နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန်ဆွေးနွေး
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မက်ဆင်ရူဇန်ကော့ဗ်တို့ နိုဝင်ဘာ ၂၇ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ လက်ရှိအချိန်တွင် နှစ်နိုင်ငံကြားကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လာသည်နှင့်အမျှ ရလဒ်ကောင်းများထွက်ပေါ်နေသည့်အခြေအနေများ၊ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရေးအတွက် ပိုမိုနီးကပ်စွာလက်တွဲဖော်ဆောင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
