မြန်မာ-ရုရှား- ဘယ်လာရုစ် သုံးနိုင်ငံပူးပေါင်းဖျော်ဖြေတင်ဆက်မှုကို ယနေ့ အောက်တိုဘာ(၁၄)ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းနားကို နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော၊ကော်မရှင် အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး နဲ့ ကော်မရှင် အဖွဲ့ဝင်များပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရုရှား နိုင်ငံ အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဌ ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး၊ မြန်မာ-ရုရှားချစ်ကြည်ရေးအသင်း တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ဘယ်လာရုစ်နိုင်ငံအနုပညာရှင်များ ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန က အနုပညာရှင်ဦးစီးဌာန က အနုပညာရှင်ဝန်ထမ်းများ မြန်မာအသံနှင့်ရုပ်မြင်သံကြားမှာ အနုပညာရှင်ဝန်ထမ်းများ မြန်မာနိုင်ငံဆိုင်ရာရုရှားသံရုံးက ဝန်ထမ်းများက သီချင်းများဖြင့် ဖျော်ဖြေမှုများ တင်ဆက်ခဲ့ကြောင်း သိရသည်။
ဘယ်လာရုစ်ဖျော်ဖြေရေး အဖွဲ့သည့် အောက်တိုဘာ(၅)ရက်နေ့က မြန်မာနိုင်ငံသို့ စတင်ရောက်ရှိခဲ့ပြီး မန္တလေးမြို့တော်ခန်းမ၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်းခန်းမ တွင် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
