှူးချုပ်တို့ ဆွေးနွေးခဲ့ကြသည်။ ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် ACC အ...

ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ မြန် မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေး...

ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ၊ ယဉ်ကျေးမှုအဖွဲ့များ မြန်မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေးအတွက် လွှတ်တော်၏ နှစ်နိုင်ငံချစ်ကြည်ရေးအဖွဲ့မှ ပံ့ပိုးကူညီပေးရန် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်က တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းမှ ဇန်နဝါရီ ၁၅ ရက်က...
HomeNewsLocal Newsမြန်မာ အပါအဝင် အရှေ့တောင်အာရှနိုင်ငံအားလုံးတွင်...

မြန်မာ အပါအဝင် အရှေ့တောင်အာရှနိုင်ငံအားလုံးတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ၆၇ ရာခိုင်နှုန်းအထိ ကျဆင်း

မြန်မာ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများ အားလုံးတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ၆၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဇူလိုင်လ ဒုတိယပတ်အတွင်း ထုတ်ပြန်သည့် Weekly Epidemiological Update on COVID-19 အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၂) ရက်မှ ဇူလိုင်လ (၉) ရက်အတွင်း တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအသစ် ၇၉၄၀၀၀ ကျော်၊ သေဆုံးသူ ၄၈၀၀ ကျော်ရှိခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံများ အပါအဝင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒေသငါးခုလုံးတွင် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှု အရေအတွက် ကျဆင်းလျက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အာဖရိကဒေသ၌မူ ရောဂါဖြစ်ပွားမှု ကျဆင်းသွားသော်လည်း သေဆုံးမှု အနည်းငယ် တိုးနေသေးကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသေဆုံးနှုန်းအရ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၉)ရက်အထိ တစ်ကမ္ဘာလုံးတွင် အတည်ပြုလူနာပေါင်း ၇၆၇ သန်းကျော်၊ သေဆုံးသူ ၆ ဒသမ ၉ သန်းကျော်ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒေသ ငါးခုလုံးတွင် ရောဂါဖြစ်ပွားမှုအခြေအနေအရ အရှေ့မြေထဲပင်လယ်ဒေသတွင် ၇၇ ရာခိုင်နှုန်း၊ အရှေ့တောင်အာရှဒေသတွင် ၆၇ ရာခိုင်နှုန်း၊ ဥရောပဒေသတွင် ၆၅ ရာခိုင်နှုန်း၊ အမေရိကဒေသတွင် ၄၅ ရာခိုင်နှုန်း၊ အနောက်ပစိဖိတ်ဒေသတွင် ၃၆ ရာခိုင်နှုန်းနှင့် အာဖရိကဒေသတွင် ၃၁ ရာခိုင်နှုန်းရှိပြီး ဒေသအလိုက် ရောဂါဖြစ်နှုန်းများ အသီးသီး ကျဆင်းသွားပြီဖြစ်သည်။

လတ်တလောတွင် မြန်မာနိုင်ငံ၌ တုပ်ကွေးရောဂါအမျိုးမျိုး ဖြစ်ပွားနေခြင်းကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေးထိုးနှံရန် တိုက်တွန်းနှိုးဆော်ထားပြီး ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်မှုနှင့် ပြင်းထန်မှုတို့ကို လျော့နည်းစေနိုင်ခြင်း ( အထူးသဖြင့် နာတာရှည်ရောဂါခံစားနေရသူများနှင့် သက်ကြီးရွယ်အိုများ)၊ ရောဂါ၏ နောက်ဆက်တွဲ ပြဿနာဖြစ်သည့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးမှုမှ အသက်အန္တရာယ်ဆုံးရှုံးမှုဖြစ်သည်အထိ ဖြစ်ပေါ်ခြင်းမှ လျှော့ချနိုင်ကြောင်းလည်း သိရသည်။

ယင်းအတွက်ကြောင့် အသက် ငါးနှစ်နှင့်အထက်ရှိသော ပြည်သူများအားလုံး ကျန်းမာရေးဌာနနှင့်ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး) များကို မဖြစ်မနေ သွားရောက်ထိုးနှံကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်များဖြင့် မအူပင်မဒေသခံ (၄၅၅)ဦးကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဒေသခံ ပြည်သူ (၄၅၅) ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေ ယာဉ် (စကု)တို့ ဇန်နဝါရီ (၁၄)ရက်က ရန်ကုန်မြို့မှ ထွက်ခွာသွားခြင်းဖြစ်သည်။ အဆိုပါ ရေယာဉ်တို့တွင် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့တို့ လိုက်ပါလာပြီး...

မြိတ်တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းပြုလုပ်

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းများကို ယနေ့ ဇန်နဝါ ရီ(၁၆)ရက်၌ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းအရင်းမြစ်များထံက သိရသည်။ အဆိုပါ ပြစ်ဒဏ်ပေးမှုကို မြိတ်တောင်ရပ်ကွက်၊ ဘုရားကိုင်ရပ်လမ်းဆုံတွင် ဆိုင်ကယ်ဦးထုပ်မပါဘဲ မောင်းနှင်လာသူများကို တားဆီး၍ ဦးထုပ်မဆောင်းသည့် ပြစ်ဒဏ်အစား ဆိုင်ကယ်စီး ဦးထုတ်အသစ်တစ်လုံးကို ချက်ခြင်းဝယ်ယူဆောင်းခိုင်းစေသည့် ပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ " ဦးထုပ်ဆောင်းဖို့ အရင်တည်းက အသိပညာပေးတာမျိုးတွေကို ယာဉ်ထိန်းရဲတွေက လုပ်ပါတယ်။ အဓိကဆိုင်ကယ်မောင်းသူတွေ ဦးထုပ်မဆောင်းရင်ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို အသိပညာပေးတာတွေ အခါအားလျှော်ရင် ဆွေးနွေးမှုတွေလုပ်ပါတယ်။ အခုဟာကဗျာ...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန်ဆွေးနွေး

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် အာဆီယံ-တရုတ်စင်တာ(ACC) အထွေထွေအတွင်းရေးမှူးချုပ်တို့ ဆွေးနွေးခဲ့ကြသည်။ ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် ACC အ ထွေထွေအတွင်းရေးမှူးချုပ်တို့သည် ဇန်နဝါရီ ၉ ရက်ညနေပိုင်းက တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ-တရုတ် စင်တာ (ASEAN - China Centre - ACC)၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဥ် တရုတ်-မြန်မာနှစ်နိုင်ငံကြား အကျိုး စီးပွားရရှိစေရေးနှင့် ချစ်ကြည်ရင်းနှီးမှုခိုင်မြဲစေရေး၊ အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ၊ AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍ၊ အပြန်အလှန်ဖလှယ်ရေးကဏ္ဍများတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071