မြန်မာ-ရုရှားနှစ်နိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လေကြောင်းခရီးစဉ်များတိုးချဲ့ပြေးဆွဲရန် မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီးများနှင့် ရုရှားနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E.Mr. Andrey Travnikov တို့ နိုဝင်ဘာ ၃ ရက်မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံကြား ခရီးသွားလုပ် ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံလေကြောင်း ခ ရီးစဉ်များတိုးချဲ့ပြေးဆွဲရေး၊ လေကြောင်းလိုင်းများ အ ပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံခရီးသွား ဧည့်သည်များလည်ပတ်နိုင်ရေး၊ ရုရှားနိုင်ငံ၌နှစ်စဉ်ကျင်းပသည့် ခရီးသွားဖိုရမ်နှင့် ခရီးသွားပြပွဲများတွင်စဉ်ဆက်မပြတ် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ နှစ်နိုင် ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုနားလည်မှု စာ ချွန်လွှာပါအချက်များ အကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံအစားအသောက်နှင့်အချက်အပြုတ် ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-ရုရှား ယဉ် ကျေးမှုနှင့် ပြန်ကြားရေးဌာနထူထောင်ရေးနှင့် အ ကောင်အထည်ဖော်ဆောင်ရွက်ရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးရေး၊ နှစ်နိုင်ငံအမျိုးသားစာကြည့် တိုက်များကြား ပူးပေါင်းဆောင်ရွက်မှုသဘောတူစာ ချုပ်လက်မှတ်ရေးထိုးနိုင်ရေး၊ နှစ်နိုင်ငံယဉ်ကျေးမှုနှင့် အနုပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာ ချွန်လွှာအကောင်အထည်ဖော်နိုင်ရေးတို့ကိုလည်း ဆွေး နွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်၊ ဒု-ဝန်ကြီးဦးကိုကိုကျော်၊ ဒေါ်နုမြဇံနှင့် ဦးဖြိုးဇော်စိုး၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်အဖွဲ့များတက်ရောက်ခဲ့ကြသည်။
