လာအိုနိုင်ငံ၏ လွှတ်တော်ရေးရာကော်မတီ ဒုဥက္ကဋ္ဌနှင့် မြန်မာ-လာအို ချစ်ကြည်ရေးအသင်းတို့ ယနေ့ နံနက်က ဗီးယန်ကျန်းမြို့ လာအိုပြည်သူ့တော်လှန်ရေးပါတီဗဟိုကော်မတီ ၏ ပြည်ပဆက်ဆံရေးကော်မတီရုံး မြေညီထပ်ရှိ ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ကြသည်။
ကော်မတီ ဒုဥက္ကဋ္ဌက လာအို-မြန်မာ ချစ်ကြည်ရေး အနှစ် ၇၀ ရှိလာမှုနှင့် ပိုမိုပူးပေါင်းသွားမည့်ကိစ္စများကို ပြောကြားခဲ့သည်။စီးပွားရေးကဏ္ဍများတွင် ပူးပေါင်းရာတွင် SME များမှ စလိုကြောင်းပြောကြားခဲ့သည်။
မြန်မာ-လာအို ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမောင်ကလည်း နှစ် ၇၀ ကျော်ရင်းနှီးလာသည့် အစဥ်အလာကို နှစ်နိုင်ငံလူငယ်များဖြင့်ပိုမိုမြှင့်တင်သွားမည့်အကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နှစ်နိုင်ငံ နယ်စပ်မှ စကာ တစ်ဖြည်းဖြည်း ပြည်မသို့ ယဉ်ကျေးမှုပါရင်းနှီးသွားကြရန် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
