မြန်မာ့လက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းသည် ဖိလစ်ပိုင် ယူ-၂၃ အသင်းဖြင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင် ဖိလစ်ပိုင်အသင်းက ဦးဆောင်ဂိုး (၁)ဂိုး သွင်းယူထားသည်။
မြန်မာ-ဖိလစ်ပိုင်တို့အသင်းသည် ယနေ့ ညနေ (၅ )နာရီခွဲအချိန်၌ ချင်းမိုင်မြို့ 700th Anniversary Stadium ၌ ယှဉ်ပြိုင်ကစားနေကြခြင်းလည်းဖြစ်သည်။
ဆီးဂိမ်းပြိုင်ပွဲဝင် ယူ-၂၃ အသင်းအတွက် အင်္ဂလန်နိုင်ငံ လက်စတာမြို့ အကယ်ဒမီထွက် ပေါ်တူဂီနိုင်ငံ လာဂို့စ်ကလပ်တွင် ကစားခဲ့သည့် တိုက်စစ်ကစားသမား သူရိန်ထွန်းကို အားဖြည့်ခေါ်ယူထားသကဲ့သို့ ဥက္ကာနိုင်ကိုလည်း ပြန်လည်ခေါ်ယူထားခြင်းဖြစ်သည်။
ဆီးဂိမ်းအမျိုးသား ယူ-၂၃ ဘောလုံးပြိုင် ပွဲ အုပ်စုအဖွင့်ပွဲစဉ်ကို ဒီဇင်ဘာ (၃)ရက်က စတင်ကျင်းပခဲ့ရာ အိမ်ရှင် ထိုင်းအသင်းက တီမောအသင်းကို (၆) ဂိုး(၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရထားပြီး ဗီယက်နမ်အသင်းက လာအိုအသင်းကို (၂)ဂိုး (၁) ဂိုးဖြင့်အနိုင်ရရှိထားသည်။
မြန်မာ့လက်ရွေးစင် ယူ-၂၃အသင်းကို နည်းပြချုပ် ကူရိုဆာကီက တာဝန်ယူကိုင်တွယ်နေခြင်းဖြစ်သည်။
