မန္တလေးနှင့်ဆင်သည်ဟုဆိုကြသောလာအိုနိုင်ငံ၏မြို့တော် ဗီယန်ကျန်း သည် အေးချမ်းလှပြီး သဘာဝဂေဟစနစ်များမပျက်စီးခြင်းတို့ကြောင့် ခရီးသွားများအကြိုက်တွေ့နေခြင်းတို့ဖြင့် သက်ဝင်စည်ကားသောမြို့ဖြစ်သည်။လာအို နိုင်ငံအနေဖြင့်တရုတ်နှင့်ကုန်သွယ်မှုကောင်းခြင်း၊ လျှပ်စစ် ထုတ်လုပ်မှူအားကောင်းခြင်း၊ သတ္တုမိုင်းများ တွင်ကျယ်စွာ လုပ်ဆောင်နေလျှက်ရှိသည်။
မြန်မာ – လာအိုချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌဦးဝင်းမောင်၊ အထွေထွေ အတွင်းရေးမှူး နှင့် အဖွဲ့ဝင် ၆ ဦးတို့သည်ယနေ့မွန်းလွဲပိုင်းက လာအိုနိုင်ငံ ၊ဗီယန်ကျန်းမြို့၊Wattay လေဆိပ်သို့ ရောက်ရှိခဲ့ရာ လာအိုနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးအောင်ကိုl စစ်သံမှူး ဗိုလ်မှူးချုပ်ခင်မောင်စိုး၊Lao People’s Revolutionary Party၊ Committee for External Relations of the Central Committee မှ H.E Bounnhong Boutthavongနှင့် လာအို – မြန်မာချစ်ကြည်ရေးအသင်းအဖွဲ့ဝင်များမှ လာရောက်ကြိုဆိုခဲ့ကြသည်။
နှစ်နိုင်ငံ အကျိုးစီးပွားနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးပွားရေးအတွက် မြန်မာ- လာအို ချစ်ကြည်ရေးအသင်း၏ ၄ရက်တာ ခရီးစဥ် ပထမရက်၌ ထပ်လွမ်စေတီ၊ မယ်တော်ကြီးကျောင်းတို့သို့ သွားရောက်ဖူးမြှော်ခြင်း၊ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုတို့နှင့် ကော်ဖီစျေးကွက်စီးပွားရေး အကြောင်းတို့အား မြန်မာလာအိုချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာကော်ဖီအသင်းနာယက ဦးရဲမြင့်တို့မှ Sinouk ကော်ဖီ၏ တာဝန်ရှိသူများနှင့်ဆွေးနွေးညှိနှိုင်းခဲ့သည်။
ကမ္ဘာကအသိအမှတ်ပြုလာသည့်လာအိုကော်ဖီကို ဘိုလာဗင်ကုန်းပြင်မြင့်တွင်စိုက်ပျိုးကြသည်။၂၀၂၃ ခုနှစ်ကလာအို ကော်ဖီ တင်ပို့မှုသည် ခန့်မှန်းခြေ ဒေါ်လာ ၆၇သန်းခန့် ရှိသည်။ အာရေဘီကာ နှင့် ရိုဘတ်စ်တာ နှစ်မျိုးလုံးထွက်ရှိပြီး အာရေဘီကာကြောင့် လူသိပိုများလာသည်။
