နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် ဆွေးနွေး
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဦးဆောင်၍ ဒုတိယအကြိမ်ညိနှိုင်းအစည်းအဝေးကို ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာန ၌ အောက်တိုဘာ(၃)ရက်နေ့က လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ကျင်းပရန်ပြင်ဆင်နေမှု နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေး ကာကွယ်ရေးနှင့် လုံခြုံရေး ပညာရေး သိပ္ပံ နှင့်နည်းပညာ ယဉ်ကျေးမှု စသည့် ကဏ္ဍာများ နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
နှစ်နိုင်အကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး ဒေသတွင်း နိုင်ငံရေး ကိစ္စရပ်များနှင့် ပတ်သက်၍လည်း အာဆီယံ၊ ဥရောပ -အာရှစီးပွားရေးသမားဇုန်၊ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ၊BRICS အဖွဲ့တို့နှင့်ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများနှင့်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးမှုကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော် နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(၁) မစ္စတာ ဆာဂေးလူကာရှယ်ဗစ်ချ် တို့ ဦးဆောင်ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။
