ယမန်နေ့ နိုဝင်ဘာ (၂၈)ရက်က ယှဉ်ပြိုင်ကစားခဲ့ကြသည့် အိုမန်-မြန်မာ ပွဲစဉ်အပြီး မြန်မာ ယူ-၁၇ အသင်းခေါင်းဆောင် အောင်သီဟကို အကောင်းဆုံးကစားသမားအဖြစ်သတ်မှတ်ခံရကြောင်း သိရသည်။
အောင်သီဟသည် အာရှဖလား ယူ-၁၇ ခြေစစ်ပွဲစဥ် (၃)ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး (၂) ဂိုး၊ ဂိုးဖန်တီးမှု (၂)ကြိမ်နှင့် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံရခြင်းဖြစ်ပြီး မြန်မာအသင်းမှာလည်း အိုမန်နှင့်ပွဲအပြီး အုပ်စုပထမသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
မြန်မာအသင်းအနေဖြင့် အုပ်စုနောက်ဆုံးပွဲစဥ်အဖြစ် ဆီးရီးယားနှင့် ယှဥ်ပြိုင်ရန်သာ ကျန်ရှိနေပြီး ထပ်မံအနိုင်ရရှိခဲ့မည်ဆိုပါက ပြိုင်ပွဲစည်းမျဥ်းအရ အာရှဖလားခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။
