မြန်မာ-ထိုင်း နှစ်နိုင်ငံ ထူးခြားမှုရှိသော နွေးထွေးသည့်ချစ်ကြည်ရင်းနှီးမှု၊မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးတို့နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ်ချန်အိုချာ(ငြိမ်း)ထံသို့ ပေးပို့သည့်သဝဏ်လွှာ၌ရေးသားပြောဆိုခဲ့သည်။
နစက ဥက္ကဋ္ဌမှ သြဂုတ် ၂၄ ရက်ကကျရောက်သည့် မြန်မာ-ထိုင်းနှစ်နိုင်ငံသံတမန် အဆက်အသွယ်ထူထောင်မှု (၇၅)နှစ်ပြည့်မြောက်သော စိန်ရတုအ ထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ်ချန်အိုချာ(ငြိမ်း)ထံ သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံကြား သံတမန်ဆက်သွယ်မှု (၇၅)နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်သည် မိမိတို့၏ ရှိ ရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့်နှစ်နိုင်ငံကြားနှင့်နိုင်ငံတကာနယ်ပယ်တွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်နိုင်ရေးအတူတကွ လက်တွဲဆောင်ရွက်မည့် ကတိကဝတ်ကို အားသစ်လောင်းရန် အခွင့်အရေးကောင်းတစ် ရပ်ဖြစ်စေသည်ကို မိမိအနေဖြင့်ယုံကြည်သည်ဟု နစက ဥက္ကဋ္ဌ မှရေးသားပြောဆိုခဲ့သည်။
ထို့ပြင် မိမိတို့၏ ထူးခြားမှုရှိသော နွေးထွေးသည့်ချစ်ကြည်ရင်းနှီးမှုနှင့်မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးတို့သည် နှစ်နိုင်ငံဆက်ဆံရေးတွင် ကဏ္ဍသစ်တစ်ရပ်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟုလည်း သဝဏ်လွှာ၌ရေးသားထားသည်။
မိမိတို့၏ စုပေါင်းစွမ်းအားမှတစ်ဆင့် ချစ်ကြည်ရင်းနှီးမှုခိုင်မာစေရေးနှင့်ကုန်သွယ်ရေးနှင့်ရင်းနှီး မြှုပ်နှံမှု၊ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး၊ပြည်သူအချင်းချင်း အပြန်အလှန်ထိတွေ့ဆက်ဆံမှုအပါ အဝင် ကဏ္ဍစုံနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ဖော်ဆောင်သွားနိုင်မည်ကို မိမိအနေဖြင့် အပြည့်အဝယုံကြည်ထားသည်ဟုလည်း နစက ဥက္ကဋ္ဌက ရေးသားပြောဆိုခဲ့သည်။